Tuesday, March 11, 2008

ပြောပြချင်လို့ပါ (၁)

မနက်ကတည်းက စထွက်လာတာ မွန်းလွဲ (၁) နာရီးထောင်ထိုးနေပြီး ကျွန်တော်တို့သွားမယ့်ခရီးကမဆုံးနိုင် သေးဘူး၊ ဘယ်ကိုသွားနေတာလဲဆိုတာကို ကျွန်တော်မသိပေမဲ့ နွေရာသီကျောင်းပိတ်ရက်မို့ ခရီးသွားရတာ ကျွန်တော့် အဖို့ ပျော်နေမိပါတယ်…။ သွားရင်းသွားရင်နဲ့ (၄) နာရီးကျော်ရော ချောင်းလေးတချောင်းအနားရောက်တော့ ကျွန်တော် တို့အုပ်စု ခဏနားရေသောက်…..နေတဲ့အချိန်မှာ ဘယ်ကလာတဲ့ အမျိုးသမီး (၄)ယောက်လဲမသိဘူး ရေလာခပ်တယ်နဲ့ တူပါတယ်၊ လက်ထဲမှာ ၀ါးနဲ့လုပ်ထားတဲ့ရေဗူးလိုလိုဘာလိုလိုနဲ့ ဘယ်လိုခေါ်လဲ ကျွန်တော်လည်းမသိဘူးဗျ……။ ကျွန်တော်တို့ကိုတွေ့တော့ သူတို့အချင်းချင်းစကားတိုးတိုးလေးပြောပြီးတော့ ရေလာဆင်းခပ်တယ်……..၊ ပြီးတော့ လာလမ်း အတိုင်းပြန်သွား တော့တာပဲ…..။
ဒါနဲ့ကျွန်တော်က သူတို့ဘယ်ကလည်းသိချင်တော့ ပါလာတဲ့ဦးလေးကိုမေးလိုက်တယ်
“ဦးလေး သူတို့ကဘယ်သူတွေလဲ ”……..

