Friday, April 4, 2008

ယုန်ကလေးက သင်္ကြန်အမှတ်တရရေးဘို့ ကျနော်ကို Cbox မှာလာအော်သွားတာ တွေ့တာသုံး လေးရက်လောက် ရှိသွားပြီ ၊ ဒါပေမယ့် ကျနော် ချက်ချင်းကြီးပြန်မရေးနိုင်ဘူးယုန်လေးရေ……. အဲ့ဒီအတွက် တောင်ပန်ပါတယ်…..။ အရှုပ် တွေလုပ်နေ တဲ့ကျနော်က အရှုပ်တွေဖြစ်နေတော့ ပြန်မရေးနိုင်တာပါ…။ အခုယုန်ကလေး ဆက်ရေးခိုင်းတာကို ရေးလိုက် ပြီးနော် …..

နွေ၊ မိုး၊ ဆောင်း ဆိုတဲ့ရာသီတွေကို ကျတော်တို့လူသားတွေက နွေကိုကြိုက်သလို ၊ ဆောင်းနဲ့မိုကိုကြိုတဲ့လူ တွေလဲ ရှိပါတယ်…… နွေးလအထဲမှာပါတဲ့ April လထဲက သင်္ကြန်အမှတ်တရရက်လေးကို ရေးခိုင်းတော့ ဘယ်က နေဘယ်လိုစရေးရမှာတောင်မိသိဘူးဖြစ်နေတယ်……. အမှန်တိုင်းပြောရရင်နွေရာသီကို အခြား ရာသီနှစ်ခုထက် ပိုပြီမနှစ် သက်တာတော့အမှန်ပဲ…..။ အပူဒဏ်ကိုလည်း မခံနိုင်ဘူး……မခံနိုင်တာထက် မနှစ်သက်တာပါ……. နွေးဦးရဲ့ လေရှုးတွေက ကျတော့်ကို အထီးကျန်စေတယ်….. အမြဲစိမ်းနေတဲ့အပင် တွေက အရုပ်ဆိုးကြီးနဲ့ အရိပ်တောင်မပေးနိုင်တဲ့ ရာသီမို့ မနှစ်သက်တာပါ…… လုံးလုံးကြီးမနှစ်သက် သာတော့မဟုတ်ဘူးနော်……. အနည်းနဲ့အများပေါ့…..။

