အိုက်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ယနေ့မနက်တွင် မဲဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီးဒုကသည်စခန်း သူစခန်းသားအချိုနှင့် စခန်းအတွင်းရှိ ကရင်နီကျောင်းသား၊ ကျောင်းသူလူငယ်များဖြစ်သော ကျောင်းအသီသီးမှ ကျောင်သားလူငယ်မောင်မယ်များသည် စခန်းအတွင်းရှိ အုပ်ချုပ်ရေးရုံးရှေ့တွင် ကြွေးကြော်သံများနှင့်အတူ ဆန္ဒပြခဲ့ကြပါသည်။ သေဆုံးသူ အိုက်ဦးမှာ စခန်းအတွင်ရှိ အ. လ. က (၂) တွင်ကျောင်းတတ်နေသော ကျောင်းသား တဦးဖြစ်ပါသည်၊ ထိုကြွေးကြော်သံများမှာ --
(၁) စခန်းအတွင်း (အော့ဆော်) မရှိရေးနှင့် ထိုင်းအာဏာပိုင်များစခန်းကို တိုက်ရိုက်မအုပ်ချုပ်ရေး
(၂) ဆုံးရှုံးနေသည့် ဒုကသည်အခွင့်အရေးများ ပြန်လည်ရရှိရေး
(၃) သေဆုံးသွားသော ကျောင်းသားအား ထိုင်းအာဏာပိုင်များမှ တာဝန်ယူ တဂြိင်္ုလ်ပေးရေး (သို့မဟုတ်) အလောင်းမပျောက်ပျက်ရန် စခန်းအုပ်ချုပ်ရေးမှာတာဝန်ယူပေးရေး
(၄) ပြစ်မှုကျူးလွန်သော ထိုင်း(အော့ဆော်အား) ထိုင်းဥပဒေအရ အရေးယူပေးရေး
စသည်တို့ဖြစ်ပါသည်။ ယခုအချိန်ထိမည်သည့် အဖွဲ့မှ စခန်းအတွင်းသို့ဝင်ခွင့်မပေးသေးကြောင်းသိရပါသည်။
အချက်အလက်ပေးပို့သူမှာ စခန်းအတွင်းတွင်နေထိုင်သော ကျတော့်သူငယ်ချင်းမှ တယ်လီဖုန်းဖြင့် ပြောပြထား ခြင်းဖြစ်ပါသည်။
RSS Feed
Twitter
1:48 PM
အရာရာ
0 comments:
Post a Comment