အရာရာ

Pages

  • Home

Blog Archive

  • ►  2010 (1)
    • ►  January (1)
      • "I made the right choice" I left my home and my ...
  • ▼  2008 (37)
    • ►  November (2)
      • အခုပုံလေးတွေကိုလည်းကြည့်ကြပါဦး....... ဘယ်ကပ...
      • ဘော်ဘော်တို့ရေ...... အင်တာနက်မသုံးရတာအတော်ကြာသွားတ...
    • ►  August (1)
      • ရောက်တတ်ရာရာ .........ရိုက်ရိုက်မည့်သည့်ဓါတ်ပုံအချ...
    • ►  July (2)
      • မြန်မာဘလောက်ဂါများ ၀မ်းမြောက်ဖွယ်၊ စာလုံးပြောင်းပရ...
      • July 16, 2008 From the Karen Women’s Organisation ...
    • ►  June (3)
      • ကယ်သူငယ်ချင်းတို့ရေ အင်္ဂလိပ်စာလေ့လာရင်း ဒီမေးခွန်းေ...
      • သူငယ်ချင်းတို့ရေမင်္ဂလာပါဗျား……. ကျတော်ဘလောခ့်ကိုမလှ...
    • ►  May (5)
      • အခုတလော မြန်မာပြည်ရဲ့ပြည်တွင်းသတင်းတွေ မီဒီယာတိုင်...
      • Nargis Cyclone In Burma
    • ►  April (6)
      • သီချင်းလေးနားထောင်ရအောင် ( choose what you like ) ...
      • အဘွားအမာကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲမိပါသ...
      • ဝေါဟာရ စကားလုံးအချို့ Mentor အ...
      • Getting older has its drawbacks, but I guess there...
      • ယုန်ကလေးက သင်္ကြန်အမှတ်တရရေးဘို့ ကျနော်ကို Cbox မှာလ...
    • ►  March (6)
      • သူငယ်ချင်းတို့ရေ သူငယ်ချင်းတို့စိတ်ဝင်စားမယ်ဆိုရင်...
      • ပြောပြချင်လို့ပါ (၂) ညရောက်တော့ ကျွန်တော့်သူငယ်ချ...
      • ပြောပြချင်လို့ပါ (၁) မနက်ကတည်းက စထွက်လာတာ မွန်းလွ...
      • မတော်လိုက်ရတဲ့ ယောက်ဖရေ ဘော်လုံးပွဲစဖို့အချိန်ကလည...
      • Press Release The Homo Homini Award 2007 goe...
      • Love is everywhere, I see it You are all that you...
    • ▼  February (9)
      • “ပန်းချီးကားတစ်ချပ်”
      • PLs..................
      • ၀မ်းနည်းခြင်းများစွာဖြင့် Bio of Padoh Mahn Sha ...
      • ၀မ်းနည်းခြင်းများနှင့်အတူ
      • A Valentine is nothing like
      • A National Hero of Burma13th February 1915Born at...
      • ဟောင်းနွမ်းခြင်းရဲ့ တဘက်မှာ.........၊၊
      • ဖက်ရူနိုင်ပါသည်...............
      • လေ့လာနိုင်ပါသည်..........
    • ►  January (3)
      • ကဗျာ
      • မကျော်ကောင်းတဲ့ စည်းတွေခြားသွားခဲ့ပြီပဲ ငါမကျော်ေ...
      • သူငယ်ချင်းတို့ရေ….. ...
  • ►  2007 (28)
    • ►  December (12)
      • ကမ္ဘာမြေကြီးကိုမြတ်နိုးပါ
      • ကြည့်သွားပါဦး
      • ပြောပြချင်လို့ပါ
      • ပြောပြချင်လို့ပါ
      • ပန်းရနံ့ဆိုး ရနံ့သိုးသို့
      • ဘ၀ထဲက ဘ၀တွေပါ......။
      • ဖက်ကြည့်ပါ။
      • သူသိပါစေ
      • သီချင်းဟောင်းလေးနားထောင်ရအောင်
      • ပုံလေးတွေပါ..........။
      • ရင်ထဲကဆောင်း
      • Mental Feng Shui
    • ►  November (16)

About Me

အရာရာ
View my complete profile

Labels

  • ကဗျာ
  • ကာတွန်း
  • ဓါတ်ပုံ
  • မျှဝေလိုခြင်း
  • သီချင်း
  • တွေးမိရေးရာ
  • ဝေါဟာရ

About this blog

အရာရာလို့ခေါ်ပါတယ်…။ အားလုံးကိုခင်ချင်ပါတယ်…။ ခင်ချင်သူတိုင်းကိုလည်းကြိုဆိုပါတယ်..။ ကျွန်တော့် Blog ကို ကြုံလို့ဝင်ကြည့်သွားသူပဲဖြစ်စေ၊ လာလည်သူပဲဖြစ်စေ၊တင်ထားတဲ့ post လေးတွေကိုလာ

အားပေးနေတဲသူပဲဖြစ်စေ…….အချိန်
အကုန်ခံပြီးလာရောက်“အလည်”လာတဲ့
အတွက်အလုံးကိုကျေးဇူးတင်
ပါတယ်နော် …..

Facebook Fan Page

  • Home Page
  • Education/health
    Human Rights
    Politics
    Economics
    Environment
    Military
    Women
    Political Prisoners
    Refugees
    FDB
    Irrawaddy Magazine
    Mizzina News
    New Era Journal
    ABITSU
    BurmaIT Team
    DVB
    FDB

    Blog Archive

    သတင်းဖက်လို့ရပါတယ်.......

    Loading...

    Think about who you ought to be

    If you could snap your fingers and change anything about yourself and you life, what would you change?

    Did you ask for riches and fame? Or did you ask for industriousness, caring and honesty?

    The more you direct yourself toward a fantasy life, the less satisfied you will be with who you are and the more frustrated you will become as you fail to attain the fantasy. the more you direct yourself toward a better, more fulfilling life , the more you can actually lead a better, more fulfilling life.....

    Total Pageviews

    Sparkline
    Vol. 06 - No. 05-06 October-December 2007 -- Special Report: Burma, political psychosis & legal dementia
    Free Burma's Political Prisoners Right Now!

    Labels

    • ကဗျာ (18)
    • ကာတွန်း (4)
    • ဓါတ်ပုံ (9)
    • မျှဝေလိုခြင်း (18)
    • သီချင်း (5)
    • တွေးမိရေးရာ (9)
    • ဝေါဟာရ (2)

    အချိန်ကို လေးစားပါ ..........

    ပြောလိုရာ....

    အကြံပေးပြီး နှုတ်ဆက်ခဲ့ပါဦး ........ ......................

    web analytics
    အလည်လာသူပေါင်း

    Poll

    Powered by Blogger.

    Ads 468x60px

    Popular Posts

    • ကြယ်စင်လေးရဲ့ ရင်ထဲက ကဗျာ
      ခြေဆုံကိုရပ်ပြီးတော့ နံဘေးကလွပ်ဟာနေတဲ့ကွက်လပ်တခု အစားထိုးဖို့ရန် ငါစိတ်မကူးမိ……… ဆ...
    • လေ့လာနိုင်ပါသည်..........
      သူငယ်ချင်းတို့ရေ ၀ါသနာပါရင်တော့လေ့လာသွားလို့ရတယ်နော်…………….. 1. ကာလ၀မ်းရောဂါ Cholera 2. ကာလသားရောဂါ Venereal diseases 3. ကာင်ဆာ Cancer ...
    • မင်းတွေးသလို...... မထင်ပါနဲ့
    • (no title)
      ဘော်ဘော်တို့ရေ...... အင်တာနက်မသုံးရတာအတော်ကြာသွားတယ်.......ဒီတော့သိတဲ့အတိုင်းပဲ ကျနော်အရာရာ ရဲ့ ဘလောခ့်လည်း ဒုံးရင်းဟာဒုံးရင်ပဲဖြစ်နေတယ်.......
    • သီချင်းလေးနားထောင်ရအောင်
    • မနက်ဖြန်
      “မနက်ဖြန်” ပန်းလေးတွေဟာလည်း မချွေဘဲ ကြွေတတ်တယ်…… ကြယ်လေးတွေလည်း မချွေဘဲ ကြွေတတ်တယ်…… မျှော်လင့်ချက်တွေလည်း မချွေဘဲ ကြွေတတ်တ...
    • (no title)
      ရောက်တတ်ရာရာ .........ရိုက်ရိုက်မည့်သည့်ဓါတ်ပုံအချို့........
    • (no title)
      သူငယ်ချင်းတို့ရေမင်္ဂလာပါဗျား……. ကျတော်ဘလောခ့်ကိုမလှည့်ကြည့်ဖြစ်တာကြားသွားတယ်….. ဟိုဟိုဒီဒီလုပ်ရင်းနဲ့ပဲ ဘလောခ့်ဘက်ကိုမလည့်ဖြစ်တာပါ…… အခုကျနော...
    • (no title)
      အခုပုံလေးတွေကိုလည်းကြည့်ကြပါဦး....... ဘယ်ကပုံတွေဖြစ်မယ်လို့ထင်ကြသလဲ...... အဲ့ဒီပုံတွေကို ကျွန်တော်ခရီးသွားတုန်းက ရောက်ခဲ့တဲ့နေရာမှာရိ...
    • (no title)
      ကယ်သူငယ်ချင်းတို့ရေ အင်္ဂလိပ်စာလေ့လာရင်း ဒီမေးခွန်းလေးတွေကို ဖြေကြည့်ကြပါစို့လား...... ဖြေပြီးလို့ အဖြေချက်လုပ်ချင်ရင်တော့ "ဆက်ဖက်လိုပါက" ကို...
    There was an error in this gadget

    Featured Posts

    Followers

    Blogroll

    • ရောင်နီဦး
    • ပေါင်းစည်းခြင်း
    • ကောင်းကင်ကို
    • အိမ်ဝေးသူ
    • အိမ်လေး
    • ရှမ်းကလေး
    • ယုန်ကလေး
    • မိုးပြာရောင်အိပ်မက်များ
    • မင်းတစေ
    • နတ်သမီးလေးရဲ့ပုံပြင်
    • ညလေးရဲ့အိပ်မက်ဒိုင်ယာရီ
    • ဆုံးဆည်းရာ
    • ငယ်ဆူးအိမ်
    • ကိုမာန်လှိုင်းငယ်
    • ကိုထားဝယ်သား
    • ကဗျာချစ်သူ (poem lover )
    • Yamin
    • July Dream
    • Biggest Thu
    Thursday, February 7, 2008
    In: မျှဝေလိုခြင်း

    ဖက်ရူနိုင်ပါသည်...............

