Friday, December 21, 2007

ကမ္ဘာမြေကြီးကိုမြတ်နိုးပါ

သူငယ်ချင်းတို့ရေ ဒီကဗျာလေးကတော့ (၁၆) နှစ်မလေး တစ်ယောက်ကရေးထားတာပါ။ သူခံစားချက်လေးကို ကျနော့် Blog မှာ မျှဝေပေးလိုက်ပါတယ်နော်………………………..။


ကမ္ဘာမြေကြီးကိုမြတ်နိုးပါ

သဘ၀အလှတရားများနှင့်

ပြည့်စုံးတဲ့ ကမ္ဘာမြေကြီးကို

အဘယ်မည်သူ ဖျက်ဆီးဝံ့

အတ္တ၊ လောဘ အလျှံလူသား

အမှောင်စီးပွား ဒို့အစိုးရများဖြစ်နေမလား….။


ဖွံ့ဖြိုးတိုးတတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ဟိုင်းဝေးဆိုတဲ့ လမ်းမကြီးတွေရယ်

မြို့သစ်ပြသစ် တံတားတွေရယ်

ရေကာတာများတည်ဆောက်ကာ

မြေပေါ် မြေအောက်၊ ရေအောက်မကျန်

သံယံဇာတ၊ ကန့်သတ်မဲ့စွာ

ဖောက်ယူသုံးဆွဲနေတာ

အမှောင်စီးပွားများလား………. တိုးတက်ခြင်းများလား။


လူ့ဂုဏ်သိက္ခာလေးစားခြင်း

ကမ္ဘာကြီးကိုမြတ်နိုးခြင်း

ဟူသောမျက်မှန်ကြီးကို

မတပ်နိုင်သေးတ၍

အကျိုးအမြတ်ဟူသော

အမှောင်ထူကြီးမှာ

သူသူ ငါငါ မျက်ကန်း ဘ၀သို့ရောက်နေလိမ့်မည်......။

Read more »

Tuesday, December 18, 2007

ကြည့်သွားပါဦး

သေဆုံးသွားသော ကရင်နီးအလယ်တန်းကျောင်းသား အိုက်ဦး ဓါတ်ပုံနှင့်
ကရင်နီစခန်းအတွင်းရှိ အုပ်ချုပ်ရေးရုံးသို့ ချီတတ်လာကြသော ကျောင်းသားများနှင့်စခန်းသူစခန်းသားများ၏ပုံပါခင်ဗျား…………………..








Read more »

Sunday, December 16, 2007

ပြောပြချင်လို့ပါ

အိုက်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ယနေ့မနက်တွင် မဲဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီးဒုကသည်စခန်း သူစခန်းသားအချိုနှင့် စခန်းအတွင်းရှိ ကရင်နီကျောင်းသား၊ ကျောင်းသူလူငယ်များဖြစ်သော ကျောင်းအသီသီးမှ ကျောင်သားလူငယ်မောင်မယ်များသည် စခန်းအတွင်းရှိ အုပ်ချုပ်ရေးရုံးရှေ့တွင် ကြွေးကြော်သံများနှင့်အတူ ဆန္ဒပြခဲ့ကြပါသည်။ သေဆုံးသူ အိုက်ဦးမှာ စခန်းအတွင်ရှိ အ. လ. က (၂) တွင်ကျောင်းတတ်နေသော ကျောင်းသား တဦးဖြစ်ပါသည်၊ ထိုကြွေးကြော်သံများမှာ --

(၁) စခန်းအတွင်း (အော့ဆော်) မရှိရေးနှင့် ထိုင်းအာဏာပိုင်များစခန်းကို တိုက်ရိုက်မအုပ်ချုပ်ရေး

(၂) ဆုံးရှုံးနေသည့် ဒုကသည်အခွင့်အရေးများ ပြန်လည်ရရှိရေး

(၃) သေဆုံးသွားသော ကျောင်းသားအား ထိုင်းအာဏာပိုင်များမှ တာဝန်ယူ တဂြိင်္ုလ်ပေးရေး (သို့မဟုတ်) အလောင်းမပျောက်ပျက်ရန် စခန်းအုပ်ချုပ်ရေးမှာတာဝန်ယူပေးရေး

