ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုကသည်စခန်းတွင် မနေ့က (အော့ဆော်) စခန်း အတွင်းလုံခြုံးရေးယူ ထားသည့်တပ်များနှင့် လူငယ်များမသင့်မသင့်ဖြစ်ကြရာမှ ကရင်နီးရွာသား လူးငယ်တဦး သေဆုံးသွား ကြောင်း သိရှိရပါတယ်၊၊ သေဆုံးသူအမည်မှာ အိုက်ဦးဖြစ်ပါတယ်။ စခန်းအတွင်းရှိ ကျတော့်သူငယ်ချင်းတစ်ဦး ကျတော့်ကိုအခုလိုပြောပြထားပါတယ်။
“ကရင်နီဒုကသည်စခန်းအထဲမှာ ကျောင်းပွဲတော်ကျင်းပပြုလုပ်နေကြတယ်လေ ။ အဲ့ဒီကျောင်း သားပွဲတော်ကို သွားလည်တဲ့ ရွားသားနှစ်ယောက်ကို (အော့ဆော် ) စခန်းမှာလုံခြုံရေးယူ ထားတဲ့ ထိုင်းနယ်ကြားစောင့်တပ်ပေါ့နော် လူမှားပြီးအဲ့ဒီရွာသားနှစ်ယောက်ကိုထိုးကြိတ်ကြ တယ်။ထိုးလိုက်တာ ဒဏ်ရာ တော်တော် များများရသွား တယ်လေ။ အဲ့ဒါကြောင့်မလို့ စခန်းအတွင်းမှာရှိတဲ့ လူငယ်တွေရယ်၊ အချိုလူကြီး တွေရယ် စုစုပေါင်း အယောက် (၃၀၀) ရာ လောက်ရှိတယ်၊ အဲ့ဒီအော့ဆော် စခန်းဂိတ်ကိုသွားပြီး ပြောဆိုရာမှ မသင့်မသင့်ဖြစ်ကြ တော့အခုလိုဖြစ် ကုန်တာပဲ။ ရွာသားတစ်ယောက်တော့သေသွားတယ်။ အဲ့ဒီ အော့ဆော်စခန်း ဂိတ်မှာရှိတဲ့ အော့်ဆော်အိမ် သေးသေးလေတွေကိုလည် လူငယ်တွေက ဖျက်ဆီး လိုက်တယ်။ မကသေးပါဘူး အရင်တုန်းကလည်း သူတို့တပ်တွေ လူအခွင့်အရေးချိုးဖောက်တာအများကြီး ရှိတယ်လေ။ အဲ့ဒါ ကြေင့်မလို့အခုမခံနိုင်တဲ့သူတွေ အခုလို ဖြစ်ကုန်တော့တာပဲ။”
အခုလက်ရှိ စခန်းအတွင်းမည်သူတဦး တယောက်မျှဝင်ခွင်မပေးတော့ကြောင်းသိရပါ တယ်။ နောက်မညသည့် NGO အဖွဲ့အစည်းကိုမှဝင်ခွင်မပေးထားကြောင်းကိုလည်းကျတော့်သူငယ်ချင်း မှ ဆက်ပြောပြ ပြထားပါတယ်။
“ဘယ်အဖွဲ့အစည်းကိုမှလည်းပေးမ၀င်တော့ဘူလေ… ဒီမနက်တော့ရဲကားတွေဝင်သွားတာ တော့တွေ့ လိုက်ရတယ်။ နောက် အော့ဆော်အချို့လည်းထွက်ပြေးနေတုန်းပဲလေ ။ အဲ့ဒါအခုထိုင်းစစ် တပ်တွေက ၀င်ပြီးလုံခြုံရေးယူပေးနေတယ်လေ….. ကျနော့်အမြင့်တော့ အခုဖြစ်သွားတဲ့အခင်းမှာလေ ဒီစခန်းအတွင် မှရှိတဲ့ သူတွေက မခံနိုင်တော့လို့ ထပေါက်ကွဲ လိုက်တယ်လို့ဘဲထင်တယ်။ ကရင်နီဒုကသည့် စခန်းအတွင်းမှနေထိုင်တဲ့ ကျတော့်သူငယ်ချင်း တယောက်က ဖုန်းဆက်ပြီးကျတော့်ကိုပြောပြာထားတာပါ။
ဘလော့ခ်မှာရှိတဲ့သူငယ်ချင်းတွေကို သိစေချင်လို့ ဒီစာပိုဒ်လေးကို တင်ပြခြင်းဖြစ်ပါတယ်။ နောက် ဆက်ဖြစ်မဲ့အခြေအနေကိုလည်း ကျနော်သိရရင် ထပ်တင်ပါအုန်းမယ်။
RSS Feed
Twitter
10:51 AM
အရာရာ
0 comments:
Post a Comment