    သူငယ်ချင်းတို့ရေ ထိုင်းနိုင်ငံသမိုင်းအကြောင်းကို ဖက်ရူနိုင်တယ်နော် ……. ဖက်ရတာ အဆင်မပြေရင်လည်း PDF file ကို download လုပ်လို့ရပါတယ်ခင်ဗျား…. ( Download this Pdf files )

    တိုင်လူမျိုး စလာပုံ (ယခု ထိုင်းလူမျိုး)

    ထိုင်းနိုင်ငံ သို့မဟုတ် စီယံ နိုင်ငံ ဖြစ်လာပုံကို ကြည့်လျှင် လန်နာ ( Lanna )ခေတ် နဲ့ ဆူကိုထိုင်း (Sukothai) ခေတ်ကို ပြန်လည် ကြည့်ရမည်ဖြစ်ပါတယ်။ ထိုခေတ်နှစ် ခေတ်မတိုင်မှီ Tai စကားကို သုံးတဲ့လူမျိုး(ထိုင်းလူမျိုးအစ)ဖြစ်တည်လာပုံမှာ မြောက်ပိုင်း ဗီယက်နမ်မှာရှိတဲ့ ဒိန်ဘီယမ်ဖူး နေရာကနေ တိုင် လူမျိုးတွေ ဆင်းသက်လာတာကို အခုခေတ် ပညာရှင်တော်တော်များများ ယုံကြည်လက် ခံထားပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင် ကျော်ကျော်က အဲဒီ ဒိန်ဘီယမ်ဖူးနေရာကနေ တရုတ်ပြည်တောင်ပိုင်း နဲ့ တရုတ်ပြည် အနောက်တောင်ပိုင်း၊ မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယပြည် အရှေ့မြောက်ပိုင်း၊ လာအို နဲ့ ယခု ထိုင်းနိုင်ငံတို့ဆီ အခြေချဖို့ ရွှေ့ပြောင်း ရောက်ရှိလာ ကြပါတယ်။ တိုင်လူမျိုးတွေဟာ မြစ်ကမ်းပါးနဲ့နီးတဲ့ ဒေသတွေမှာ


    အခြေချနေထိုင်ကြဖို့ အရှေ့တောင်အာရှဒေသတွင်းကို အစုလိုက် ရောက်ရှိလာကြတယ်။ သူတို့ အဓိက စီးပွားရေးလုပ်ငန်းက လယ်ယာစိုက်ပျိုးခြင်းပါပဲ။ တိုင်လူမျိုးတွေ၏ ဘာသာကိုးကွယ်မှုက အစပိုင်းမှာ animism ဖြစ်ပါတယ်။ ရှေးဦး မွန်၊ ခမာ လူမျိုးတွေ နဲ့ မတွေ့ခင်အထိ အဲဒီ ဘာသာကို ကိုးကွယ်ပါတယ်။ သူတို့ အုပ်ချုပ်မှုပုံစံက ရွာသူကြီး အုပ်ချုပ်မှုပုံစံကနေ အစပြုပါတယ်။ ထိုင်းလို m?ang လို့ခေါ်ပါတယ်။ ပထမ အေဒီ ရာစုနှစ်လောက်မှာ တိုင်လူမျိုးတွေဟာ လူမျိုးကြီး မွန်၊ ခမာ လူမျိုးတွေ နဲ့ စတင်တွေ့ထိပါတယ်။ နောက် အဲဒီလူမျိုးတွေ ဆီကနေ ဘာသာစကားတစ်ချို့၊ ယဉ်ကျေးမှုတစ်ချို့ နဲ့ ဘာသာရေးကို ရရှိကြတယ်။ ပြုလွယ်ပြင်လွယ် လက်သင့်ခံလွယ်သော တိုင်လူမျိုးတွေဖြစ်ပါတယ်။ တိုင်လူမျိုးတွေ ရဲ့ဘာသာရေးနဲ့ ပတ်သက်ရင် အိန္ဒိယလူမျိုးတွေ လည်းအခြေချနေထိုင်ခဲ့ကြတာတွေရှိခဲ့တော့ သူတို့ဆီက နေ ဟိန္ဒူ အယူ ဘာသာရေးပုံစံ ကိုးကွယ်မှုလည်းရှိခဲ့ပါတယ်။ အေဒီ ၆ ရာစု ကနေ အေဒီ ၉ ရာစု လောက်မှာ မွန်တွေတည်ထောင်တဲ့ ဗုဒ္ဓဘာသာ မွန်နိုင်ငံတော်တွေ မြန်မာပြည်တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ စည်ပင်ဝပြောစွာ ဖြစ်တည်ခဲ့ကြပါတယ်။ ဒွါယာဝတီ(Dvaravati period) ခေတ်က မွန်နိုင်ငံတော်တွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် ယခုဘန်ကောက်နဲ့ ကပ်လျက် ပထုန်ထာနီ (Pathumthani province)ဒေသဟာ မွန်လူမျိုး တွေပိုင်ဆိုင်ခဲ့တဲ့ နေရာဒေသ ဖြစ်ခဲ့ပါတယ်။ တိုင်လူမျိုးတွေဟာ တစ်စတစ်စ နေရာချဲ့ထွင်ခဲ့ ကြတယ်။ ချင်းမိုင် ( ယခု Chiang Mai မြို့၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒုတိယ မြို့တော်ဖြစ်ပါတယ်။) နဲ့ လာအိုနိုင်ငံ အရှေ့မြောက်ဒေသ အထိ ချဲ့ထွင်ခဲ့ကြတယ်။ တောင်ပိုင်း ကုန်တွင်းပိုင်း ရှေ့တောင်အာရှဒေသတွင်းကို နေရာချဲ့ထွင်လာရာ ခမာလူမျိုး (Cambodians ကမ်ပူးချား လူမျိုး) နဲ့ ထိတွေ့တယ်။ အေဒီ ၉ ရာစု နဲ့ ၁၃ ရာစု အတွင်းမှာ ခမာ လူမျိုးတွေဟာလည်း သူတို့ နယ်ပယ်ကို ချဲ့ထွင်ခဲ့ကြတယ်။ ယခု ပိုင်ဆိုင်တဲ့ အန်ကော အထိ (Angkor) ဖြစ်ပါတယ်။ ခမာ ဘုရင် ဂျာရာဝါမန်-၇- (Jayavarman VII – 1881 to 1220) လက်ထက်မှာ သူ့ရဲ့ အင်ပါယာကို ယခုခေတ် ထိုင်းနိုင်ငံ တ၀က်လောက်အထိ ချဲ့ထွင်ခဲ့ပါတယ်။ တိုင်လူမျိုးတွေဟာ အေဒီ ၁၃ ရာစုလောက်အထိ စုစုစည်းစည်း မရှိခဲ့သေးပါ။ သို့ပေမယ့် မွန် နဲ့ ခမာ လူမျိုးတွေဆီကနေ ယဉ်ကျေးမှု၊ ဘာသာ စာပေတစ်ချို့ နဲ့ ကိုးကွယ်တဲ့ဘာသာကို လက်ခံရယူခဲ့ကြတယ်။ အေဒီ ၁၃ ရာစုနှစ်လောက်မှာ မွန် နဲ့ ခမာ နိုင်ငံတော်တွေကို စတင် ဖိအားပေးနိုင်လောက်တဲ့ အင်အားနဲ့ အာဏာရရှိ စုဆောင်းနိုင်ခဲ့ကြတယ်။ တိုင်လူမျိုးတွေဟာ သူတို့ သြဇာ သက်ရောက်ဖို့ အတွက် မွန်၊ ခမာ နိုင်ငံတော်တွေကို ဖိအားပေးလာနိုင်ခဲ့ကြတယ်။ နောက် တိုင် လူမျိုးတွေဟာ ကျောက်ဖရား မြစ်ဝှမ်းတစ်လျှောက်မှာ အခြေချပြီး၊ တိုင်လူမျိုးတွေ အုပ်ချုပ်တဲ့ ဒေသအဖြစ် ထူထောင်နိုင် ခဲ့တယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ မလေးကျွန်းဆွယ်ဒေသအထိချဲ့ထွင်နိုင်ခဲ့ကြတယ်။ သူတို့ ကိုးကွယ်တဲ့ဘာသာဟာလည်း မွန်၊ မခာ လူမျိုးတွေနဲ့ ထိတွေ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာကို လက်ခံ ကိုးကွယ်လာခဲ့ကြတယ်။ နောက် သီရိလင်္ကာနိုင်ငံမှ ထေရ၀ါဒ ဗုဒ္ဓဘာသာပုံစံဟာ နခုန်စီသမာရပ် (Nakhon Si Thammarat ဒေသ၊ ယခု ထိုင်းနိုင်ငံ) ကနေ တိုင်လူမျိုးတွေ အုပ်ချုပ်တဲ့ ဒေသတွေကို ရောက်ရှိပြန့်နှံ့လာခဲ့တယ်။ အေဒီ ၁၃ ရာစု မှာ တိုင်လူမျိုးတွေရဲ့ ပထမဆုံး ဆူကိုထိုင်း နိုင်ငံတော်တည်ထောင်နိုင်ခဲ့တယ်။ ဆူကိုထိုင်းခေတ် တတိယမြောက် အုပ်ချုပ်သူ ဘုရင် ရမ်ခဟန် (Ramkhamhaeng: 1279-98) လက်ထက်မှာ နိုင်ငံတော်ကို တောင်ပိုင်း နခုန်စီသမာရပ် နဲ့ ယခုထိုင်းနိုင်ငံ အနောက်ပိုင်း မြန်မာပြည်အရှေ့ပိုင်း အစပ်၊ ယခု ခေတ်လာအိုနိုင်ငံ လုံပရာဘန် (Luang Prabang) အထိ ချဲ့ထွင်နိုင်ခဲ့ကြတယ်။ ဘုရင် ရမ်ခဟန် လက်ထက်မှာ သူ့နိုင်ငံနဲ့ ကပ်လျက် နယ်ပယ်ဒေသတွေ တော်တော်များများကို သူ့သြဇာခံအဖြစ် လုပ်နိုင်ခဲ့တယ်။ ဘုရင်ရမ်ခဟန်လက်ထက် အေဒီ ၁၂၉၂ လောက်မှာ ပထမဆုံးသော ထိုင်းစာကို ကျောက်ထက် အက္ခရာ တင်နိုင်ခဲ့တယ်။ ခမာလူမျိုးတွေရဲ့ အသံ၊ သရ ဗျည်းနဲ့ ရေးသားမှုပုံစံတော်တော်များများကို ကူးယူမွေးစား အသုံးပြုနိုင်ခဲ့တယ်။ ဒါကြောင့် ခမာ စာနဲ့ ထိုင်းစာဟာ တော်တော် စင်တူနေတာပါ။ ပြောဟန်၊ ရေးဟန်ရော ၅၀ ရာနှုန်းခန့် တူပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဆူကိုထိုင်းခေတ်ဟာ စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဆူကိုထိုင်း ခေတ်ဟာ အနှစ် နှစ်ရာလောက် ကြာမြင့်ခဲ့ပါတယ်။ တိုင်လူမျိုးတွေအုပ်ချုပ်တဲ့ ဆူကိုထိုင်းခေတ်ဖွံ့ဖြိုးနေစဉ်မှာပဲ ယခုထိုင်းနိုင်ငံမြောက်ပိုင်းမှာ တိုင်လူမျိုးဖြစ်တဲ့ ဘုရင် မန်ဂရိုင် (၁၂၉၂ မှ ၁၃၁၇၊ ချင်းမိုင်) ဟာ မွန်နိုင်ငံတော်တစ်ခုဖြစ်တဲ့ Haripunjaya ကို သိမ်းပိုက်နိုင်ခဲ့တယ်။ နောက် ချင်းမိုင် မြို့တော်သစ်ကို တည်ထောင်နိုင်ခဲ့တယ်။ ဘုရင် မန်ဂရိုင်ပြီး လန်နာဘုရင်လက်ထက်မှာ တိုင်လူမျိုးတွေရဲ့နိုင်ငံတော်ဟာ သြဇာကြီးမားတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် မြင့်မြင့်မားမားရပ်တည်နိုင်ခဲ့တယ်။ ၁၆ ရာစုလောက်မှာ တော့ မြန်မာတို့ရဲ့ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရတယ်။ မြန်မာဘုရင်ရဲ့ သြဇာ သက်ရောက်တဲ့ နယ်ပယ်အဖြစ် လျောကျသွားခဲ့တယ်။ ၁၉ ရာစု လောက်အထိ မြန်မာ လက်အောက်ခံဒေသ ဖြစ်ခဲ့တယ်။ မြန်မာသိမ်းပိုက်နယ်မြေကို အယုဒ္ဓယခေတ် အလယ်ပိုင်း လောက်မှာ မြန်မာဆီမှ ပြန်လည် သိမ်းပိုက် ရယူနိုင်ခဲ့တယ်။

