Friday, December 21, 2007
In:
ကဗျာ
ကမ္ဘာမြေကြီးကိုမြတ်နိုးပါ
သူငယ်ချင်းတို့ရေ ဒီကဗျာလေးကတော့ (၁၆) နှစ်မလေး တစ်ယောက်ကရေးထားတာပါ။ သူခံစားချက်လေးကို ကျနော့် Blog မှာ မျှဝေပေးလိုက်ပါတယ်နော်………………………..။
ကမ္ဘာမြေကြီးကိုမြတ်နိုးပါ
သဘ၀အလှတရားများနှင့်
ပြည့်စုံးတဲ့ ကမ္ဘာမြေကြီးကို
အဘယ်မည်သူ ဖျက်ဆီးဝံ့
အတ္တ၊ လောဘ အလျှံလူသား
အမှောင်စီးပွား ဒို့အစိုးရများဖြစ်နေမလား….။
ဖွံ့ဖြိုးတိုးတတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဟိုင်းဝေးဆိုတဲ့ လမ်းမကြီးတွေရယ်
မြို့သစ်ပြသစ် တံတားတွေရယ်
ရေကာတာများတည်ဆောက်ကာ
မြေပေါ် မြေအောက်၊ ရေအောက်မကျန်
သံယံဇာတ၊ ကန့်သတ်မဲ့စွာ
ဖောက်ယူသုံးဆွဲနေတာ
အမှောင်စီးပွားများလား………. တိုးတက်ခြင်းများလား။
လူ့ဂုဏ်သိက္ခာလေးစားခြင်း
ကမ္ဘာကြီးကိုမြတ်နိုးခြင်း
ဟူသောမျက်မှန်ကြီးကို
မတပ်နိုင်သေးတ၍
အကျိုးအမြတ်ဟူသော
အမှောင်ထူကြီးမှာ
သူသူ ငါငါ မျက်ကန်း ဘ၀သို့ရောက်နေလိမ့်မည်......။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment