Sunday, June 8, 2008

သူငယ်ချင်းတို့ရေမင်္ဂလာပါဗျား……. ကျတော်ဘလောခ့်ကိုမလှည့်ကြည့်ဖြစ်တာကြားသွားတယ်….. ဟိုဟိုဒီဒီလုပ်ရင်းနဲ့ပဲ ဘလောခ့်ဘက်ကိုမလည့်ဖြစ်တာပါ…… အခုကျနော်သွားရင်းလာရင် ရေးဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတခုကို တင်းပေးထားပါတယ်……. စိတ်ဝင်စားသူမှန်သမျှဖက်လို့ရပါတယ်….. တင်မယ်လို့လုပ်ထားတာ အတော်ကြာသွားပါပြီအခုမှပဲတင်ဖြစ်တော့တယ်……… နာဂစ်ကလည်း “ကိုက်” သွားတော့ အလုပ်နည်းနည်းရူပ်သွားတယ်လေ……. ဘလောခ့်ကိုအလည်လာတဲ့သူတိုင်းကို ကျနော်ကျေးတင်းပါကြောင်း…… ကယ် ပထမအပိုင်း(၁) လေးကိုဖက်နိုင်ပါတယ်နော်….. စိတ်ဝင်စားမယ်ဆိုရင်ပေါ့……. သူငယ်ချင်းများအားလုံးကျန်းမာ ကြပါစေ………။




အပိုင်း (၁)


“ပှုလိုက်တဲ့နေဗျာ….. နေ့ပှုညပှုနဲ့ အပှုသည်ဖြစ်နေပြီ ကိုအရာရာရေ”…… ရေသောက်ရင်းလှမ်းအော်ပြောလိုက် တဲ့ သူငယ်ချင်း စောနေကိုလှမ်းကြည့်ရင်း ပြုံးပြလိုက်မိသည်။
“အေးကွာ…. ပူလိုက်တာဘာလုပ်ရရင်ကောင်းမလဲလို့….”
ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ ကိုခင်မောင်က လှမ်းပြီးပြောလိုက်တဲ့အသံကိုလည်းကြားရပြန်တယ်…..။ နွေရာသီမှန်းသိပါတယ်၊ ဒါပေမဲ့ ပူအိုက်ခြင်း ကတော့ တော်တော့ကိုလွန်လွန်းတယ်လို့ထင်မိတယ်…….။ လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပေါ့ဗျာ…….၊နွေရာသီဆိုတော့အလုပ်လည်းသိပ် မလုပ်ချင်၊ ဟိုသင်တန်း ဒီသင်တန်းလည်းလျှောက် မတက်ချင်တော့ အိမ်မှာပဲ ဟိုလုပ်ဒီလုပ်နဲ့ အချိန်တွေက တရက်ပြီးတရက်ကုန်သွားတာပဲလေ…… ထိုင်းနိုင်ငံ ကိုအလည်လာတာ မှားပြီလို့ စိတ်ထဲမှာလည်းတွေးနေမိတယ်…….ကိုယ့်နိုင်ငံမှာဆိုဒီလောက် ပူမှာမဟုတ်ဘူးလို့ စိတ်ထဲမှာတိုးတိုးလေးပြောမိ နေပြန်ရော….။
နေကလည်းအရှိန်ပြင်းနေတော့ အပြင်မထွက်ချင်ဘူး ဒါနဲ့ကျွန်တော်က ……….


“ကိုစောနေ ရေ ကျွန်တော်တို့ ၅ နာရီလောက်ကျရင် အပြင်ထွက်လည်ရအောင်ကွာ” လို့ပြောတော့ သူက “အေးကောင်းတယ်” ဆိုပြီး သူ့နေတဲ့ ဟိုတယ်ကို ပြန်သွားတော့တယ်…… စောနေ၊ ခင်မောင် ဆိုတာက ကျွန်တော့်ရဲ့အတန်းဖော်တွေလေ၊ ငယ်ငယ်လေးကတည်းက အတူ သွားအတူလာဆိုတော့ ပြောမနာ ဆိုမနာ တွေဆိုရင်လည်းမမှားပါဘူး…….။ ကျွန်တော်လည်း ကျွန်တော်အခန်းကို ပြန်ပြီး တရေးတမောအိပ်မယ်ပေါ့….. အခန်းထဲတောင်မ၀င်ရသေးဘူး အိုက်လိုက်တာဗျာ……. ဒါနဲ့ကျွန်တော် အောက်ထပ်ကို ဆင်းပြီး အိမ်ရှင်ကိုမေးတယ် ဒီမှာအိပ်လို့ရမလားပေါ့……၊ သူမက အင်း အိပ်လို့ရတယ် မောင်လေး ပြောတော့ အိုကေသွားတာ ပေါ့ဗျာ…. အိမ်ရှင်ဆိုတာက ယိုးဒယားမ မဟုတ်ဘူးနော်….. ယိုးဒယားမှာနေတာကြာတော့ ယိုးဒယားမလေးဖြစ်သွား တာလေ.၊ …. အောက်ထပ်ကနည်းနည်းအေးတော့ အိပ်ပျော်သွားတာပဲ …… နိုးလာတော့ တီဗွီရှေ့မှ ကိုစောနေ နဲ့ ခင်မောင် ရောက်နေပြီလေ….. စောနေက
“မင်းကွာဒီလောက်တောင် အိပ်တာ တခါ မှ “၀”လာတယ်လို့ကိုမရှိဘူး…”.