ဦးလေးက ဒီရွာကရွာသူလေးတွေလေ …….၊ ဒီရွာရဲ့နာမည်က “ဒဲဂါထာ”လို့ခေါ်တယ်လေ… ဒီရွာက ကရင်ပြည်နယ် ဖားအံအတွင်းမှာရှိတဲ့ရွာငယ်လေးပဲ၊ မှတ်ထားကြပေါ့လို့ကျွန်တော်တို့ ကိုလှမ်းပြီးပြော လိုက်တယ်လေ..။
စိတ်ထဲမှာတိုးတိုးလေး ပြောမိလိုက်တာက ရွာတောင်ရောက်နေပြီးကို ….. ဒါနဲ့ဦးလေးက ရွာထဲမ၀င်ခင် ကျွန်တော်နဲ့ပါလာတဲ့ သူငယ်ချင်းနှစ်ယောက်ကို စကားတခွန်းပြောလိုက်တယ် “ မင်းတို့ရွာထဲဝင်ရင် ပိုင်ရှင်မသိပဲနဲ့ ဟိုအသီးခူးတာမျိုးတို့၊ ကိုင်တာမျိုးမလုပ်ကြနဲ့နော်…..မင်းတို့ဒုက္ဒရောက်လိမ့်မယ်တဲ့….။ အားလုံးကတော့ အဖြေတခု တည်း “ဟုတ်ကဲ့ မလုပ်ပါဘူးပေါ့” ဒါပေမယ့် ကျွန်တော်က နည်းနည်းလေးစိတ်ဝင်စားသွားပေါ့၊ ဘာလို့ကိုင်လို့မရတာလဲ … ခူးစားတာမှ မဟုတ်တာ၊ အဲ့ဒီအတွေးတွေနဲ့အတူ ရွာထဲရောက်လာတော့ ရွာအ၀င်ဝမှာ စိုက်ထားတဲ့အပင်တွေက အင်မ တန်မှ စိမ်းစိမ်းစိုစိုနဲ့ ….. နောက်ဘယ်ကဦးမလဲ အသီးတွေကလည်း သီးလိုက်တာမပြောနဲ့ မြင်လိုက်တာနဲ့ ခူးချင်စိတ် တောင်ဖြစ်သွားတာပဲ….. ဒါပေမယ့် ဦးလေးကမှာထားတော့ တို့တောင်မထိရဲကြဘူး…….. ရွာထဲဝင်လာတော့ ရွာသားတွေ က ကျွန်တော်တို့ကို ၀ိုင်းပြီးကြည့်ကြတာ အမလေး လမ်းတောင်မသွားတက်တော့ဘူးဗျ…… ကျွန်တော်တို့နဲ့ ပါလာတဲ့ “ အယ်စေး” ဆိုတဲ့ကောင်မလေးက အရှက်လည်းကြီးတော့ လမ်းတောင် မှန်အောင်မနည်း လျှောက်နေရတာ……။
ရွာသားတွေကလည်း သူတို့အချင်းချင်း တီးတိုးပြောနေလိုက်ကြတာ ဘာပြောနေမှန်းကို မသိလိုက်ဘူး….. ခန့်မှန်းတာတော့ “ကရင်”ရွာဖြစ်ဖို့များတယ်….. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကရင်စကား လေးငါးဆယ်လုံး လောက်နားလည်တာကို……. ဒါနဲ့လျှောက်လာရင်း အသက် (၅၀) ၀န်းကျင်ရှိတဲ့ ဦးလေးကြီးကလာပြီးတော့ ကျွန်တော်ဦး လေးကို လာပြီးနှုတ်ဆက်တာကို ကြားလိုက်ရတယ်…… “ဟေ့ ညီလေး ယောရှင် ” မတွေ့ရတာတောင် အတော်ကြာ သွားပြီး အသားတွေဖြူလာလို့ပါလား….. အဲ့ဒီလူကြီးရဲ့စကားပြောသံကို ခန့်မှန်လိုက်တာ အင်… ကရင် အဖိုးကြီး အသံ ပဲဖြစ်မယ်ပေါ့လို့တွေးတုန်း … အဲ့ဒီလူက သူတို့လေးတွေက ဘယ်သူတွေလဲလို့ ကျွန်တော်ဦးလေးကိုမေးတော့ ဦးလေးက တူလေးတွေပါလို့ပြောတော့ ဟုတ်လားဆိုပြီး သူနောက်လိုက်ခဲ့ပြောတာနဲ့ ကျွန်တော်တို့အားလုံး သူ့နောက် လိုက်သွားတာ …. ဘယ်ဟုတ်မလဲ အဲ့ဒီလူကြီးက အဲ့ဒီရွာရဲ့ ရွာသူကြီးဖြစ်နေတာကိုး……. အဲ့ဒီည သူကြီးအိမ်မှာပဲ စားပြီးတော့ အိပ်လိုက်တာ ပဲ …. ခရီးကလည်းပန်းနေတယ်ဆိုတော့ အိပ်လို့ကောင်းလိုက်တာမပြောနဲ့ မိုးလင်းလို့နေတောင် ထွက်နေပြီး ကျွန်တော် တို့သူငယ်ချင်းသုံးယောက်မထနိုင်သေးဘူးလေ…… ဒါနဲ့ ဦးလေးကလာနိုးမှ ထပြီးရေချိုး …၊ ထမင်းစား …၊ ထမင်းစားပြီးတော့ သူကြီးအိမ်မှာဘယ်သူတွေရှိလည်းလို့လိုက်ကြည့်တော့ ဘယ်သူမှ မရှိကြတော့ဘူး……. သူတို့ဘယ်သွားကြလည်းလို့မေးတော့ လယ်ထဲဆင်း ကုန်ပြီးတဲ့……..၊