    အယုဒ္ဓယ ခေတ် (၁၃၅၁ မှ ၁၇၆၇)
    အယုဒ္ဓယနိုင်ငံတော်ကို ၁၅ ရာစုနှစ် အလယ် ကျောက်ဖရားမြစ်ရဲ့ဘေးမြေပြန့် ဒေသ (ယခု ဘန်ကောက်ရဲ့ မြောက်ပိုင်းနဲ့ ၅၅ မိုင်ဝေးတဲ့ အယုဒ္ဓယနယ်) မှာ တည်ထောင်နိုင်ခဲ့တယ်။ အယုဒ္ဓယ ခေတ်ဟာ အနှစ် ၄၀၀ လောက် ကြာမြင့်ခဲ့တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ် ၀ံ့ထည်စွာရပ်တည် နိုင်ခဲ့တယ်။ ၁၅၆၉ ခုနှစ်မှာ တောင်ငူခေတ် ဘုရင် ဘုရင့်နောင် ဟာ အယုဒ္ဓယကို သူ့လက်အောက်ခံ နိုင်ငံတော် အဖြစ် သိမ်းပိုက်နိုင်ခဲ့တယ်။ ဘုရင့်နောင်ဟာ အခုအထိ ထိုင်းလူမျိုးတွေလေးစားကိုးကွယ်တဲ့ ဘုရင်တစ်ပါးပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ သိမ်းပိုက်ပြီး၊ အယုဒ္ဓယ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီး မလုပ်ခဲ့ပါ။ ဘုရင့်နောင်ဟာ အယုဒ္ဓယကို စည်ပင်ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်ခဲ့တယ်။ မြှောက်စားသင့်သူကို မြှောက်စား ချီးမြောက်သင့်သူကို ချီးမြှောက်ခဲ့တယ်။ ဘုရင်နောင်ဟာ တိုင်းတစ်ပါးဘုရင်ဖြစ်ပေမယ့် ဘာသာ၊ ယဉ်ကျေးမှုနဲ့ ထိုင်းလူ့အဖွဲ့ အစည်းကို အကျိုးပြုခဲ့တယ်။ ဒါကြောင့် သူ့ကို ယခုခေတ် ခေတ်ပညာတတ် ထိုင်းလူမျိုးတွေက လေးစားကြည်ညိုကြတယ်။ အယုဒ္ဓမင်းသားနေရစ်စွမ် လက်ထက်မှာ မြန်မာဘုရင်ဆီမှ အယုဒ္ဓယကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်။ (နေရစ်စွမ်ဇတ်ကားကို ကြည့်ဖို့တိုက်တွန်းပါတယ်။) မြန်မာဘုရင် အလောင်း ဘုရားဦးအောင်ဇေယျ လက်ထက် ၁၇၆၇ ခုနှစ်မှာ အယုဒ္ဓယဟာ စေတီပုထိုး၊ သူတို့၏ ယဉ်ကျေးမှုအမွေအနှစ် တွေကို ဖျက်ဆီးခံလိုက်ရတယ်။ အလောင်းဘုရား ဦးအောင်ဇေယျကို ထိုင်းလူမျိုးတော်တော်များက မုန်းတယ်။ အယုဒ္ဓယနိုင်ငံတော်ကို ဖျက်ဆီးခဲ့လို့ပါပဲ။

    တုန်ဘူရီခေတ် နဲ့ အစောပိုင်းဘန်ကောက် ခေတ်
    အယုဒ္ဓယဟာ မြန်မာလက်အောက်ရောက်ပြီး ဖျက်ဆီးခံလိုက်ရပြီးနောက်ပိုင်း တပ်မှူးတဦး ဖြစ်တဲ့ တက်ဆင် (Taksin) ဟာ ၁၇၆၇ ခုနှစ်မှာပဲ သူ့ ရဲ့ ပထမဆုံးတော်မြို့တော် ဖြစ်တဲ့ တုန်ဘူရီ (Thonburi: ယခုဘန်ကောက် ကျောက်ဖရားမြစ်ဘေးမှာ တည်ရှိသည်။) ကို တည်ထောင်ခဲ့ပြီး တိုင်လူမျိုး ဘုရင် အနေဖြင့် စတင်အုပ်ချုပ်တယ်။ ဘုရင် တက်ဆင် လက်ထက်မှာပဲ မြန်မာဘုရင် သိမ်းပိုက်ထားတဲ့ နယ်ပယ်ဒေသတွေကို ပြန်လည်ရယူ နိုင်ခဲ့တယ်။ သူဟာ တိုင်လူမျိုးစစ်စစ်တော့မဟုတ်ပါ။ တရုတ်သွေးတ၀က်ပါသော ဘုရင်ဖြစ်ပါတယ်။ ဒါကြောင့် သူ့လက်ထက်မှာ တရုတ်လူမျိုးအခြေချနေထိုင်သူတွေ တိုးပွားများပြားလာခဲ့တယ်။ ထိုင်းနိုင်ငံသမိုင်းမှာ တိုက်ရေး၊ ခိုက်ရေးမှာ အလွန်တက်ကြွ၊ ထက်မြက်သော ဘုရင်တပါးအဖြစ်လူသိများတဲ့ဘုရင် တပါးလည်းဖြစ်ပါတယ်။ ၁၇၈၂ ခုနှစ် မှာ စိတ်ဝေဒနာ၊ စိတ်ဖေါက်ပြန်တဲ့ ဘုရင်အဖြစ်နဲ့ ထင်ရာလုပ် အုပ်ချုပ်နေလို့ သူ့ရဲ့ တပ်မှူးတပါးဖြစ်တဲ့ ကျောက်ဖရားချက်ကရီ (တိုင်လူမျိုး) မှ ဖြုတ်ချကွပ်မျက်လိုက်တယ်။ ကျောက်ဖရားချက်ကရီ ဟာ ပထမမြောက် ရာမဘုရင် အဖြစ် တင်မြောက်ခံရတယ်။