အင်းသူပြောလည်းပြောချင်စရာ ကျွန်တော်က ၀မှမ၀ဘဲကို……။ ဒါနဲ့ကျွန်တော် လည်းရေ ချိုး ….. ချိုးပြီးတာနဲ့ အပြင်ကိုသွားလည်တာပေါ့ ……. ချင်းမိုင်ကထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဆိုတော် ဆိုတော့ လည်ရ တာအဆင်ပြေတယ်ဗျာ…… လည်လိုက်တာနည်းနည်းများသွားတယ် ထင်တယ် ဗိုက်ကဆာတော့ ထခုခုစားချင်လို့ ကျွန်တော်တို့ကိုလိုက်ပို့တဲ့ ကားဆရာကိုနားညီးအောင်လျှောက်ပြောနေတာပေါ့…. အိုကေ! ဟို့ဘက်မှာ စားကောင်းတဲ့ဆိုင်ရှိတယ်တဲ့ ….. ကားဆရာဆို တာအခြားသူမဟုတ်ဘူးနော် ခုနကအိမ်ရှင်ရဲ့ အချစ်တော်လေးပါ……။ ဆိုင်ရှေ့ရောက်တော့ ကျွန်တော်က ကားပ်ါက ဆင်းပြီးဟိုကြည့်ဒီကြည့်လုပ်နေတုန်း ဘယ်ကကောင်မလေး တယောက်လည်းမသိဘူး ကျွန်တော့်ကိုဝင်တိုက်မိရော…. ဒါနဲ့သူလက်ထဲမှာကိုင်ထားတဲ့ စာအုပ်ကအောက်ကျသွား တယ်လေ….ဇာတ်လမ်းကတော့ ရုပ်ရှင်ထဲကလို စပြီထင်ပါရဲ့ ကျွန်တော်ကလည်း စာအုပ်ကို ကောက်ပြီး ပြန်ပေး လိုက်တာပေါ့……ဒါနဲ့ကျွန်တော်လည်း ကိုယ်မဟုတ်သလိုနဲ့ခပ်တည်တည် ဆိုင်ထဲဝင်သွားတော့ သူမလည်းဆိုင်ထဲလိုက် ၀င်လာတယ်…… ဘေးက သူငယ်ချင်း နှစ်ယောက်က ၀ိုင်းပြီး ပြောတာပေါ့ ……..
“ဟေ့ အရာရာ မင်းအဲ့ဒီကောင်မလေးနဲ့သွားစကားပြောပါလား ဒီမှာရောက်တုန်းရောက်ခိုက်မိတ်ဖြစ် ဆွေဖြစ် ပေါ”့………။
အင်း…ဒင်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ မိန်းကလေးမြင်တာနဲ့မိတ်ဆွေဖြစ်ချင်တာ ကမ္ဘာဦးစကတည်းက ယောင်္ကျားလေးတွေရဲ့သဘာဝပဲလေ…. ကျွန်တော်ဘာသိဘာသာနေရင်လည်း သူတို့ကကျွန်တော့်ကိုအထင်သေး သလိုလို၊ ဘာလိုလိုနဲ့။…. ဒီတော့ …ဆိုတော့ကာ… ဒီလိုနဲ့……..