(၄) ပြစ်မှုကျူးလွန်သော ထိုင်း(အော့ဆော်အား) ထိုင်းဥပဒေအရ အရေးယူပေးရေး

စသည်တို့ဖြစ်ပါသည်။ ယခုအချိန်ထိမည်သည့် အဖွဲ့မှ စခန်းအတွင်းသို့ဝင်ခွင့်မပေးသေးကြောင်းသိရပါသည်။

အချက်အလက်ပေးပို့သူမှာ စခန်းအတွင်းတွင်နေထိုင်သော ကျတော့်သူငယ်ချင်းမှ တယ်လီဖုန်းဖြင့် ပြောပြထား ခြင်းဖြစ်ပါသည်။


စာလုံးပေါင်းမှားယွင်းမှုကိုသည်းခံပေးပါဗျား။ ဇော်ဂျီဖောင့် ကောင်းမွန်စွာမရိုက်တတ်သေးလို့ပါဗျား…..။


Read more »

ပြောပြချင်လို့ပါ

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုကသည်စခန်းတွင် မနေ့က (အော့ဆော်) စခန်း အတွင်းလုံခြုံးရေးယူ ထားသည့်တပ်များနှင့် လူငယ်များမသင့်မသင့်ဖြစ်ကြရာမှ ကရင်နီးရွာသား လူးငယ်တဦး သေဆုံးသွား ကြောင်း သိရှိရပါတယ်၊၊ သေဆုံးသူအမည်မှာ အိုက်ဦးဖြစ်ပါတယ်။ စခန်းအတွင်းရှိ ကျတော့်သူငယ်ချင်းတစ်ဦး ကျတော့်ကိုအခုလိုပြောပြထားပါတယ်။

“ကရင်နီဒုကသည်စခန်းအထဲမှာ ကျောင်းပွဲတော်ကျင်းပပြုလုပ်နေကြတယ်လေ ။ အဲ့ဒီကျောင်း သားပွဲတော်ကို သွားလည်တဲ့ ရွားသားနှစ်ယောက်ကို (အော့ဆော် ) စခန်းမှာလုံခြုံရေးယူ ထားတဲ့ ထိုင်းနယ်ကြားစောင့်တပ်ပေါ့နော် လူမှားပြီးအဲ့ဒီရွာသားနှစ်ယောက်ကိုထိုးကြိတ်ကြ တယ်။ထိုးလိုက်တာ ဒဏ်ရာ တော်တော် များများရသွား တယ်လေ။ အဲ့ဒါကြောင့်မလို့ စခန်းအတွင်းမှာရှိတဲ့ လူငယ်တွေရယ်၊ အချိုလူကြီး တွေရယ် စုစုပေါင်း အယောက် (၃၀၀) ရာ လောက်ရှိတယ်၊ အဲ့ဒီအော့ဆော် စခန်းဂိတ်ကိုသွားပြီး ပြောဆိုရာမှ မသင့်မသင့်ဖြစ်ကြ တော့အခုလိုဖြစ် ကုန်တာပဲ။ ရွာသားတစ်ယောက်တော့သေသွားတယ်။ အဲ့ဒီ အော့ဆော်စခန်း ဂိတ်မှာရှိတဲ့ အော့်ဆော်အိမ် သေးသေးလေတွေကိုလည် လူငယ်တွေက ဖျက်ဆီး လိုက်တယ်။ မကသေးပါဘူး အရင်တုန်းကလည်း သူတို့တပ်တွေ လူအခွင့်အရေးချိုးဖောက်တာအများကြီး ရှိတယ်လေ။ အဲ့ဒါ ကြေင့်မလို့အခုမခံနိုင်တဲ့သူတွေ အခုလို ဖြစ်ကုန်တော့တာပဲ။”