    ချက်ကရီ ဘုရင်မျိုးဆက် နှင့် အစောပိုင်းဘန်ကောက်
    ပထမမြောက် ရာမ ဘုရင်ဟာ ၁၇၈၂ မှ ၁၈၀၉ ခုနှစ်ထိ အုပ်ချုပ်တယ်။ သူ့ရဲ့ မြို့တော်ကို ကျောက်ဖရားမြစ်ဝှမ်းမှ ယခုဘန်ကောက်မြို့နန်းတော်ကို ရွှေ့ယူခဲ့တယ်။ ၁၇၈၅ ခုနှစ်မှာ မြန်မာဘုရင်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကို ခံရတယ်။ မနည်းပြန်လည်ခုခံခဲ့ရတယ်။ ၁၈၂၀ ခုနှစ်ကျော် အထိ မြန်မာ ဘုရင်တွေရဲ့ ကြိုးကြားကြိုးကြားထိုးစစ်ဆင်မှုကိုခံရတယ်။ ဒုတိယမြောက် ရာမဘုရင်ပြီး တတိယမြောက် ရာမဘုရင်လက်ထက်မှာ ၁၈၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံနဲ့ အင်အားသူမသာကိုမသာဖြစ်တဲ့ မြန်မာကို အင်္ဂလိပ်က ထိုးဖောက် ကျူးကျော်တာကို သိတဲ့အခါမှာ ဆိုင်ယမ်နိုင်ငံ (ထိုင်းနိုင်ငံ)ကို တိုက်ခိုက်လာမှာ စိုးရိမ်တဲ့အတွက် အင်္ဂလိပ်နဲ့ ၁၈၂၆ ခုနှစ် ဘာနေ စာချူပ် (Burney Treaty) ကို ချူပ်ဆိုခဲ့တယ်။ ကုန်သွယ်ရေး စာချူပ်ဖြစ်ပါတယ်။ ဒါဟာ တတိယမြောက် ရာမ ဘုရင်ရဲ့ ချင့်ချိန်စဉ်းစားတွေးခေါ်ပြီး လုပ်ခဲ့တာကို ချီးကျူးရမယ်ဖြစ်ပါတယ်။ စတုတ္ထမြောက် ရာမဘုရင်ဖြစ်တဲ့ ဘုရင် မွန်ကွတ် (King Mongkut: ၁၈၅၁ မှ ၁၈၆၈) လက်ထက်မှာ ဆိုင်ယမ်နိုင်ငံတော် (ထိုင်းနိုင်ငံ)ဟာ စတင်တိုးတက်ဖွံ့ဖြိုးလာတယ်။ ၁၈၅၅ ခုနှစ်မှာ ၀ီတိုရိယ ဘုရင်မရဲ့ ကိုယ်စားလှယ် ဆာ ဂျွန်ဘိုရင်း ဟာ (Sir John Bowring) ကုန်သွယ်မှုစည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေးဖို့၊ အခွန် အတိုးလျှော့ပေးဖို့ နဲ့ အင်္ဂလိပ် ၀ီတိုရိယဘုရင်မရဲ့ အတိုင်ပင်ခံရုံးဖွင့်ဖို့ အတွက် ဘုရင်မွန်ကွတ်ကို ဖိအားပေးခဲ့တယ်။ သူဟာ အင်္ဂလိပ်ရဲ့ အင်အားကြီးမှုကို ကောင်းကောင်းသဘောပေါက်တဲ့ ဘုရင်ဖြစ်တာကြောင့် အင်္ဂလိပ်နဲ့ အလျှော့အတင်း စေ့စပ်ဆွေးနွေးမှုကို လုပ်ယူပြီး ကုန်သွယ်ရေး စာချူပ်တခုကို ချူပ်ဆိုနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံသမိုင်းမှာ ထင်ရှားတဲ့ ဘိုရင်းစာချူပ်(Bowring Treaty) ဖြစ်ပါတယ်။ ယခုလိုကုန်သွယ်ရေးစာချူပ်တွေကို ဥရောပ အင်အားကြီး နိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံတို့ နဲ့လည်းချူပ်ဆိုနိုင်ခဲ့တယ်။ ဘုရင်မွန်ကွတ်ဟာ ဆိုင်ရမ်နိုင်ငံ ရဲ့ကုန်သွယ်မှုကို အနောက်နဲ့ ဥရောပ နိုင်ငံတွေကို စတင်မိတ်ဆက် ပေးနိုင်ခဲ့တယ်။ အနောက်တိုင်းသား အတိုင်ပင်ခံနဲ့ အထောက်တော်တွေကို သူ့ရဲ့ နိုင်ငံတော်အုပ်ချူပ်မှုပိုင်းမှာ သင့်တော်ရာကို ခန့်ထားပေးနိုင်ခဲ့တယ်။ အင်္ဂလိပ် လူမျိုး မစ်အန်နာ လီယိုနိုဝန် ကို သူ့ရဲ့ သားတော်၊ သမီးတော်တွေကို အနောက်တိုင်း ဘာသာစကားစာပေ၊ ယဉ်ကျေးမှုကို သင်ယူဖို့ အတွက် ခန့်ထားခဲ့တယ်။ အင်္ဂလိပ်လူမျိုး မစ်အန်နာ ဟာ ဘုရင်မွန်ကွတ်နဲ့ ပတ်သက်တဲ့ စာအုပ် ကို ထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ဘုရင်မွန်ကွတ်ဟာ သင်္ချာ၊ လက်တင်ဘာသာရပ် နဲ့ နက္ခတ်ဗေဒကို လေ့လာလိုက်စားခဲ့ပါတယ်။ သူဟာ အသက်အရွယ် ၄၆ နှစ်ကျမှ စတုတ္ထမြောက် ရာမဘုရင်ဖြစ်လာတဲ့သူပါ။ ဘုရင်မဖြစ်မှီမှာ သူဟာ ရဟန်းဘောင်မှာ ၂၆ နှစ်ကြာအောင် နေခဲ့ပါတယ်။ ဒါကြောင့် ဗုဒ္ဓစာပေနဲ့ ဗုဒ္ဓအဘိဓမ္မာကို ကောင်းကောင်းပိုင်နိုင် ကျွမ်းကျင်တဲ့ ဘုရင်တပါးပါ။ သူဘုရင်ဖြစ်လာတဲ့အခါမှာ ထေရ၀ါဒပုံစံကို ယုံကြည်သက်ဝင်တဲ့ အတွက် ထိုင်းနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် ၀ံ့ထည်စွာ သန့်စင်တဲ့ မွန်မြတ်တဲ့ ဗုဒ္ဓဘာသာအဖြစ်နဲ့ ယခုထက်တိုင် ရပ်တည်နေနိုင်ခဲ့တယ်။ ကျနော်တို့ မြန်မာပြည်မှာလို သံဃာယနာ တင်တဲ့ပွဲလိုမျိုးလုပ်ခဲ့တဲ့ ပုံစံပါ။ သူဟာ ဘုရင်ကို ပြည်သူပြည်သားတွေက ဘုရားလိုကိုးကွယ်တာကို ကြိုးစားပယ်ဖျက်ခဲ့တယ်။ သာမာန်ပြည်သူ ပြည်သားတွေကို သူ့မျက်နှာကို ပထမဆုံး ကြည့်ရှူခွင့်ပြုခဲ့သောဘုရင်လည်းဖြစ်တယ်။ ဘုရင် မွန်ကွတ်တိမ်းပါးတော့ သူ့ရဲ့သားတော် (၁၅ နှစ်အရွယ်) မင်းသား ချူလာလောင်ကွန်းဟာ ဖခင်ရဲ့ ထီးမွေနန်းမွေကို ဆက်ခံရတယ်။ အသက်နှစ်ဆယ် အရွယ်မပြည့်သေး တဲ့အတွက်ကြောင့် နန်းစောင့်နဲ့အုပ်ချူပ်ပြီး၊ မင်းသား အသက်နှစ်ဆယ်ပြည့်တဲ့ ၁၈၇၃ ခုနှစ်မှာမှ ဘုရင် အဖြစ် နဲ့ စတင်အုပ်ချူပ်တယ်။ ပဉ္စမမြောက်ရာမဘုရင် ချူလာလောင်ကွန်း လက်ထက်မှာ လည်းပဲ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှု တွေကို ဆက်လက်ရင်ဆိုင်ရတယ်။ သူဟာ သူ့ဖခင်ဘုရင်ရဲ့ စေ့စပ်မှုပုံစံအတိုင်း လိုက်လုပ်ခဲ့တယ်။ ဘုရင် ချူလာလောင်ကွန်းဟာ ခေတ်ပညာတတ် ဘုရင်တစ်ပါးဖြစ်တာကြောင့် ခေတ်နဲ့ အညီ ဆိုင်ရမ်နိုင်ငံတော်ကို ပြုပြင် အုပ်ချူပ်တယ်။ သူ့လက်ထက်မှာ ဥာဏ်ရည်ထက်မြက်၊ ပညာတတ်တဲ့လူငယ် မင်းညီမင်းသား တွေကို ကြီးမားတဲ့ အုပ်ချူပ်မှုဌာနတွေမှာ အုပ်ချူပ်ကွပ်ကဲစေတယ်။ အဲဒီထဲမှာ ထင်ရှားတဲ့ မင်းသားကတော့ မင်းသား ဒန်ရွန် ရာဂျာနုဘတ် ဖြစ်တယ်။ ဘုရင် ချူလာဟာ ပထမဆုံး ဆိုင်ယမ်နိုင်ငံတော်ကို ဗျူရိုကရေစီပုံစံ၊ အနောက်တိုင်းပုံစံခေတ်မှီတဲ့ ၀န်ကြီးဌာနတွေကို ဖွဲ့စည်းခဲ့တယ်။ နောက် ကျွန်စနစ်ကို ဆိုင်ယမ်နိုင်ငံမှ ပယ်ဖျက်ခဲ့တယ်။ တရားရုံးပုံစံတွေကို အနောက်တိုင်းပုံစံ ခေတ်မှီစွာ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ခေတ်မှီ စာသင်ကျောင်းတွေ ဆောက်လုပ်မှု၊ ခေတ်မှီ် ခရီးဝေးရထားလမ်းဖောက်လုပ်မှုတွေကို ပြုလုပ်ပေးနိုင်ခဲ့တယ်။ ခေတ်မှီ ကြေးနန်းဆက်သွယ် ရေးလိုမျိုးတွေကို တည်ထောင်ပေးနိုင်ခဲ့ တယ်။ ဒါကြောင့် သူ့ အုပ်ချူပ်တဲ့ နှစ်မှာ ဆိုင်ယမ်နိုင်ငံတော် (ထိုင်းနိုင်ငံ)ဟာ ခေတ်မှီ ဖွံ့ဖြိုးခဲ့လို့ သူဟာ ထိုင်းသမိုင်းမှာ အကြီးကျယ်ဆုံးသော ပဉ္စမမြောက် ရာမဘုရင် အဖြစ်ထင်ရှားနေတာပါ။ ဆဌမမြောက် ရာမ ဘုရင် ဘာဂျီရာဘု (Rama VI: ruled 1910-25) နဲ့ သတ္တမမြောက် ရာမ ဘုရင် ပရာ၈ျာဒီပေါ့ခ် (Rama VII: 1925-35) တို့ဟာ ပဉ္စမမြောက် ရာမဘုရင် ချူလာလောင်ကွန်း ရဲ့ ပေါ်လစီ ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြတယ်။ ၁၉၁၇ ခုနှစ်မှာ ဘုရင် ဘာဂျီရာဘု ဟာ သူ့ဖခင်နာမည် နဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ကို တည်ထောင်ခဲ့တယ်။ ချူလာလောင်ကွန်း တက္ကသိုလ်ဖြစ်ပါတယ်။ ထိုင်းမှာ ထိုင်းလူမျိုးတွေ တန်ဖိုးထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ ၀င်ခွင့်ရဖို့လည်း ခက်ပါတယ်။ ဘုရင် ဘာဂျီရာဘု ဟာ ၁၉၂၁ ခုနှစ်မှာ တစ်တိုင်းပြည်လုံးမသင်မနေရ အခြေခံပညာရေးကို ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဘုရင် ပြဌာန်းပေးခဲ့သော အကျိုးကျေးဇူးကြောင့် မြို့နဲ့ ဝေးလံတဲ့ နယ်စွန်နယ်ဖျား အခြေခံလူတန်းစား ထိုင်းလူမျိုးတွေ စာတတ်လာတာပါ။ တရုတ်လူမျိုးတွေ တစ်စတစ်စ ကြီးမားတဲ့ ထုထည်နဲ့ အခြေချနေထိုင်လာခဲ့တဲ့ အတွက် ဘုရင် ဘာဂျီရာဘု ဟာ တရုတ်လူမျိုးတွေ အခြေချမှုကို တားဆီးနိုင်တဲ့ အက်ဥပဒေ တစ်ခုပြဌာန်းခဲ့တယ်။ ဘာကြောင့် အဲဒီ ဥပဒေကို ပြဌာန်းခဲ့တာလဲဆိုတော့ တရုတ်လူမျိုး တော်တော်များများဟာ ဆိုင်ယမ်နိုင်ငံ (ထိုင်းနိုင်ငံ) မှာ စီးပွားရှာပြီး ရလာတဲ့ ငွေကြေးဥစ္စာ အရင်းအနှီးတွေကို တရုတ်ပြည်မကြီးမှာ ရှိတဲ့ သူတို့ ဆွေမျိုးတွေဆီကို ပို့ခဲ့တယ်။ ဆိုင်ယမ်နိုင်ငံမှာ ပြန်လည်ပြီး အသုံးပြုတာ မရှိခဲ့ဘူး။ ဆိုင်ယမ်(Siam) ရဲ့ အရင်းအနှီး ဥစ္စာတွေဟာ တဘက်ကို ဆီးဆင်းသွားတာကို မြင်တဲ့အပြင် ဆိုင်ယမ်နိုင်ငံတော်ရဲ့ စီးပွားရေးမှန်သမျှကို တရုတ်လူမျိုးတော်တော်များများပိုင်ဆိုင်လာမှာကို လည်းမြင်လို့ အက်ဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ဘုရင် ဘာဂျီရာဘု ဟာ ထိုင်းမျိုးချစ်ဝါဒကို ထိုင်းလူမျိုးတွေအတွင်း ကျယ်ပြန့်အောင် လုပ်ခဲ့တယ်။ သူရေးသား ခဲ့တဲ့ စာတွေမှာ ထိုင်းမျိုးချစ်ဝါဒကို ဖော်ကျူးရေးသားထားတဲ့ အရေးအသားတွေကို တွေ့ရမှာပါ။ သူရေးသားတဲ့ စာတွေမှာ အဓိက ဇောင်းပေးရေးသားမှုက နိုင်ငံ၊ ဘာသာသနာ နဲ့ ဘုရင် ကို သစ္စာစောင့်သိကြဖို့ တိုက်တွန်းတဲ့အရေးအသားတွေကို တွေ့ရမှာပါ။ ဆဌမမြောက် ရာမဘုရင်ဟာ ကျည်းတပ် နဲ့ ရေတပ် အင်အားကိုတိုးချဲ့ခဲ့တယ်။ အပျော်တမ်း စစ်တပ်လိုဟာမျိုးကိုလည်းတည်ထောင်ပေးခဲ့တယ်။ ဆိုင်ယမ်နိုင်ငံသူနိုင်ငံသားတွေ စစ်ပညာ ကို အပျော်တမ်းအနေနဲ့ သင်ယူနိုင်ခဲ့တယ်။ Wild Tiger Corps အဖွဲ့ကို တည်ထောင်ပေးခဲ့တယ်။ လွတ်လပ်တဲ့ အပျော်တမ်း စစ်တပ် အဖွဲ့ ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ဆိုင်ယမ်နိုင်ငံဟာ ပထမကမ္ဘာစစ်မှာ မဟာမိတ်အဖွဲ့ဘက်ကနေ ရပ်တည်ခဲ့တယ်။ ဆိုင်ယမ်စစ်တပ်ကို မဟာမိတ်စစ်တပ်ကူဖို့အတွက်စေလွတ်ခဲ့တယ်။ ပထမ ကမ္ဘာစစ်ပြီးတဲ့ အခါမှာ အနောက် အင်အားကြီးတွေဖြစ်တဲ့ ပြင်သစ် နဲ့ အင်္ဂလိပ်တို့ထိန်းချူပ်တဲ့ ကိုယ်ပိုင်အုပ်ချူပ်ခွင့် နယ်မြေတစ်ချို့ကို စေ့စပ်ညှိနှိုင်းပြီး ပြန်လည်ရယူနိုင်ခဲ့တယ်။ ဘုရင် ဘာဂျီရာဘုဟာ ၁၉၁၃ ခုနှစ် မှာ ဆိုင်ယမ်နိုင်ငံသားတိုင်း မျိုးရိုးနာမည် ဆက်ခံစေရမယ်ဆိုတဲ့ အက်ဥပဒေကို ပြဌာန်းခဲ့တယ်။ ဒါကြောင့် ထိုင်းနာမည်မှာ ဘယ်မျိုးရိုးက ဆင်းသက်လာသလဲ ဆိုတာကို လွယ်လင့်တစ်ကူသိနိုင်တယ်။ ဥပမာပြောရရင် Initial or given name and family name or surnames တို့ ဖြစ်ပါတယ်။ သူက ဆိုင်ယမ်လူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုကို ခေတ်မှီတဲ့ ၀တ်စားဆင်ယင်မှုဖြစ်ဖို့ အားပေးခဲ့တယ်။ ကွမ်းစားတဲ့ အလေ့ကို ပယ်ဖို့ တိုက်တွန်းအားပေးခဲ့တဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။ ဆဌမမြောက် ဘုရင်ပြီး သူ့ရဲ့အရိုက်အရာကို ဆက်ခံတဲ့ သတ္တမမြောက်ရာမဘုရင် ပရာဂျာဒီပေါ့ခ် လက်ထက်မှာတော့ သူ့နောင်တော်ဘုရင် အသုံးအစွဲကြီးခဲ့မှုကြောင့် ဆိုင်ယမ်နိုင်ငံစီးပွားရေး ကို အကြီးအကျယ် ထိခိုက်စေတော့တယ်။ ဒါကြောင့် သူ့လက်ထက်မှာ စီးပွားရေးဆိုင်ရာဌာန တစ်ချို့ ဖြုတ်ပစ်လိုက်ရတယ်။ အလုပ်လက်မဲ့ဦးရေလည်း တိုးပွားလာတယ်။ ၁၉၃၀ ခုနှစ်ကတော့ ဆိုင်ယမ် (ခေါ်) ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ်နှစ်ဖြစ်ခဲ့တယ်။ ဆင်းရဲမွဲတေမှုတွေ ကြီးမားလာတော့တယ်။ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ဖြုတ်ပစ်မှုကြောင့် သတ္တမမြောက် ရာမဘုရင် ပရာဂျာဒီပေါ့ခ် အပေါ် ဆိုင်ယမ်လူထုက မကျေနပ်မှုတိုးပွားလာတော့တယ်။ ဆိုင်ယမ် နိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင် စနစ်အပေါ် လူထုယုံကြည်မှုနည်းပါးသထက် နည်းပါး လာတော့တယ်။ လူလတ်တန်းစား လူထုက ထွန်းကားနေဆဲဖြစ်တာကြောင့် အစိုးရပိုင်းဆိုင်ရာအုပ်ချူပ်မှုဌာနတွေမှာ ဘုရင့်ဆွေတော် မျိုးတော်တွေ ကြီးစိုးချယ်လှယ်မှုကို မကျေနပ်မှုလည်း တစ်ဖြေးဖြေးကြီးထွား လာတော့တယ်။ ဆိုင်ယမ်နိုင်ငံ ဆိုင်ရာ စာနယ်ဇင်းသတင်းစာတွေကလည်း လူထုရဲ့ ဘုရင်ပေါ်မကျေနပ်မှုကို ဖွင့်ချပြလာတယ်။

