Sunday, December 9, 2007

သူသိပါစေ

အချစ်မဲ့ လူသား….

အသိနက်တဲ့ ပုစ္ဆာ အချစ်ဆိုတဲ့အရာမှာ

အပြစ်ဖွဲ့စရာမပါတဲ့ ရသမြောက်အလကာင်္

သူ့…….. ဆီမှာလျှံပယ်စွာတောက်ပနေတယ်………။

သိပ်ချစ်မိတယ်လို့ မပြောပေမဲ့

ရင်ထဲမှာခံစားရတဲ့ ဝေဒနာသူသိမှာပါ

သူ့ရင်ထဲကစကား ငါကြားသိပါရဲ့

ဒါပေမဲ့ ………. ငါ့ဆီမှာရှိနေတဲ့ဝေဒနာ

သူ့…….. အတွက်ဖြေစရာ ကဗျာပေါ့…………

သူ့ရဲ့ဝေဒနာဟာ……

ငါ့ရင်ထဲမှာ မီးပွက်ပမာ ဖြေစရာမဲ့ပါရောလား………….။

ပိုင်ဆိုင်သူရှိရဲ့

ငါဘာလို့ပြိုင်ချင်တာလဲ

အနိုင်ယူဖို့လည်းမဟုတ် ၊ ပြိုင်ဖို့လည်းမမြင်

ငါဟာမင်းကို ထာဝရ နားလည်ပေးနေသူပါကွာ………………။

0 comments:

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.