Sunday, November 2, 2008

ဘော်ဘော်တို့ရေ...... အင်တာနက်မသုံးရတာအတော်ကြာသွားတယ်.......ဒီတော့သိတဲ့အတိုင်းပဲ ကျနော်အရာရာ ရဲ့ ဘလောခ့်လည်း ဒုံးရင်းဟာဒုံးရင်ပဲဖြစ်နေတယ်...... အခုတော့ အခွင့်ကြုံတုန်း ရတလောက်တင်လိုက်ပါတယ်ဗျား...........

ကယ်....ခုတော့ ဒါလေးဖက်ကြည့်ပါဦး

လူတိုင်းတိုင်းဟာ စတင်မွေးဖွားပြီး ကတည်းကစ၍ ဘဝကိုရွက်လွင့်ကြပါတယ်။ ရွက်လွင့်ခြင်းဆိုတာနဲ့ လူတွေက အဓိပ္ပာယ်အမျိုးမျိုး ကောက်ကြပါတယ်။ ဒါပေမဲ့ အခုကျွန်တော်ပြောချင်တဲ့ ရွက်လွင့်ခြင်းကတော့ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက်ပေါ့။
ကျွန်တော်တို့လူသားအားလုံးဟာ

ရွက်လွင့်ခြင်းဆိုတဲ့ စိတ်လေလွင့်ခြင်းကို များသောအားဖြင့် ဆယ်ကျော်သက်တွေမှာ အတွေ့များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၄င်းအရွယ် ရောက်ပြီဆိုတာနဲ့ လေ့လာစူးစမ်း ကြည့်ချင်ကြတယ်။ ဒါကြောင့်မို့ ရွက်ကိုဖွင့်ပြီး ဦးစွာပင်လယ်ပြင်ခရီး စတင်တော့တာပါဘဲ။ အဲဒီအချိန်မှာ ဆယ်ကျော်သက်တွေဟာ ကြုံတွေ့လာမည့် အန္တရာယ်ကို ကြိုမမြင်နိုင်ကြတော့ပေ။ တချို့ကလည်း အန္တရာယ်ကိုလည်း မကြောက်၊ အတားအဆီးကိုလည်း ဂရုမစိုက်ကြပါ။ ဘာဖြစ်လည်းဆိုတော့ အထက်မှာ ပြောထားသလိုဘဲ စူးစမ်းချင်တာရယ်၊ လေ့လာချင်တာရယ်ကို အကောင်အထည် ဖေါ်ချင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို စူးစမ်းလေ့လာတဲ့အချိန်မှာ မှားယွင်းမှုတွေ ဖြစ်တတ်သလို တချို့ကလည်း မိမိအတွက်ရော သူတပါးအတွက်ပါ အကျိုးဖြစ်မဲ့ အဖြေမျိုးရရှိတတ်ကြပါတယ်။
တခါတလေ ဆယ်ကျော်သက်တွေဟယ မိမိတို့ရဲ့ စူးစမ်းလေ့လာမှုကို အဟုတ်မှတ်ပြီး သဘောတွေကျ နေကြပါတယ်။ အဲဒီလိုစူးစမ်းတဲ့လေ့လာတဲ့ အချိန်လေးမှာအန္တရာယ်တွေ့ ပြီးမရင်ဆိုင်နိုင်တော့ဘဲ ရွက်လွင့်ခြင်းကို လမ်းခုလတ်မှာဘဲ အရှုံးပေးလိုက်ကြတယ်။ မုန်းတိုင်းဒဏ် မခံနိုင်ရည်ရှိတဲ့ ဆယ်ကျော်သက်တွေ ကျတော့ မုန်တိုင်းထန်နေပါစေ မိမိလိုရာခရီး ( သို့မဟုတ်) ပန်းတိုင်အဆုံးသွားနိုင်ကြတယ်။ ထိုအချိန်မှာ စိတ်ဓါတ်ခိုင်မာ ရင့်ကျက်မှသာ အောင်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်မို့ လူငယ်တိုင်းဟာ မိမိချမှတ်ခဲ့သော ရည်မှန်းချက် ( သို့) အနာဂါတ် ပန်းတိုင်ကို ထားရှိပြီဆိုရင် အဆုံးထိ ဆက်သွားပါ။ အန္တရာယ်တွေဘယ်လောက်ဘဲ ကြုံရကြုံရ ရင်ဆိုင်လိုက်မယ်ဆိုရင် နောက်ဆုံးမှာ ကိုယ့်ရဲ့ ပန်းတိုင်ဆီအရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ ဒုက္ခတွေ့ပြီး ရပ်လိုက်မယ်ဆိုရင် ဘယ်သောအခါမှ ရောက်တော့မည်မဟုတ်။ နောက်ဆုံးအနေနဲ့ ကျွန်တော် တိုက်တွန်းချင်တာကတော့ မိမိလုပ်လက်စ အရာတစ်ခုကို ဘယ်တော့မှ အလျှော့ပေးပြီး မရပ်လိုက်ပါနဲ့လို့ဆယ်ကျော်သက်တွေကို တိုက်တွန်းချင်ပါတယ်။

0 comments:

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.