အခုလက်ရှိ စခန်းအတွင်းမည်သူတဦး တယောက်မျှဝင်ခွင်မပေးတော့ကြောင်းသိရပါ တယ်။ နောက်မညသည့် NGO အဖွဲ့အစည်းကိုမှဝင်ခွင်မပေးထားကြောင်းကိုလည်းကျတော့်သူငယ်ချင်း မှ ဆက်ပြောပြ ပြထားပါတယ်။

“ဘယ်အဖွဲ့အစည်းကိုမှလည်းပေးမ၀င်တော့ဘူလေ… ဒီမနက်တော့ရဲကားတွေဝင်သွားတာ တော့တွေ့ လိုက်ရတယ်။ နောက် အော့ဆော်အချို့လည်းထွက်ပြေးနေတုန်းပဲလေ ။ အဲ့ဒါအခုထိုင်းစစ် တပ်တွေက ၀င်ပြီးလုံခြုံရေးယူပေးနေတယ်လေ….. ကျနော့်အမြင့်တော့ အခုဖြစ်သွားတဲ့အခင်းမှာလေ ဒီစခန်းအတွင် မှရှိတဲ့ သူတွေက မခံနိုင်တော့လို့ ထပေါက်ကွဲ လိုက်တယ်လို့ဘဲထင်တယ်။ ကရင်နီဒုကသည့် စခန်းအတွင်းမှနေထိုင်တဲ့ ကျတော့်သူငယ်ချင်း တယောက်က ဖုန်းဆက်ပြီးကျတော့်ကိုပြောပြာထားတာပါ။

ဘလော့ခ်မှာရှိတဲ့သူငယ်ချင်းတွေကို သိစေချင်လို့ ဒီစာပိုဒ်လေးကို တင်ပြခြင်းဖြစ်ပါတယ်။ နောက် ဆက်ဖြစ်မဲ့အခြေအနေကိုလည်း ကျနော်သိရရင် ထပ်တင်ပါအုန်းမယ်။

Read more »

Tuesday, December 11, 2007

ပန်းရနံ့ဆိုး ရနံ့သိုးသို့

ပန်းပွင့်စချိန် အမြဲလန်းဆန်း

ရောက်တိုင်း မျက်မြင်

ခူးချင်သော်လည်း

မမှီတဲ့ပန်း…..

ပန်းဝါနုလည်း

ရွက်နုကြွေမှ ခူးရလိမ့်မယ်…….။

လောကတခွင်

ပန်းမျိုးအစုံ လိုရာသုံးဖြုန်း

ကိုလိုရာဆင် ပန်းမျိုးမတူ

အဆင်းလှ အချို့ပန်း

လန်းဆန်းပွင့်ဝေ ရနံ့ထုံသင်း

အဆင်းလှ အပြင်းစားရနံ့ဆိုး

အချိုးအစားမှာ ပါပါတယ်…….။

Read more »

ဘ၀ထဲက ဘ၀တွေပါ......။


ဆက်ကြည့်လိုပါက အောက်မှာရှိတဲ့ “ ဆက်ဖက်လိုပါက” ကို နှိပ်နိုင်ပါသည်။









Read more »

Sunday, December 9, 2007

ဖက်ကြည့်ပါ။

Read more »

သူသိပါစေ

အချစ်မဲ့ လူသား….

အသိနက်တဲ့ ပုစ္ဆာ အချစ်ဆိုတဲ့အရာမှာ

အပြစ်ဖွဲ့စရာမပါတဲ့ ရသမြောက်အလကာင်္

သူ့…….. ဆီမှာလျှံပယ်စွာတောက်ပနေတယ်………။

သိပ်ချစ်မိတယ်လို့ မပြောပေမဲ့

ရင်ထဲမှာခံစားရတဲ့ ဝေဒနာသူသိမှာပါ

သူ့ရင်ထဲကစကား ငါကြားသိပါရဲ့

ဒါပေမဲ့ ………. ငါ့ဆီမှာရှိနေတဲ့ဝေဒနာ

သူ့…….. အတွက်ဖြေစရာ ကဗျာပေါ့…………

သူ့ရဲ့ဝေဒနာဟာ……

ငါ့ရင်ထဲမှာ မီးပွက်ပမာ ဖြေစရာမဲ့ပါရောလား………….။

ပိုင်ဆိုင်သူရှိရဲ့

ငါဘာလို့ပြိုင်ချင်တာလဲ

အနိုင်ယူဖို့လည်းမဟုတ် ၊ ပြိုင်ဖို့လည်းမမြင်

ငါဟာမင်းကို ထာဝရ နားလည်ပေးနေသူပါကွာ………………။

Read more »