ကျတော့်ဘ၀တလျှောက်မှာ သင်္ကြန်အမှတ်တရဆိုတာ မရှိသလောက်ပါပဲ… ဘာဖြစ်လို့လည်းဆိုတော့ သင်္ကြန် လတွေအတောအတွင်းကျနော် အခြားနေရာရောက်လိုက် ခရီးသွားလိုက်နဲ့ ဒို့မြန်မာမဟာသင်္ကြန်ကို မဆင် နွဲခဲ့ရတာ ငယ်ငယ်လေးကတည်းက အခုထိပဲ ယုန်လေးရေ…… ဒါပေမဲ့ အမှတ်တရလို့မဆိုနိုင်ပေမဲ့ အမှတ် တရလို့ပြောနိုင်တဲ့ အမှတ်တရ လေးတော့ရှိခဲ့ပါတယ်…. ယုန်လေးရေ….. . ဘာလိုလဲဆိုတော့ ပြီခဲ့တဲ့နှစ်သင်္ကြန်တုန်းက ကျွန်တော်ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ကို ရောက်ခဲ့တယ်လေ….. သင်္ကြန်အတွင်းဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ…… ပျော်သူတွေ ကပျော်…..၊ မူးသူတွေကလည်းမှုးပေါ့…… မဲဆောက် ရောက်နေတဲ့ကျတော် အဲ့ဒီနှစ်သင်္ကြန်ကို တရက်တော့လည်ဖြစ်ခဲ့ တယ် ….. မှတ်မှတ်ရရ အဲ့ဒီနေ့က သင်္ကြန်တတိယမြောက်တဲ့နေ့ပေါ့….. မိုးကလည်းအုပ်နဲ့ရသီးဥတုကတော့ အများ ပြောသလို အားကစားသမားများအကြိုက်ပေါ့….. အဲ့ဒီနေ့ ကျတော်အပါအ၀င် ဒီမှာရှိတဲ့ လူတွေနဲ့ မဲဆောက်မှာ ရှိတဲ့ ရေတံခွန်ကို သွားလည်ခဲ့တယ်…..ရေတံခွန်ရောက်တော့ အားလုံကပျော်နေလိုက်ကြတာ ပြောမနေတော့နဲ့ …. ရေတံခွန်ဆိုလို့ ကျတော်တို့ မြန်မာနိုင်ငံရှိတဲ့ ရေတံခွန်မျိုးမဟုတ်ဘူးဗျ….. ရေချောင်းလေးလိုပါပဲ…… လူတွေ ကများတော့ သူလည်းရေကစား ကိုယ်လည်းရေကစားနဲ့ သတိတောင်မထာမိလိုက်ဘူး…. ဘယ်က လာတဲ့ ခဲလုံးလဲမသိဘူး……..ကျနော် မျက်ခုံးတည့်တည့် လာမှန်တော့တာပဲ…… ကျနော့်အသားက ခဲလုံးကျ လာတဲ့အရှိန်ကို ခံနိုင်ရည်မရှိဘူးနဲ့တူပါတယ်…. မျက်ခုံးကွဲပြီးသွေးတွေ ထွက်လာတာပေါ့ …… အဲ့ဒီမှာအသံ တွေကစူညံသွားတာပဲ ဘယ်သူပစ်တာလေ စတာတွေပေါ့……. ကျတော်ကတော့မျက်လုံးတဖက် ဘာမှမမြင်ရတော့ဘူး ….. သွေးတွေကမျက်လုံးထဲဝင်လာတာကို……. ထုံးစံအတိုင်း ပေါ့ဗျား… ဆေးခန်းသွားပြီးဆေး ထည့်လိုက်ရတာပေါ့……… အဲ့ဒီနေ့ကကျတော့်အတွက် သင်္ကြန်အမှတ်တရလို့ဆိုရာမှာ လားတော့ မသိဘူး…… တရက်ပဲလည်မိပါရဲ့မျက်ခုံးကွဲသွားတယ်ဆိုတော့ တော်တော့ကို ဆိုးလိုက်တဲ့ကံပဲဗျား……. ယုန်းလေးရေ ကျတော့်အသက်သာမှာ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတော့ မရှိသလောက် ပဲ……ဒါကြောင့်မို့ ဒီနှစ်သင်္ကြန်မှာ ကဲလိုက်မယ်ဗျား….. ရလာတဲ့အမှတ်တရလေးတွေကို ပြန်မျှဝေမယ်နော်…. ဒီနှစ်သင်္ကြန်ပြီးတဲ့အထိ စောင့်ပေါ့ဗျား…. အခုခရီးသွားနေတုန်းမို့ စာမရေးနိုင်ဘူးဖြစ်နေတယ်……… အိမ် ရောက်မှပဲဆက်ရေး တော့မယ်နော် ယုန်းလေးရေ…….

ကျန်းမာပါစေ………ယုန်လေး

1 comments:

Anonymous said...

အကိုရာရာရေ
အခုလို သင်္ကြန်အမှတ်တရကို မျှဝေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် လွန်ခဲ့တဲ့နေ့တွေ မပျော်လိုက် မကဲလိုက်ရရင် ဒီနှစ်ပျော်ပျော်သာကဲနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါ တယ်နော် ခဲလုံးက မှန်သွားတာ တော်တော်နာသွားမှာပဲ နော်

 
Cheap Web Hosting | Top Web Host | Great HTML Templates from easytemplates.com.