    ၁၉၃၀ အာဏာသိမ်းမှု နဲ့ စည်းမျဉ်းခံဘုရင်စနစ် အခြေခံဥပဒေပေါ်ပေါက်လာပုံ
    ၁၉၃၀ ခုနှစ် ၀န်းကျင်မတိုင်ခင်က ၁၉၂၀ ၀န်းကျင်လောက်ကတည်းက ထိုင်းလူငယ် လူတော်များဟာ အနောက်ဥရောပနိုင်ငံတွေမှာ သွားရောက်ပညာသင်နေ ကြပြီ ဖြစ်တယ်။ အဲဒီ အနောက်ဥရောပတွေမှာ ကျင့်သုံးတဲ့ ပါလီမန်ဒီမိုကရေစီပုံစံ အုပ်ချူပ်မှုတွေကြောင့် တိုးတက်လာပုံကို ကောင်းကောင်းကြီးသဘောပေါက် သိမြင်နေကြ ပြီဖြစ်ပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ဟာ ဆိုင်ယမ်နိုင်ငံမှာ မရှိသင့်တော့ဘူးဆိုတာကို ယုံကြည်နေကြပြီ ဖြစ်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြောင်းလဲဖို့အတွက် ဦးဆောင်လာတဲ့ အဲဒီ အချိန်က ထက်မြက်တဲ့ ပြင်သစ်ပြည်မှာ ဥပဒေပညာဆည်းပူးနေတဲ့ ဥပဒေကျောင်းသား ပရီဒီဖနှုန်ယုန် က တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့တယ်။ ပရီဒီ ဟာ ပြည်ပရောက် ဆိုင်ယမ်ကျောင်းသားများ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်။ ပရီဒီ နဲ့ အတူ ပြင်သစ်မှာ စစ်သိပ္ပံဘာသာရပ်ကို လေ့လာသင်ကြားနေတဲ့ ဆိုင်ယမ်စစ်တပ်က လူငယ်အရာရှိ ဖီဘွန်ဆုန်ခရမ် နဲ့ ပူးပေါင်းမိတယ်။ ၁၉၂၇ ခုနှစ်မှာ နှစ်ယောက်ပေါင်းပြီး လူထုပါတီ ကို ဖွဲ့စည်းခဲ့တယ်။ ဒီပါတီရဲ့ လုပ်ငန်းစဉ်က ဆိုင်ယမ်နိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြောင်းလဲဖို့ဖြစ်တယ်။ ပရီဒီ နဲ့ ဖီဘွန်တို့ဟာ ဆိုင်ယမ်နိုင်ငံကို သူတို့ ပါတီရဲ့အဖွဲ့ဝင်တွေနဲ့ အတူ ၁၉၃၁ ခုနှစ်လောက်မှာ ပြန်လာတယ်။ သူတို့ အဖွဲ့ကို ထိုင်းနိုင်ငံသမိုင်းမှာ တိုးတက်ရေးအုပ်စုလို့ လူသိများတယ်။ ဇွန်လ ၁၉၃၂ ခုနှစ် သတ္တမမြောက် ရာမဘုရင် ပရာဂျာဒီပေါ့ခ် ဘန်ကောက်မှ အဝေးကိုရောက်နေစဉ်မှာ တိုးတက်ရေးအုပ်စုဟာ သွေးစွန်းမှုမရှိပဲ အာဏာသိမ်းနိုင်ခဲ့တယ်။ ဆိုင်ယမ်စစ်တပ်ကို သူတို့ဘက်ပါဖို့ အာဏာမသိမ်းခင်ကတည်းက စည်းရုံးခဲ့ပြီးဖြစ်တယ်။ ခုခံချင်တဲ့ ဘုရင့်ဆွေတော်မျိုးတော်တစ်ချို့ကို အကျဉ်းထောင်တွင်းပို့ ခဲ့တယ်။ ဘုရင် ပရာ၈ျာဒီပေါ့ခ်ကို စည်းမျဉ်းခံဘုရင်စနစ်ကို လက်ခံဖို့ ကြိုးစားပြီးစေ့စပ်ခဲ့ကြတယ်။ ဒီနေရာမှာ သတိထားကြည့်စေချင်တယ်။ ပရီဒီ နဲ့ ဖိဘွန်တို့ရဲ့ တိုးတက်ရေးအုပ်စုဟာ ဘုရင်စနစ်ကို လုံးဝ ကြီးဖြိုချဖို့ မလုပ်ခဲ့ပါ။ ဘုရင်ကို သမိုင်းရဲ့ သက်ရှိပစ္စည်းအဖြစ်နဲ့ တန်ဖိုးထားခဲ့ကြတယ်။ နောက် အရင် ရာမဘုရင်တွေလက်ထက်မှာ တိုင်းပြည်ကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီ ကြိုးစားအုပ်ချူပ်ခဲ့တာတွေ ရှိခဲ့တာကြောင့် တိုးတက်ရေးအုပ်စုဟာ ဘုရင်စနစ်ကို ဆိုင်ယမ်နိုင်ငံကနေ အပြီးအပိုင် မဖျက်သိမ်းခဲ့ပါ။ တန်ဘိုးထားခဲ့ကြတယ်။ အရင် ရာမဘုရင် တွေရဲ့ တိုင်းပြည်အပေါ်ကောင်းခဲ့တာကို ငဲ့ကွက်ခဲ့ကြလို့ပါပဲ။ နောက် ဘုရင်ကို စည်းမျဉ်းခံ အခြေခံဥပဒေကို လက်ခံဖို့ ကြိုးစားပြီးစေ့စပ်ညှိနှိုင်းခဲ့ကြတယ်။ နိုင်ငံတော်ကောင်စီ၊ အမျိုးသားရေးဆိုင်ရာ အဖွဲ့ကို အစိုးရသစ်အဖွဲ့အောက်မှာ ဖွဲ့ခဲ့ကြတယ်။ အစိုးရသစ် အဖွဲ့ဝင်တွေထဲမှာ သက်ဦးဆံပိုင်ကို လက်ခံဆဲအမြင်ရှိတဲ့ လူတွေလည်းရှိနေခဲ့တယ်။ ၁၉၃၃ ခုနှစ် အစောပိုင်းလောက်မှာ ပရီဒီ ဟာ နိုင်ငံတော်စီးပွားရေးဆိုင်ရာပေါ်လစီကို ရေးဆွဲခဲ့တယ်။ အစိုးရအဖွဲ့ဝင်တွေထဲမှာ သူ့ရဲ့ပေါ်လစီဟာ အလွန်မှ အခြေခံကျလွန်းပြီး လက်ဝဲသိပ်ယိမ်း တယ်ထင်တာကြောင့် အများစု လက်သင့်မခံခဲ့ကြဘူး။ စကားညှပ် အနေနဲ့ ဒီနေရာမှာ ပြောချင်တာက ပရီဒီဟာ သမ္မာစပ်တက္ကသိုလ် ထူထောင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သမ္မာစပ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတော်တော်များများဟာ နိုင်ငံရေးမှာ တက်ကြွပြီး၊ တိုးတက်ပွင့်လင်းတဲ့ အတွေးအခေါ်တွေရှိကြတယ်။ ၁၉၃၃ ခုနှစ်မှာ ဘုရင် ပရာဂျာဒီပေါ့ခ် ရဲ့ဝမ်းကွဲ ညီတော်က ပြန်လည် အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ပါ။ ဘုရင် ပရာဂျာဒီပေါ့ခ်ဟာ သက်ဦးဆံပိုင်ကိုသာ လိုလားတာဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ၁၉၃၄ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို ထွက်ခွာခဲ့ရတယ်။ ၁၉၃၅ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ထီနန်းစွန့်ကြောင်း တရားဝင်ကြေညာခဲ့တယ်။ သူရဲ့ ထီးနန်း စွန့်ကြောင်းတရားဝင်စာထဲမှာ မှတ်သားဖွယ် လေးစားဖွယ်ကောင်းတဲ့ အကောင်းမြင်တဲ့အရေးအသားကိုတွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့စာထဲမှာ ကျွန်ုပ်ပိုင်ဆိုင်ခဲ့သော အာဏာသည် ပြည်သူပြည်သားတွေဆီ ပြန်လည်ရောက်ရှိစေဖို့ အတွက် အာဏာကို စွန့်လွတ်သည်၊ သို့ပေမယ့် အာဏာသည် ပြည်သူများ၏ ဆန္ဒအစစ်အမှန် အသံမပါပဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့ပိုင်သို့ မရောက်ရှိစေဖို့ ဆန္ဒပြုသည်၊ ဆိုပြီး သမိုင်းဝင် မှတ်သားဖွယ် ပြုသဘောဆောင်သော အာဏာနဲ့ ထီးနန်းကို စွန့်လွတ်ကြောင်းစာထဲမှာ ရေးသားဖော်ပြခဲ့တယ်။ လေးစားအတုယူဖွယ်ကောင်းသော ဘုရင်တစ်ပါးပါ။ ကျားကုတ် ကျားခဲနဲ့ ထီးနန်းကို ဖက်တွယ်မထားပါ။ အာဏာ နဲ့ ထီးနန်းကို မမက်မော မဖက်တွယ်တော့ပဲ လိုလိုလားလားစွန့်လွတ်ခဲ့တာကိုက အတုယူစရာပါ။ ဘုရင်မရှိတော့ပေမယ့် အာဏာရ တိုးတက်ရေးအုပ်စုဟာ ဘုရင်စနစ်ကို သမိုင်းဝင် သက်ရှိအရာအဖြစ်တန်ဖိုးထားတာကြောင့် ဆွတ်ဇာလန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ မင်းသား အာနန်ဒါမဟီဒေါကို ချက်ကရီထီးနန်းအရိုက် အရာ ကိုဆက်ခံစေတယ်။ အဌမမြေက် ရာမဘုရင် မင်းသား အာနန်ဒါမဟီဒေါဟာ ထီးနန်းဆက်ခံတဲ့ အချိန်မှာ ၁၃ နှစ်သားအရွယ်ပဲ ဖြစ်သေးတာကြောင့် နန်းစောင့် အဖွဲ့ နဲ့ မင်းသား အသက် ၂၀ ပြည့်တဲ့ အထိ ထီးမွေနန်းမွေကို ထိမ်းသိမ်းထားစေတယ်။ တစ်ချို့ စာတွေထဲမှာ မင်းသားအာနန်ဒါမဟီဒေါဟာ လက်ဝဲယိမ်းတယ်လို့ အများကယူဆထားကြတဲ့ ပရီဒီနဲ့ ရင်နှီးတာကြောင့် မင်းသားကို လက်ဝဲအယူအဆ အတွေးအခေါ်တွေ ၀င်သွားမှာကို အာဏာရတိုးတက်ရေးအုပ်စုထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖီဘွန် နဲ့ အဖွဲ့ က စိုးရိမ်ကြတယ်။ ၁၉၃၃ ခုနှစ်မှ ၁၉၃၈ ခုနှစ် အတွင်း ဖိဘွန်ရဲ့ ချဲ့ထွင်မှုကြောင့် ထိုင်းစစ်တပ်ဟာ အင်အား ပိုကြီးမားလာတော့တယ်။