ဦးလေးကိုမေးချင်တဲ့ မေးခွန်းတခုကို မေးဖို့သင့်မသင့်စဉ်းစားနေတုန်း ဦးလေးကကျွန်တော်တို့ကိုမေးလိုက်တယ် မင်းတို့ ဒီနေ့ဘာလုပ်မလဲတဲ့……။ လယ်ထဲကိုသွားပြီးလိုက်ကြည့်ချင်တယ်လို့ ကျွန်တော်တို့နဲ့အတူပါလာတဲ့ အယ်စေး နဲ့ ထူးမောင် ပြောတော့ ဦးလေးကသွားချင်ရင်သွား ဦးလိုက်ပို့ပေးမယ်ပြောတော့ သူတို့နှစ်ယောက် တော်တော်ဝမ်းသာ နေတဲ့ပုံပဲ ……။ ပျော်ကြမှာပေါ့ ဒီလိုနေရာမျိုးကို ပထမဆုံးအကြိမ်းရောက်ဘူးတာဆိုတော့ သိချင်စိတ် လေ့လာချင်စိတ်က ပြင်းထန်နေတာကို …… ဒါနဲ့ကျွန်တော် ကဦးလေးကို စကားမစပ် မေးလိုက်မိတာက …… ဦးလေး ဦးလေးပြောတယ် ဒီရွာကစိုက်ထားတဲ့ အပင်တွေကို ဘာလို့ ပိုင်ရှင်မသိပဲနဲ့ ကိုင်ကြည့်တာမျိုး ၊ ခူးကြည့်လို့မရတာလဲ လို့မေးတော့ ….. ဦးလေးက
“အေ…. အဲ့ဒါအရေးကြီးတယ် ” ဒီရွာမှာနေတဲ့ သူတွေတော်တော်များများက “နတ်”စား(နတ်ကိုကိုးကွယ်သူများ) တွေအများစုနေတယ်လေ၊ သူတို့စိုက်တဲ့ အပင်ကအသီးတွေကို နတ်ကို ပူဇော်ပြီးမှ ကျန်တဲ့အသီးတွေကို စားလို့ခူးလို့ ရတယ်တဲ့……. ၊ ဦးလေး….. အကယ်၍ သူတို့တွေက နတ်မပူဇော်ခင် အဲ့ဒီအသီးတွေကို စားမိရင် ဘာဖြစ်တက်လဲလို့ ကျွန်တော်ကမေးတော့ ဦးလေးက အေး….. ငါ့တူရေ အဲ့ဒါတော့ ဦးလေးလဲမသိဘူးတဲ့….. သူတို့ဟာတွေ သွားမထိတာ ကောင်းပါတယ်….. တဲ့….. ကျွန်တော်လည်းဆက်မမေး ဖြစ်တော့ပဲ လယ်ကွင်းထဲကိုသွားလည်ကြတာပေါ့……. ။
ကျွန်တော်တို့ (၃) ယောက် လည်ရင်းနဲ့ လယ်ကွင်းဘေးက ချောင်းလေးစီကိုရောက်သွားတယ်ဗျ….. နေရာလေး ကတော့ သာယာလိုက်တာမပြောနဲ့ ချောင်းရေလေးတွေကလည်း အေးပြီးကြည်လင်နေတာပဲ ကျွန်တော်တို့ သုံးယောက် လည်း ချောင်းဘေးမှာ အမှတ်တရဆိုပြီးဓါတ်ပုံလိုက်ရိုက်ကြတာပေါ့ … ဒါပေမယ့် ကျွန်တော်က ဓါတ်ပုံရိုက်တာ ၀ါသနာ မပါဘူးဗျ…. အဲ့ဒါနဲ့ ရေချောင်းထဲကိုဆင်းပြီး ငါးလိုက်ဖမ်းတယ်လေ…… ငါးကိုလိုက်တာဖမ်းတာ ငါးတကောင်မှလည်းမမိ ဘူး….. ငါးမရရင် ရေးချိုးပြန်မယ်ဆိုပြီးရေချိုးတာပေါ့……၊၊ တအောက်လောက်နေတော့ ဘေးကသူငယ်ချင်းနှစ်ယောက် ဘယ်ရောက်သွားမှန်းလည်းမသိတော့ဘူး…. “စိတ်ထဲမှာ တွေးမိလိုက်တာက ဒီငတနှစ်ကောင် ဘယ်အထိဓါတ်ပုံလိုက်ရိုက် နေလဲမသိဘူးဆိုပြီးတော့ ….ရေချောင်းထဲကနေပြန်တက်လာပြီးသူတို့နှစ်ယောက်ကိုလိုက်ရှာတယ်……။ ဘယ်ဟုတ်မလဲ သူတို့နှစ်ယောက်က ချောင်းဘေးတနေရာမှာ နတ်တင်ထားတဲဝန်းလားတော့ မသိဘူး အဲ့ဒီထဲမှာဝင်ပြီး ဟိုလျှောက်ကိုင် ဒီလျှောက်ကိုင်လုပ်နေတယ်လေ…. ကျွန်တော်ကတွေ့တော့ ဘာဖြစ်လို့ လျှောက်ကိုင်တာလဲ မင်းတို့ တခုခုဖြစ်နေဦးမယ် နော်လို့ပြောတော့ ….. ဘာမှမဖြစ်ပါဘူးကွာလို့ကျွန်တော့်ကို ပြန်ပြောတော့ ….. ကျွန်တော်လည်းဘာမှ ဆက်မပြောတော့ ပဲ ဗိုက်စာလို့ လယ်ကွင်းထဲက တဲအိမ်ကို ပြန်ပြီးထမင်းစာတာပေါ့…။ မှတ်မှတ်ရရ သူ့တိုတွေကစားနေတဲ့ နေရာမှာ ကျွန်တော်တွေ့ခဲ့လိုက်ရတာက ကောက်ရိုးထွေနဲ့လုပ်ထားတဲ့ နွားရုပ်တွေရယ်၊ နောက် ကျွဲရုပ်တွေရယ် နောက် လူရုပ် လိုလို လေးငါးခုတွေ့ရတယ်၊၊
ညရောက်တော့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ရဲ့ ဒုက္ဒကစတော့ တာပဲ …. နှစ်ယောက်စလုံးက .......



မနက်ဖြန်မှဆက်မယ်နော်......

0 comments:

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.