Thursday, December 6, 2007

ရင်ထဲကဆောင်း

ရင်ထဲကဆောင်း

ရင်မှာထာဝရအတွက်

တခါက ကုန်လွန်သွားတဲ့ ဆောင်းပေါ့……..၊၊

ဆောင်းရောက်လို့

နှင်းကြွေချိန်မှာ

နှင်းတောကိုဖြတ်ပြီး

သူ……… ခြေရာဖျောက်ခဲ့တယ်………

ဆောင်းလေအေးလည်း တိုက်ခတ်လို့ပေါ့……….၊၊

အေးချမ်းလှတဲ့ ထိုဆောင်းလေးမှာ

ရင်မှာ အအေး ပင့်သက်တွေ

ပျက်ကြွေသွားခဲ့ဖူးတယ်…………

မဆုံနိုင်တော့မှန်းသိလျှက်နဲ့

နှလုံးသားက နာကျင်စွာတမ်းတဆဲပါ………၊၊

အိပ်မက်တွေလို လွင့်ပြယ်လို့

ပင့်သက်တွေခြွေခဲ့ရတဲ့

ထိုဆောင်းလေးကို

ရင်မှာ ထာဝရအတွက်

သိမ်းဆည်းလိုက်ပါ့မယ်………….၊၊

1 comments:

ein said...

hello!
ရင်ထဲက ဆောင်း တဲ့လား။

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.