Friday, May 16, 2008

အခုတလော မြန်မာပြည်ရဲ့ပြည်တွင်းသတင်းတွေ မီဒီယာတိုင်းလိုလိုမှာ တွေ့နေရတယ်……။ နောက်….ဖက်တဲ့သတင်းတိုင်းဟာလည်း နှလုံးရောဂါရှိရင် တခါတည်းမေ့လဲသွား မလား မသိလောက်အောင်ပါပဲဗျား…….. ။ မုန်တိုင်းတိုက်သွားတာ ဒီနေ့နဲ့ဆိုရင် (၂) ပတ်ပြည့်တော့မယ်…… ကယ်ဆယ်ရေးအဖွဲ့တွေက အိမ်ယာကတောင်မနိုးသေးဘူး…… ။ နိုင်ငံတကာကပေးမယ်ဆိုပြန်တော့လည်း အိမ်ချင်မှုးတူးနဲ့ “ အားလုံးမှုလအတိုင်းဖြစ်နေပြီတဲ့“ အလန့်တကြားဖြေလိုက်တဲ့ စစ်အစိုးရတွေ သေရင်တောင် “ လောက်” ဖြစ် အားပါ့မလားမသိဘူး။ စစ်အဆိုးရတွေက အခြေအနေပြန်ကောင်းလားပြီးလို့ပြောနေတာ အဟုတ်ထင်မိတော့မလို့ ……… ဘယ်ကလား….. သူတို့ပြောတဲ့ အခြေအနေ ကောင်းလာတယ်ဆိုတာက “ ငါတို့ အာဏာပိုပြီးခိုင်မာလာတာကိုပြောတာလေ” ဘာဖြစ်လို့လဲသိလား……. ဆန္ဒခံယူပွဲမှာ ၉၃ ရာခိုင်းနှုန်းရထားလေ…….ဘယ်လိုရသွား တာလဲမသိဘူးနော်….။ ခိုင်မလား ….. ဒါမှမဟုတ် ပြားပြားကြီးပိသွားမလားဆိုတာ စောင့်ကြည့်ချင်ပါသေးရဲ့…….။ ဘယ်လိုကနေဆန္ဒခံယူပွဲမှာ (၉၃) ရာခိုင်နှုန်းနဲ့အနိုင် ရတာလဲဆိုတာကိုတော့ မပြောလဲအများက သိပြီးပြီလို့ထင်ပါတယ်……. မဲထည့်ဖို့အလာ မဲရုံဝရောက်တော့ မဲရုံမှူးကဘာပြောတယ်မှတ်လဲ “ ခင်များတို့ပြန်လို့ရပြီ အားလုံးထောက်ခံမဲအနေနဲ့ ကြိုတင်ဆန္ဒမဲပေးပြီးသွားပြီတဲ့” ကျွန်တော် နားကြားမှားတာမဟုတ်လောက်ပါဘူးနော် ….။
ဒါတွေဘယ်ကသေးမလဲ လေဘေးဒုက္ခသည်တွေရဲ့

စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုလည်းနေ့စဉ်လုပ်နေတာပဲလေ…ဘယ်နေရာမှာလဲ သိကြတယ်မဟုတ်လား မြ၀တီ ရုပ်မြင်သံကြားသတင်းနဲ့ MRTV သတင်းအစီးအစဉ်တွေမှာလေ…..ချီးကျူးလောက်ပါတယ်…….။ သတင်းထဲမှာနဲ့ အပြင်မှာ ဘာကွာခြားတယ် ထင်လဲ …. အပြင်မှာသူတို့ကယ်ဆယ်ရေးလုပ်ငန်းလုပ်တာ အားရဖို့ကောင်းလိုက်တာမပြောနဲ့ ….. လူသေအလောင်းတွေကို မီးသဂြိုလ်ဖို့ လောင်စာဆီမရှိဘူးနဲ့သူပါတယ်.. မြစ်ထဲကို ပစ်ချလိုက်ကြတာပဲ…… နိုင်ငံအတွင်းကဆီတွေ ဘယ်ရောက်သွားလဲမသိဘူးနော်…..။ နောက်စားဝတ်နေရေး အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတာလဲမပြောနဲ့ အားရချီးကျူးစရာပဲ…….. နိုင်ငံခြားကပေးတဲ့ ထောက်ပံ့ပစ္စည်းတွေကိုလည်းမောင်ပိုင်လုပ်ပြီး သိမ်းထားသေးတယ်ဗျ…… တိုင်းပြည်ပျက်သွားရင် စားဖို့နဲ့တူပါ တယ်…..သနား စရပဲနော်……။ နောက် …. လူ့မှုရေးအရကူညီနေတဲ့အသင်းအဖွဲ့ကိုလည်း အားပေးရှာတယ် ……. ထောင်ထဲထည့်ပေးလိုက်တာပဲလေ….။ လေဘေးဒုက္ခသည်တွေ နေစရာမရှိလို့ ဘုန်းကြီးကျောင်း…. စာသင်ကျောင်း စတဲ့နေရာအနှံ့အပြားမှာမှီခိုနေတဲ့သူတွကို ဘယ်လိုအကူညီပေးလဲဆိုတာကိုမပြောလဲသိတယ်မဟုတ်လား……. ဘယ်ရက်….. နောက်ဆုံးထားပြီးပြောင်းပါ မပြောင်းရင် စစ်တပ်ကို ခေါ်ရလိမ့်မယ်တဲ့….. ဘာဖြစ်လို့လဲမေးတော့ အထက်ကအမိန့် တဲ့……. အမိန့်တော်တော် နာခံတဲ့ပုံပဲ…….။ နိုင်ငံတာကာ ကူညီထောက်ပံ့ပေးတဲ့ ပစ္စည်းတွေကို ဘာလုပ်လဲမသိဘူးနော်…….. “သိတယ်မပြောဘူး အောင့်ထားတယ်ဆိုတဲ့အတိုင်းပေါ့ဗျား” အောင့်လိုမရတော့ထွက်တာပေါ့ဗျာ…… ကူညီဘို့ပေးတဲ့ ပစ္စည်းတွေ က အရင်တုန်းကမမြင် ဖူးတဲ့ ဈေးကွက်မှာ ရောင်းချပေးနေတယ်လေ…… ။
ကျန်သေးတယ်ဗျ….. သတင်းမီဒီယာက ချောင်းတွေမြစ်တွေထဲမှာမျောနေတဲ့ပုံကိုရိုက်ပြီအင်တာနက်မှာတင်ထားတာကိုတွေ့တော့ ဗိုလ်ချုပ်မှူးကြီးတယောက်က ဘယ်လိုပြောတယ်ထင်လဲ လူသေအလောင်းမဟုတ်ဘူးတဲ့ ရော်ဘာ(ရာဘာ) အရုပ်တွေကိုပစ်ချထားတယ်လို့ဆိုပြန်တယ်…… ဘယ်သူကများအလုပ်အားပြီး ပစ်ချရတာ ပါလိမ့်……… ပြောချင်တာတော့များတယ်ဗျ…. မပြောဘူးအောင့်ထားလိုက်ပါဦးမယ်….. ဘာဖြစ်လို့လဲသိလား ထောင်ထဲသွားဖို့အချိန်မတန်သေးလို့ ကျွန်တော်နေတဲ့နေရာနဲ့ ရန်ကုန်က သိမ့်မဝေးလှလို့ပါ…….။ ပြန်လည်ပြုပြင်ထားတဲ့အင်းစိန်ထောင်မှာ မင်းသားဖြစ်သွားမှာစိုးလို့…….ဘာမင်းသားလဲသိလား…… အခေါင်းထဲမှာလှဲနေတဲ့“မင်းသား” ကိုပြောတာနော်….။ကြားလိုက်သေးတယ်မဟုတ်လား အင်စိန်မှာ အကျဉ်းသား (၃၆) ယောက်လေ ထောင်မှူး၊ထောင်ပိုင်တွေက သေနစ်နဲ့ပစ်လို့သေသွားရရှာတာ….။ နောက်ဆုံးပြောချင်တာက ကိုယ်ကူညီနိုင်သလောက် ဒီလေဘေးဒုက္ခသည်တွေကို ကူညီကြပါလို့ပဲဆိုချင်ပါတယ်…. ဘာဖြစ်လို့လဲဆိုတော့ ရွှေမြန်မာက ရွှေအစိုးရကိုစောင့်နေရင် သေကုန်မှာသေချာတယ်ဗျား………..။
Read more »

Tuesday, May 13, 2008

Read more »

Nargis Cyclone In Burma


Read more »

Read more »

Friday, May 9, 2008


Read more »

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.