    အာဏာရှင် ဖီဘွန် နဲ့ ဒုတိယ ကမ္ဘာစစ်ကာလ
    ဒီဇင်ဘာလ ၁၉၃၈ ခုနှစ် ဖီဘွန် ဟာ စစ်အာဏာရှင်တစ်ယောက် အဖြစ်ရပ်တည်လာ တော့တယ်။ ထိုင်းနိုင်ငံရဲ့ တတိယမြောက် ၀န်ကြီးချူပ် (စစ်အာဏာရှင်) ဖြစ်လာတော့တယ်။ တိုးတက်ရေးအုပ်စုခေါင်းဆောင်တဦးဖြစ်တဲ့ ပရီဒီနဲ့လည်း အယူဝါဒ ကွဲကြတော့တယ်။ စစ်အာဏာရှင် အဖြစ် နဲ့ ပီပီပြင်ပြင် အကွက်ကျကျ ရပ်တည်လာတော့တယ်။ ၁၉၃၈ ခုနှစ် မှာပဲ ဆိုင်ယမ်နိုင်ငံ ကို ထိုင်းနိုင်ငံ အဖြစ် အမည်ပြောင်းလဲစေခဲ့တယ်။ ထိုင်းနိုင်ငံ အလံတော် (ယခုထိုင်းနိုင်ငံတော်အလံ) က အစ ပြောင်းလဲစေခဲ့တယ်။ ဖီဘွန်ဟာ အမျိုးသားရေးဝါဒ (မျိုးချစ်ဝါဒ) ပြင်းထန်သော စစ်အာဏာရှင်တယောက်လည်းဖြစ်တယ်။ သူ့ရဲ့ နိုင်ငံတော် ဆိုင်ရာ ပေါ်လစီတွေဟာ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ အပေါ် အခြေခံထားတယ်။ တရုတ် ဆန့်ကျင်သောသူ တယောက်လည်းဖြစ်သလို၊ တဘက်မှာ ၈ျပန်ကို လိုလားသော စစ်အာဏာရှင် တယောက်ဖြစ်နေပြန်တယ်။ ၁၉၄၀ ခုနှစ် နိုဝင်ဘာလလောက်မှာ ဂျာမဏီက ပြင်သစ်ကို စစ်နိုင်တာကို အကြောင်းပြုပြီး၊ ပြင်သစ်သိမ်းပိုက်ထားတဲ့ လာအို အနောက်ပိုင်း နဲ့ ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းတို့ကို ၀င်ရောက်တိုက်ခိုက်တယ်။ အဲဒီ ဒေသတွေဟာ အရင်တုန်းက ထိုင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တာကြောင့် ပြန်လည် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖီဘွန် နဲ့ အမြင် မတူတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ကမ္ဘာစစ်ကာလက ခေါင်းဆောင်တွေဟာ (ပရီဒီ လည်း ပါဝင်ပါတယ်။) စစ်ဘီလူးဂျပန်ကို တိုက်ဖို့အတွက် အင်္ဂလိပ် နဲ့ ပြင်သစ်တို့ထံမှ အကူအညီ ရယူဖို့ ကြိုးစားခဲ့ကြတယ်။ ဖီဘွန် နဲ့ အမြင်မတူတဲ့ စစ်အတွင်းကာလက ထိုင်းမျိုးချစ်ခေါင်းဆောင်တွေဟာ အင်္ဂလိပ် ဆီမှ အကူအညီ ကိုရရှိခဲ့ကြတယ်။ ဒီဇင်ဘာလ (၈)ရက် ၁၉၄၁ ခုနှစ်မှာ ဂျပန်ဟာ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်ခိုက်တော့တယ်။ ဂျပန် စစ်တပ်ဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းဖို့ တောင်းဆိုတယ်။ ဖီဘွန်ဟာ ဂျပန်လိုလားသူဖြစ်တာကြောင့် ဖြတ်သန်းခွင့်ပြုခဲ့တယ်။ ဒီနေရာမှာ စကားညှပ်အနေနဲ့ ပြောချင်တာက ကျနော်တို့ ဗမာပြည်သမိုင်းဝင်ရဲဘော်သုံးကျိပ်ဟာ ဂျပန်စစ်တပ်နဲ့ အတူ ထိုင်းကို ဖြတ်သန်းခွင့်ရတာဟာ ဖီဘွန်ရဲ့အာဏာရှင်အစိုးရဟာ ဂျပန်ကို လိုလားတဲ့ လူတွေဖြစ်နေလို့ပါ။ ဂျပန်စစ်တပ်ဟာ အင်္ဂလိပ်ပိုင်ဆိုင်တဲ့ စင်ကာပူကျွန်းကို လျှပ်တပြက် တိုက်ခိုက်ဖို့အတွက် ထိုင်းနိုင်ငံကို ဖြတ်သန်းခွင့်တောင်းဆိုခဲ့တယ်။ အာဏာရှင် ဖီဘွန်က ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် ထိုင်းလက်နက်ကိုင်စစ်တပ်တစ်ချို့က ဂျပန်တွေ ထိုင်းနယ်မြေထဲကို ၀င်လာမှုကို ခုခံတိုက်ခိုက်ခဲ့ကြတယ်။ ဖီဘွန်က ဂျပန်ဆန့်ကျင်ခဲ့တဲ့ ထိုင်းလက်နက်ကိုင်တစ်ချို့ကို ဂျပန်ကို မတိုက်ခိုက်ဖို့၊ လက်နက်ပြန်အပ်ဖို့ကို ဖိအားပေး နိုင်ခဲ့တယ်။ နောက် ထိုင်းနိုင်ငံဟာ ဂျပန်နဲ့ မဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဇန်န၀ါရီလ ၁၉၄၂ ခုနှစ်မှာ ဖီဘွန်ဦးဆောင်တဲ့ ထိုင်းအစိုးရဟာ အင်္ဂလိပ် နဲ့ အမေရိကန်ကို စစ်ကြေညာတယ်။ ဂျန်ပန်စစ်တပ် နဲ့ မဟာမိတ်ပြုခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အကြီးအကျယ်ထိခိုက်လာတယ်။ ဖီဘွန်အပေါ် ထိုင်းပြည်သူတွေရဲ့ အထွေထွေမကျေနပ်မှုက တဖြည်းဖြည်းကြီးထွားလာတော့တယ်။ ၁၉၄၂ ခုနှစ် နောက်ပိုင်းမှာ ဖီဘွန် အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ အင်္ဂလန် နဲ့ အမေရိကန်ရောက် ထိုင်းလူမျိုးများအဖွဲ့က ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ပရီဒီ ဦးဆောင်တဲ့ အဖွဲ့နဲ့ ချိတ်ဆက်မိတယ်။ သူတို့တွေပူးပေါင်း မိကြတယ်။ နောက်အဲဒီ အဖွဲ့ ကို လွတ်လပ်သော ထိုင်းလှုပ်ရှားမှု လို့လည်း ခေါ်ကြတယ် (Free Thai Movement)။ ဂျန်ပန်မလိုလားတဲ့ ဖီဘွန်ကိုဆန့်ကျင်တဲ့ အဖွဲ့ဟာ အင်အားတော်တော်စုဆောင်းမိလာတယ်။ နောက် ၈ျပန်တွေ ရုံးထိုင်တဲ့ နေရာတွေနဲ့ ဖီဘွန်အာဏာရှင် အစိုးရရုံးထိုင်တဲ့နေရာတွေကို ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်။ ဇူလိုင်လ ၁၉၄၄ ခုနှစ်မှာ ဖီဘွန်ကို ဖိအားပေးနှုတ်ထွက်ခိုင်းခဲ့တယ်။ ဖီဘွန် နှုတ်ထွက်ပေးခဲ့ရတယ်။ သြဂုတ်လ ၁၉၄၅ ခုနှစ်မှာ ဂျပန်ဟာ မဟာမိတ်အုပ်စုထံလက်နက်ချရတယ်။ ဂျပန်နဲ့ ပူးပေါင်းခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ အတော်ကို ကျပ်တည်းဒုက္ခရောက်ရ တော့တယ်။ ဂျပန်စစ်တပ်ဟာ သူတို့ရောက်တဲ့နိုင်ငံတိုင်းမှာ သူတို့ဘာသာ ငွေစက္ကူလုပ်ပြီး အဲဒီ နိုင်ငံမှာ သုံးခဲ့တယ်။ ထိုင်းနိုင်ငံဟာလည်း အဲဒီလို အသုံးပြုခံရတယ်။ ဂျပန်ငွေစက္ကူတွေကို ဂျပန်စစ်တပ်အတွက် တော်တော်များများရိုက်နှိပ်ထုတ်ပေးခဲ့ရတယ်။ ဒါကြောင့် အဲဒီကာလမှာ ငွေကြေးဖောင်းပွမှုဟာ အစမတန်ကြီးမားခဲ့ရတယ်။ ဂျပန် စစ်ရှူံးတော့ အဲဒီငွေစက္ကူတွေဟာ ဘာမှ အသုံးပြုလို့မရတော့ဘူး။ ထိုင်းရဲ့စီးပွားရေးရော၊ နိုင်ငံကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်ပြဿနာရော ဖီဘွန် နှုတ်ထွက်ပြီးနောက်ပိုင်း ကြုံရတော့တယ်။ ဖီဘွန် နှုတ်ထွက်ပြီးနောက်ပိုင်း ခုနှစ်ကြိမ်မြောက် ၀န်ကြီးချူပ်အပြောင်းအလဲဖြစ်ခဲ့တယ်။ ပရီဒီက ထိုင်းနိုင်ငံရဲ့ ရှစ်ယောက်မြောက် ၀န်ကြီးချူပ်ဖြစ်လာတယ်။ ဒါပေမယ့် ၀န်ကြီးချူပ်အဖြစ် တလလောက်ပဲခံတယ်။ ဒီနေရာမှာ စဉ်းစားစရာက ပရီဒီလို ပညာတတ်တဲ့ လူလတ်ပိုင်းခေါင်းဆောင် တယောက်ရှိရဲ့ သားနဲ့ ခေါင်းဆောင်ပြဿနာ ဘာကြောင့်တက်တာလဲဆိုတာပါ။ ပရီဒီကို ခေါင်းဆောင်အဖြစ်ဘာလို့ မရွေးကြတာလဲဆိုတော့ ပရီဒီဟာ လက်ဝဲယိမ်းတဲ့ ပညာရှင်ဖြစ်နေလို့ သူ့ကို သက်ကြီးခေါင်းဆောင်ပိုင်းက