ထိုင်းစကားလည်းမပြောတတ်။ အင်း ခက်တော့ခက်နေပြန်ပါပြီ။ ဒါနဲ့ပဲ အဲ့ဒီကောင်မလေး ထိုင်တဲ့ထိုင်ခုံရှေ့မှာ သွားပြီး “ဟိုင်း”လို့နှုတ်ဆက်လိုက်တာပေါ့ သူကလည်းပြန် “ဟိုင်း” လုပ်တာပေါ့………(သူမကလည်း ကျနော့ကို ပေါ်တင်ကြီးပါလားလို့စိတ်ထဲမှာ တွေးနေမိမှာပါ)…… ဘယ်ကလာလည်တာလဲလို့ ကျွန်တော့်ကို(မကောင်းတတ်လို့  ထင်ပါတယ်) မေးရှာတယ်လေ………
“ကျွန်တော် မြန်မာနိုင်ငံ ကပါ”…
သူကလည်း မြန်မာနိုင်ငံကလာတာပါတဲ့…. ဒီချင်းမိုင်မှာ ကျောင်းလာတက်တာတဲ့ ပြန်ပြောတယ်…. ဒါနဲ့ ကောင်မလေးမှာ သံလိုက်ဓါတ်များပါသလားမသိဘူး။ကောင်မလေးရဲ့စားပွဲဝိုင်းထဲ ကျွန်တော့်သူငယ်ချင်းတွေပါ အလျှိုလျှို ရောက်လာကြ ရင်း ကျွန်တော်တို့ တ၀ိုင်းထဲထိုင်ဖြစ်ရော……..လ၀ကလို ဟိုလျှောက်မေးဒီလျှောက်မေးနဲ့ပဲ စောနေက “ညီမဒီကိုရောက်တာကြာပြီလား”
“အင်း ရောက်တာကြာပြီ (၁၃) နှစ်အရွယ်ကတည်းက”…….. ဒီလိုနဲ့ကျွန်တော်တို့လည်းဟိုပြောဒီပြော အလာဘ..သလာဘ ပေါ့ဗျာ…. သူမက အကိုတို့ ကျွန်မကျောင်းကိုပြန်တော့မယ်တဲ့…….. ပြောရင်းသူမ “ထ” လိုက်တယ် ဒါနဲ့ကျွန်တော်က နောက်သလိုလိုပြော လိုက်တာပေါ့ ညီမတို့ကျောင်းကိုလာလည်လို့ရလားမေးလိုက်တော့ ရတယ်အကို….. ည (၈) နာရီအထိလာလည်လို့ရ တယ်။ ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့လာလည်လို့ရတယ်လေ..တဲ့။ သူမပြုံးပြုံးလေး ပြောပြီးထွက်သွားလိုက်တယ်………
သူမ နာမည်က ( ဟယ်ရီလင်း) …။
ညနေ (၆) နာရီကျော်ကျော်လောက်မှာ သူမကကျွန်တော့်ကိုဖုန်းဆက်လာ တယ်
“မလာလည်ဘူးလား အကို”…. တဲ့။ ညနေခင်းတုန်းကစကားပြောရင်း ဖုန်းနံပါတ်ပေးလိုက်မိတာကိုး (နုံတယ်နော်)… ဒါနဲ့……
“လာလည်ချင်ပါတယ် ညီမရယ်…. ဒါပေမယ့် ညီမက ဘယ်မှာနေတာမှန်းအကိုမှမသိတာ…..” သူမကသူမနေတဲ့လိပ်စာကိုပြောပြရှာပါတယ် … ကျွန်တော်ကလည်း မှတ်ထားပြီးတော့ အိမ်ရှင်အစ်ကိုမေးတော့ အိမ်ရှင်အမက “အော်အဲ့ဒီကျောင်းလား အမတို့အိမ်ရဲ့ အနောက်လမ်းဖက်မှာရှိတယ်လေ မဝေးဘူး…. ဘာဖြစ်လို့လဲ” …… ဒါနဲ့နေ့လည်ကအကြောင်းကိုပြောပြတော့ ….. အိမ်ရှင် အမက သွားတာတော့ ဟုတ်ပါတယ်မောင်လေး… အဲ့ဒီကျောင်းက ဒီယိုဒယားမှာရှိနေတဲ့ နိုင်ငံရေးအတိုင်းအ၀ိုင်းနဲ့ စပ်နွယ်နေတယ် …. သွားချင်ရင်တော့ လိုက်ပို့ပေးလို့ရတယ်”…..