Saturday, December 8, 2007

သီချင်းဟောင်းလေးနားထောင်ရအောင်

ရေစီးကြောင်းသံယောဇဉ်




အားနာလိုက်တာ

Read more »

ပုံလေးတွေပါ..........။


Read more »

Thursday, December 6, 2007

ရင်ထဲကဆောင်း

ရင်ထဲကဆောင်း

ရင်မှာထာဝရအတွက်

တခါက ကုန်လွန်သွားတဲ့ ဆောင်းပေါ့……..၊၊

ဆောင်းရောက်လို့

နှင်းကြွေချိန်မှာ

နှင်းတောကိုဖြတ်ပြီး

သူ……… ခြေရာဖျောက်ခဲ့တယ်………

ဆောင်းလေအေးလည်း တိုက်ခတ်လို့ပေါ့……….၊၊

အေးချမ်းလှတဲ့ ထိုဆောင်းလေးမှာ

ရင်မှာ အအေး ပင့်သက်တွေ

ပျက်ကြွေသွားခဲ့ဖူးတယ်…………

မဆုံနိုင်တော့မှန်းသိလျှက်နဲ့

နှလုံးသားက နာကျင်စွာတမ်းတဆဲပါ………၊၊

အိပ်မက်တွေလို လွင့်ပြယ်လို့

ပင့်သက်တွေခြွေခဲ့ရတဲ့

ထိုဆောင်းလေးကို

ရင်မှာ ထာဝရအတွက်

သိမ်းဆည်းလိုက်ပါ့မယ်………….၊၊

Read more »

Monday, December 3, 2007

Mental Feng Shui

ONE. Give people more than they expect and do it cheerfully.

TWO. Marry a man/woman you love to talk to. As you get older, their conversational skills will be as important as any other.

THREE. Don't believe all you hear, spend
all you have or sleep all you want.

FOUR. When you say, 'I love you,' mean it.

FIVE. When you say, 'I'm sorry,' look the person in the eye.

SIX. Be engaged at least six months before you get married.

SEVEN. Believe in love at first sight.

EIGHT. Never laugh at anyone's dreams. People who don't have dreams don't have much.

NINE. Love deeply and passionately. You might get hurt but it's the only way to live life completely.

TEN.. In disagreements, fight fairly. No name calling.

ELEVEN. Don't judge people by their relatives.

TWELVE. Talk slowly but think quickly.

THIRTEEN! When someone asks you a question you don't want to answer, smile and ask, 'Why do you want to know?'

FOURTEEN. Remember that great love and great achievements involve great risk.

FIFTEEN. Say 'bless you' when you hear someone sneeze.

SIXTEEN. When you lose, don't lose the lesson.

SEVENTEEN. Remember the three R's: Respect for self; Respect for others; and Responsibility for all your actions.

EIGHTEEN. Don't let a little dispute injure a great friendship.

NINETEEN. When you realize you've made a mistake, take immediate steps to correct it.

TWENTY. Smile when picking up the phone. The caller will hear it in your voice.

TWENTY- ONE. Spend some time alone.

Now, here's the FUN part!
Send this to at least 5 people and your life will improve.

1-4 people: Your life will improve slightly.

5-9 people: Your life will improve to your liking.

9-14 people: You will have at least 5 surprises in the next 3 weeks

15 and above: Your life will improve drastically and everything you ever dreamed of will begin to take shape.

A true friend is someone who reaches for your hand and touches your heart.

Please send this message along to those you care the most about



ဒီစာပိုဒ်လေးတွေကို ကျတော့် Email မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
Read more »

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.