မကြိုက်ကြပါ။ သက်ဦးဆံပိုင်လိုလား တဲ့ သက်ကြီးခေါင်းဆောင်ပိုင်းလည်းပါဝင်ပါတယ်။ နောက် ထိုင်းစစ်တပ်ထဲမှာ ကွန်မြူနစ်ကို မလိုလားတဲ့သူတွေ များပါတယ်။ ကွန်မြူနစ်ကို မလိုလားတဲ့အထဲမှာ ဖီဘွန်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ပြီးစ ထိုင်းနိုင်ငံဟာ ခေါင်းဆောင် ပိုင်းပြဿနာ တက်လာပါတော့တယ်။ အာဏာရှင်ဆန်ဆန် ညွှန်ကြားနိုင်မယ့် ခေါင်းဆောင်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ထိုင်းနိုင်ငံအတွက် အဲဒီကာလမှာ လိုအပ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ ဖီဘွန်ပဲ ၁၉၄၈ ခုနှစ် ဧပြီလ (၈) ရက်မှာ ဖီဘွန် အာဏာပြန်ရလာတယ်။ ဒီတစ်ခါတော့ သူဟာ ဖီမာရှယ်ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံရဲ့ (၁၁) ယောက်မြောက် ၀န်ကြီးချူပ် စစ်အာဏာရှင်ပါပဲ။ အမေရိကန်ဟာ ထိုင်းနိုင်ငံက ဒုတိယ ကမ္ဘာစစ်ကာလက စစ်ကြေညာခဲ့တာကို လက်မခံခဲ့ပါဘူး။ ထိုင်းနိုင်ငံအပေါ် နားလည်ပေးခဲ့တယ်။ နောက် ဖီဘွန်လည်း ကမ္ဘာ့စစ်ရာဇ၀တ်ကောင် အဖြစ်မှ သီသီလေးလွတ်ကင်းခဲ့ရတယ်။ ဒါကြောင့် ဖီဘွန်ဟာ ၈ျပန်လည်း စစ်ရှူံးရော ထိုင်းနိုင်ငံမျက်နှာစာကနေ ခေတ္တခဏ ဖျောက်နေခဲ့တာပါ။ နောက် ပရီဒီတို့ ဦးဆောင်တဲ့ အာဏာသိမ်းမှုကို အကြည်အသာပဲ လက်ခံခဲ့တယ်။ နောက်မှ ပြန်ပြီး ထိုင်းနိုင်ငံရေးထဲ တကျော့ပြန် စစ်အာဏာရှင် အနေနဲ့ ၀င်လာတာပါ။ ၁၉၄၀-၄၁ ခုနှစ် က ပြင်သစ်ထံမှ ပြန်ရခဲ့တဲ့ နယ်ပယ်တစ်ချို့ကို ( ယခု ထိုင်းနိုင်ငံတောင်ပိုင်းက မလေးစကားပြော ထိုင်းမလေးတွေနေတဲ့ နယ်ပယ် အပါအ၀င်ဖြစ်ပါတယ်။) ကုလသမဂ္ဂရဲ့ အတည်ပြုမှုနဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကာလနောက်ပိုင်းဖြစ်တဲ့ စစ်အေးခေတ်ကာလ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဟာ လွယ်လင့်တကူတော့ မဖြစ်ခဲ့ပါ။ ဂျွန်လပိုင်း ၁၉၄၆ ခုနှစ်မှာ ရှစ်ကြိမ်မြောက် ရာမဘုရင်လောင်း မင်းသား အာနန်ဒါမဟီဒေါဟာ သူ့ရဲ့အိပ်ယာထက်မှာ နားထင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်။ ဖီဘွန်ဟာ သူ့ရဲ့ ရန်ဘက်လည်းဟုတ်၊ ပြိုင်ဘက်လည်းဟုတ်တဲ့ ပရီဒီကို စွပ်စွဲတယ်။ နောက်ဆုံး ပရီဒီ ဥရောပ နိုင်ငံတခုကို ထွက်ပြေးခဲ့ရတော့တယ်။ မင်းသားအာနန်ဒါမဟီဒေါ အသတ်ခံရတဲ့ ကိစ္စဟာ အခုထက်ထိ ထိုင်းနိုင်ငံသမိုင်းမှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုခင်းကြီး တခုပါပဲ။ ပါးစပ်ပြောရာဇ၀င်တွေနဲ့ ကောလဟလတွေလည်းအများကြီးပါပဲ။ အပြောအများဆုံး ရာဇ၀င်တစ်ခုကတော့ ဖီဘွန်ရဲ့ လူယုံတစ်ချို့ သတ်တယ်လို့ ယူဆကြတယ်။ နောက် ပရီဒီကို စွပ်စွဲတယ်။ မင်းသား အာနန်ဒါ နဲ့ သူ့ရဲ့ ညီတော်မင်းသား အဒူရာဒတ်ခ်ျ (ယခုလက်ရှိ ထိုင်းနိုင်ငံဘုရင်) တို့ဟာ ဆော့ရင် တကယ့်သေနတ်တိုတွေကို ကိုင်ပြီးဆော့ကြ တယ်လို့ ပြောကြတယ်။ အဲဒါကို သိတဲ့ လုပ်ကြံမယ့် အဖွဲ့ဟာ မင်းသားတွေဆော့တဲ့ သေနတ်ထဲမှာ တကယ့် သေနတ်ကျည်ဆံတွေကို သွားထည့်ထားခဲ့တယ်လို့ ဆိုကြတယ်။ နောက် မင်းသား အာနန်ဒါ မဟီဒေါဟာ ပရီဒီ နဲ့ ရင်နှီးကျွမ်းဝင်ပါတယ်။ နောက် သူဟာ လက်ဝဲယိမ်းတယ်လို့ လည်းဆိုကြတယ်။ လက်ဝဲ အယူအဆကို ကြောက်တဲ့ ဖီဘွန်က လုပ်ကြံတယ်လို့လည်း ဆိုကြတယ်။ တချက်ခုတ်၊ နှစ်ချက်ပြတ် လက်ဝဲယိမ်းတဲ့ အဌမမြောက်ရာမဘုရင် ဖြစ်လာမယ့် မင်းသား အာနန်ဒါမဟီဒေါလည်း သေ၊ ပရီဒီလည်း ထွက်ပြေးရတော့တယ်လို့ ဆိုကြတယ်။ အဲဒီ နိုင်ငံမငြိမ်သက်မှုတွေကြောင့်ပဲ ဖီဘွန် နောက်တကျော့ ၁၉၄၈ ခုနှစ်မှာ အာဏာပြန်သိမ်းနိုင်ခဲ့တာပါ။ စစ်အေးခေတ် အရှေ့တောင်အာရှနိုင်ငံတွေမှာ ကွန်မြူနစ် လွှမ်းမိုးမှာကိုကြောက်တဲ့ အမေရိကန်၊ အင်္ဂလန် နဲ့ ဥရောပ နိုင်ငံတွေဟာ ထိုင်းနိုင်ငံကို ကွန်မြူနစ်ဝါဒပြန့်နှံ့မှုကို တားဆီးနိုင်မယ့် ခံကတုတ်ကျင်းနိုင်ငံ အဖြစ်ကြည့်လာပါတော့တယ်။ စစ်အေးကာလမှာ ကွန်မြူနစ်ဝါဒ ထူထောင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ပေါ်ထွန်း လာခဲ့တော့တယ်။ ကိုရီးယားစစ်ပွဲအတွက် ထိုင်းနိုင်ငံဟာ ထိုင်းစစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် စစ်တပ်တွေကို ကူဖို့ စေလွှတ်ပေးခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ စီးတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့တယ် (Southeast Asia Treaty Organization: SEATO)။ စီးတိုးဟာ ကွန်မြူဝါဒကျယ်ပြန့်လာမှုကို ဆန့်ကျင်တားဆီးဖို့ ဖွဲ့ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကွန်မြူနစ်စနစ်ကို ပီပီပြင်ပြင်ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာတော့ ကွန်မြူနစ် တစ္ဆေခြောက်မှုဟာ အာဏာရှင်ဖီဘွန်အုပ်ချူပ်တဲ့ ထိုင်းနိုင်ငံဆီကို ရောက်ရှိလာခဲ့တယ်။ နဂိုကတည်းက ဖီဘွန်ဟာ တရုတ်လူမျိုးဆန့်ကျင်သူဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ရှိတဲ့ တရုတ်လူမျိုးတွေကို စတင်ဖိနှိပ် ပါတော့တယ်။ တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းပြီး ဖိနှိပ်ခဲ့တယ်။ ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံဟာ အမေရိကန်နိုင်ငံဆီမှ စီးပွားရေးအကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေကို ဒလဟော ရရှိခဲ့တယ်။ အခြေခံအဆောက်အအုံ၊ လမ်းတံတား တွေကို အဲဒီ ကာလအတွင်းမှာ ဆောက်လုပ်နိုင်ခဲ့တယ်။ ထိုင်းစစ်တပ်အင်အားနဲ့ ထိုင်းပြည်သူ့ရဲတပ်ဖွဲ့ အင်အားကိုလည်း တိုးချဲ့ခဲ့တယ်။ အာဏာရှင် ဖီဘွန်ရဲ့လူယုံ ဆာရစ်ဟာ ၁၉၅၄ ခုနှစ်မှာ ဖီးမာရှယ်အဖြစ် ရာထူးတိုးပေးခံရတယ်။ ဖီဘွန်ရဲ့ သွင်းကုန်၊ ထုတ်ကုန်စည်းကျပ်တဲ့ ဥပဒေတွေကို ဆာရစ်အပါဝင် သူ့ကိုထောက်ခံတဲ့ လူလတ်တန်းစားစီးပွားရေးသမားတွေဟာ မကျေနပ်တာကြောင့် ဖီဘွန်ကို ဖြုတ်ချဖို့ကြိုးစားလာတယ်။ ဖီဘွန်အပေါ် ယုံကြည်မှုဟာ တဖြည်းဖြည်း ကျဆင်း လာတော့တယ်။