စိတ်ထဲမှာတော့ နည်းနည်းကြောက်တာပေါ့ဗျာ(တကယ်ဘုရားစူးပါဗျာ)……. ကျွန်တော်တို့ နိုင်ငံက နိုင်ငံရေးလုပ်ရင် ထောင်နူတ်ခမ်းကိုကစောင့်နေတာကိုး…… နည်းနည်းပဲစဉ်းစားလိုက်ပါတယ်
“အစ်မ ကျွန်တော်သွားချင်တယ်”
“မောင်လေးတယောက်တည်းပဲလား စောနေနဲ့ခင်မောင်ကော မလိုက်ဘူးလား”
“သူတို့နှစ်ယောက်က မလိုက်ဘူးအစ်မရေ ပြန်ရင်ထောင်ထဲကိုရောက်နေဦးမယ်တဲ့”…….. ဒါနဲ့အဲ့ဒီကျောင်းကို ရောက်သွားတယ် သူမက ကျွန်တော့်ကို ခြံရှေ့မှာစောင့်နေတာတွေ့လိုက်ရတော့ စိတ်နည်းနည်း အေးသွားတာပေါ့… မဟုတ်ရင် ခြံထဲဘယ်လိုဝင် ရမလဲဆိုတာသိမှမသိပဲကို….။
ကျွန်တော်လည်းဆိုင်ကယ်ပေါ်ကနေဆင်းလိုက်တော့ လိုက်ပို့တဲ့ အစ်မက ပြန်လာချင်တယ်ဆိုရင် ဖုံးဆက်ခေါ်လိုက် လို့ ပြောပြီးပြန်သွားတယ် ……ကျွှန်တော်လဲ သူမနဲ့အတူ ကျောင်းဝန်းထဲကိုလိုက်သွားတာပေါ့…. သူမက ကျွန်တော့်ကို မေးတယ် စောစောကအစ်မက ဒီကအကိုရဲ့ အစ်မလား လို့မေးတော့ တော်စပ်ပုံကိုပြောပြရတာပေါ့ …. အစ်မတ၀မ်းကွဲလို့ ပြောလိုက်တယ်လေ…… ….။
“ ခြံထဲကလူတွေ ဘာတွေလုပ်နေတာလဲ ….ညီမ….”.
“အော် ဒီည ညီမတို့ကျောင်းမှာ ပါတီပွဲရှိတယ်လေ” ……… ဒါနဲ့လမ်းလျှောက်ရင်း သူမကပြောတယ်။
“လူတွေဆူညံ နေတာပဲ… ဟိုဘက် ထိုင်ခုံမှာ စကားပြောရအောင်နော် အကို” …..
သူမကို ကြည့်ရတာ ခပ်အေးအေးနေတတ်ပုံရတယ်….. ဒါနဲ့ သူမနဲ့ကျွန်တော် အအေးသောက်ရင်း၊ စကားပြောရင်းနဲ့ အရှိန်မြင့်သွားတယ်ထင်ပါတယ်…… သူမကျွန်တော့်ကိုသိချင် တာတွေမေးတော့တာပဲ……. စုံနေတာပဲဗျာ….. အခုလုပ်မဲ့လူထုဆန္ဒခံယူပွဲကို ဘယ်လိုမြင်လဲ ယုံကြည်မှုရောရှိရဲ့လား အစရှိသည်ဖြစ်ပေါ့ဗျာ…….. ကျွန်တော်လည်း ကျွန်တော်စိတ်ထဲမှာရှိတာတွေကို ပြောလိုက်တာပေါ့……. သူမ သိချင်တာတွေကုန်သွားပြီနဲ့တူပါတယ် သူမထံမှဘာမှဆက်ပြီးမေးတဲ့အသံမထွက်လာတော့ အင်း…… သူမသိချင်တာတွေကိုတော့ ကျွန်တော်ကို မေးပြီးပြီ။ ကျွန်တော်သိချင်တာလေးတွေကိုတော့သူမကိုမေးသင့်၊မမေးသင့်စဉ်းစားနေတုန်း……….ပါးစပ်က
“ညီမဒီကိုဘယ်လိုရောက်လာလဲ” လို့ ထွက်သွားရော…..
“အော်…အကိုရယ်… ပြောရရင်တော့ အရှည်ကြီးပဲ….. ညီမ ဘယ်ကနေစပြောရမလဲတောင် မသိဘူး”…… ဒါနဲ့ကျွန်တော်က ဆက်မေးဖို့လုပ်တုန်း သူမသူငယ်ချင်းတွေ သူမအနား ရောက်လာတော့ ကျွန်တော်ဆက်မမေးဖြစ် လိုက်ပါဘူး….၊ သူမသူငယ်ချင်းက သူမကို မေးလိုက်တဲ့ မေးခွန်းကိုကျွန်တော့်နားထဲ မှာကြားလိုက်တာနဲ့စိတ်ဝင်တစား ဖြစ်သွားမိပါတယ် ၊
“ ဟဲ့ သယ်ရင်နင်မပြန်ဘူးလား ပြန်မယ်ဆိုရင် နင့်နာမည်ငါထည့်ထား လိုက်မယ်” တဲ့ …..
ဘယ်ကိုပြန်မှာလဲ ကျွန်တော်မသိရသေးပါ…….၊
“ အင်း ပြန်မယ်”
“အေး ငါထည့်ထားလိုက်ပြီနော်……”စကားမဆုံးသေးဘူး သူမသူငယ်ချင်းက ( မိန်းကလေးသဘာဝနဲ့  တူ ပါ တယ်) ထပ်မေးလိုက်တာက
“ဒီကအစ်ကိုက ဘယ်ကလဲ မိတ်ဆက်ပေးအုံးလေ”…
….အဲ့လိုသူမသူငယ်ချင်းကမေးတော့ သူမကကျွန်တော်နဲ့ဘယ်လို သိခဲ့ကြတာလဲဆိုတာကို ပြောပြတာပေါ့ …… သူမသူငယ်ချင်းလည်း ကျွန်တော့်ကို “အရာရာ” လို့လည်းသိရော စပ်စုတော့တာပဲ….. ဘာလို့ နာမည်ကို အရာရာလို့ခေါ်တာလဲ ……. ဟား…..! ဒီမေးခွန်းကရောက်လေရာနေရာတိုင်းမှာ ဖြေနေရတာပဲလေ အမြဲတမ်းလိုလိုပဲ….။ “မသိပါဘူးဗျာ ကျွန်တော် မိဘကအဲ့လိုပေးထားတော့ နာမည်က “အရာရာ” ဖြစ်သွားတာပဲ….. ဟားဟားဟားဟား”…. ။ ဒါနဲ့ ကျွန်တော် က ကျွန်တော်သိချင် တဲ့အကြောင်းကို သူမကိုမေးမိလိုက်တော့…….. သူမက ….အော်…. ညီမစခန်းထဲကိုပြန်မလို့ပါ…… စခန်းဆိုတဲ့စကာားလုံးကြားတော့… ကျွန်တော်ပိုပြီးစိတ်ဝင်သွားတယ်လေ …… ညီမ စခန်းဆိုတာဘာကိုပြောတာ လဲ လို့ ထပ်မေးတော့……. ဒုက္ခသည်စခန်းကိုပြောတာပါအကို……… သူမကကျွန်တော်ကို စကားမစပ် မေးလိုက်တာက အကို “နိုင်ငံရေးကိုစိတ်ဝင်စားလား” အဲ့ဒီမေးခွန်းက ကျွန်တော့ကို့ အတော်ကြီးဖြေရခက်စေတော့တာပဲ …….၊ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်မှ နိုင်ငံရေးအကြောင်းကိုမသိတာ…… ဒါနဲ့ကျွန်တော်က ညီမရေ နိုင်ငံရေးဆိုတာဘာလဲ မသိဘူးလို့ပြန် ဖြေလိုက်တော့….. သူမက ကျွန်တော့်ကို ကိုယ့်နိုင်ငံရဲ့ အကြောင်းကို အကိုသိသင့်တယ်နော် …….။
ကျွန်တော်ကလည်း သူဘာကြောင်. ဒီလိုကျွန်တော့်ကိုမေးရတာလဲဆိုတာကို သိချင်တော့ သူမကို ညီမရော နိုင်ငံရေးကို စိတ်ဝင်စားလား…….. ကျွန်တော့်မေးခွန်းအဆုံး သူမကပြုံးပြုံးလေးနဲ့ အခုလိုကျွန်တော်ကို စိတ်ရှည် ရှည်နဲ့ပြောပြတော့တာပဲ…….။ ….. “ နိုင်ငံရေးဆိုတဲ့ ဆိုလိုရင်းကိုကောင်းကောင်းမသိပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတယ် အကို….. ဘာဖြစ်လို့လည်း ဆိုတော့ အကိုပဲ စဉ်းစားကြည့်လေ ….. ကျွန်မစိတ်ဝင်စားသင့်လားမသင့်ဘူးလားဆိုတာ…. အကိုစဉ်းစားကြည့်ပေါ့တဲ့
ကျွန်မ ရန်ကုန်ကနေ ဒီထိုင်းနိုင်ငံနယ်စပ်ကို ရောက်တာ (၇) နှစ်လောက်ရှိပြီ ၊ ဘာဖြစ်လို့ရောက်လာတာလဲ ဆိုရင် ၁၉၉၉ ခုနှစ် မှာကျမတို့ဒုက္ခလှလှလေး တွေ့ခဲ့ရတယ်……

0 comments:

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.