Tuesday, February 19, 2008
In:
ကဗျာ
“ပန်းချီးကားတစ်ချပ်”
သူ့ ……… စကားချိုချိုတွေက
နားထဲကို ခါးတက်တက်ဝင်လာနေတယ်
ပျော်ရွှင်မှုဆိုတဲ့ တခဏတာ(သာ)ဟာ
ရယ်မောခြင်းနှင့်အတူ တခဏသာ(တာ)မှာ
ပျောက်ကွယ်သွားပြန်တယ်…။
ဆေးရောင်ခြည် ပန်းချီကားက
ခပ်ဟောင်းဟောင်းစုပ်ချက်နဲ့
ဆွဲခြည်ထားတာ ခပ်ဟောင်းဟောင်းအတွေးနှင့်အတူ
နံရံအိုမှာ ငါ့ကိုရယ်ပြနေလို့ပေါ့..။
လွင့်မျောနေတဲ့အတွေးက
တိမ်ညိုညိုနဲ့အတူ
ပန်းချီးကား တစ်ချပ်ဖြစ်သွားပြန်တယ်…
ဆွဲလက်စပန်းချီးကားက
စုပ်ချက်များစွာနဲ့
ငါ့ကို… ကြိုကြို ရယ်ပြနေရောလား……..။
သူ့ …….. စကားသံတွေ
ငါ…. မကြားချင်တော့
ပျားရည်ချိုချိုလို နားဝင်ချိုတဲ့
စကားလုံးလှလှလေးတွေလည်း
ငါ… မယုံကြည်နိုင်တော့ …….။
နားလည်မှုတွေ……
ခွင့်လွတ်မှုတွေနဲ့…….
ယုံကြည်မှုတွေပါ…. ရောဖျော်ထားတဲ့
ဖျော်ရည်တစ်ခွက်ကို
မင်းငုံပြီးထွေးထုတ်နေမှန်း
နံရံအိုပေါ်က ……..
ခပ်ဟောင်းဟောင်း မင်းရဲ့ ပန်းချီးကားက
ငါ့ကို ရယ်မောခြင်းနှင့်အတူပြောပြနေတယ်…။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment