Thursday, November 29, 2007

လုပ်ပါဦး........

ဘလော့ခ်ထဲက သူငယ်ချင်းတို့ရေ ……….. လုပ်ပါဦး ကျတော် “အရာရာ” တယောက် အိပ်မပျော် တဲ့ညတွေများ နေပြီး…….။ ဘာလို့အိပ်မ ပျော်တာလည်း ဆိုတာကို ပြောပြပါမယ်. ဖက်မိသူတိုင်း အကြံ လေးပေးသွားပါဦးး နော်။ ဘာလို့အိပ်မပျော်ရတာလဲဆိုတော့ …… ကျတော်နေတဲ့အိမ်မှာ ခင်ဖိုချစ် ဖို့ကောင်းတဲ့ ဦးဦး နှစ်ယောက်ရှိတယ်ဗျ………. ခင်ဖို့ကောင်းသလောက် ညညဆိုရင် ကျတော့်ကို အိပ်မ ပျော်နိုင်အောင်လုပ်လေ့ရှိတယ်…။ သူတိုက အဲ့ဒီလိုလုပ်နေတာကိုလည်းသူ တို့ကိုယ်တိုင်ကမိသိရှာ ဘူး……….. ကျနော် တယောက်တည်းဘဲသိတာပါ။… တအိမ်တည်းနေတာကို….. သူတို့ ဘာတွေဘယ် လိုကျတော့်ကို အိပ်မရအောင် လုပ်လည်ဆိုတော့ ….. သူတို့ကလေ ညအိပ်ရင် ဟောက်တတ်တဲ့ အကျင့် ရှိနေတယ်….. ဒါပေမဲ့ အရင်က အဲ့ဒီလိုညစဉ်ညတိုင်းမဟောက်ပါဘူး…… ဝေးဝေးမှ တခါပါ၊ ဒါပေမဲ့ အခုညတွေတလော ညတိုင်းလိုလို ဟောက်နေတာကို ကြားနေရပါ တယ်………….။ သူတို့ဟောက်တာက တော်တော်ဆိုးတာဗျား အသံကလည်း အကျယ်ကြီးဘဲ ဘယ်လိုမှကိုအိပ်လို့မရတာ ……. တကယ့် ရထား နှစ်စီးမောင်းနေတဲ့အကြားမှာ အိပ်နေရသလိုဘဲ…….။ မနေ့ညဆိုရင်အဆိုးဆုံးပဲ………. ဟောက်တာများ ညီနေလိုက်တာ……….. ။ ကျတော့်သူငယ်ချင်းတွေကိုပြော တော့ သူကဟိုလိုလုပ်ဒီလိုလုပ် ဆိုပြီး အကြံတော့ ပေးရှာပါတယ်…။ ဒါပေမဲ့ သူတို့ပြောသလိုလုပ်တာလည်း နည်းလမ်းတွေကုန်နေပြီး ………. ညတိုင်း ဟောက် ခံရတဲ့အသံတွေက ပျောက်မသွားသေးဘူး…………..။ ဘယ်လိုလုပ် ရရင်ကောင်းမ လဲ………….. အကြံလေးပေးကြပါဦး…………….။


2 comments:

မျှားပြာ said...

ကျွန်တော်တို့လဲ ခဏ ခဏ ကြုံနေရတာဗျ ..။
အကောင်းဆုံးကတော့ တပတ်လောက် အိပ်ရေးပျက်ခံပြီး သူတို့
ဟောက်သံကို နားထောင်လိုက်ဗျာ ..။ နားယဉ်သွားရင် ဘေးမှာ လော်စပီကာ လာထားရင်တောင် မနိုးတော့ဘူး ကိုယ့်တွေ့ နော် ..။
စမ်းကြည့်ဗျာ အဆင်ပြေပါစေ။.

သဇင်ဏီ said...

ကြားဖူးတာကတော့ သူတို့အိပ်မောကျနေတဲ့အချိန်မှာ မျက်နှာကို နာနာလေးရိုက်ပေးရတယ်တဲ့.. ဒါဆိုဟောက်တော့ဘူးတဲ့..သိဘူးနော်..သူများတွေပြောကြတာ..ဟီးဟီး

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.