Thursday, November 29, 2007

သောကသံသရာ

“ သောကသံတရာ ”

တိတ်ဆိတ်လွန်းတဲ့ သန်းခေါင်ယံညမှာ
ငါတယောက်တည်း အတွေးများနဲ့ အဖေါ်ပြု
စိတ်ကူးကြည်မိးဖူးတယ်……..၊၊ ”

ရင်ထဲက ခံစားချက်များ
ဖွင့်ဟမထွက်ဖို့
ကြိတ်မှိတ်မျိုသိပ် တိုးတိတ်ထားခဲ့ဖူးတယ်………..၊၊ ”

မလွန်ဆန်နိုင်တဲ့ တပ်မက်မှုကြောင့်
တားတဲ့ကြားက ပေါက်ထွက်သွားတဲ့
ငါ့ရဲ့ ………….. ခံစားချက်လေးကို
နားလည်ပေးဖို့တောင်းပန်ခဲ့မိပြန်တယ်…………..၊၊ ”

မမြင်နိုင်တဲ့ကံတရားကြောင့် ……….
တန်ဖိုးထားရတဲ့ မျှော်လင့်ချက်လေးတခု
ပျက်ဆီးဆိတ်သုန်းသွားမှာ ကြောက်မိပြန်တယ်…….
ဒီလိုနဲ့ဘဲ သောကသံတရာ ခရီးရှည်ထဲမှာ
လည်နေဆဲပါ သူလေးရယ်…………၊၊ ”

1 comments:

လင်းဦး(စိတ်ပညာ) said...

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ..ဆက်ရေးဦးနော်..လာဖတ်ပါဦးမယ်...
အကူအညီလိုရင်ပြောပါ

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.