    စစ်အာဏာရှင် ဆာရစ် နှင့် ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးလာပုံ
    စက်တင်ဘာလ ၁၉၅၇ ခုနှစ်မှာ ဖီးရှယ်ဆာရစ်ဟာ ဖီဘွန်ဆီမှ အာဏာသိမ်းခဲ့တယ်။ စစ်အာဏာရှင် ဆာရစ်လက်ထက်မှာတော့ ထိုင်းနိုင်ငံ စီးပွားရေးဟာ သိသိသာသာ တိုးတက်ဖြစ်ထွန်းလာတယ်။ အာဏာရှင်ဆာရစ်ဟာ ပြည်တွင်းရင်နှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေကို သာမာန်အရပ်သားပြည်သူတွေ လုပ်ပိုင်ခွင့်ရရှိစေဖို့ အားပေးအားမြှောက်ပြုခဲ့တဲ့ စံပြအာဏာရှင်တယောက်ပါ။ သူ့ရဲ့ နိုင်ငံတော်စီးပွားရေးမူဝါဒ တွေဟာလည်း အရပ်သားပြည်သူတွေလုပ်ပိုင်ခွင့်ကို အားပေးတဲ့ မူဝါဒတွေကိုသာ အဓိကထားချမှတ်ခဲ့တယ်။ ဒါကြောင့် ထိုင်းပြည်သူပြည်သားတွေဟာ သူ့ပေါ် နှစ်သက် လေးစားကြတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ လူကြိုက်အများဆုံး စစ်အာဏာရှင် တယောက်ပါပဲ။ စစ်အာဏာရှင် ဆာရစ်လက်ထက်မှာ အဝေးပြေးကားလမ်းဆောက်လုပ်မှု၊ ဆည်မြောင်း တာတမံ ဆောက်လုပ်မှု၊ ဝေးလံတဲ့ နေရာဒေသတွေအထိ လျှပ်စစ်မီး သွယ်တန်းနိုင်မှု၊ စာသင်ကျောင်း တွေကို နိုင်ငံအနှံ ဆောက်လုပ်နိုင်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်။ မင်းသား အာနန်ဒါမဟီဒေါနောက်ဆက်ခံတဲ့ န၀မမြောက် ရာမဘုရင် ဘူမီဒေါ အဒူရာဒတ်ခ်ျနဲ့ သူ့ရဲ့မိဖုရား စီရီိခေတ်တို့ကို လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အားပေးခဲ့တဲ့ စစ်အာဏာရှင်တယောက်လည်းဖြစ်ပါတယ်။ ဘုရင်နဲ့ မိဖုရားတို့ဟာ နိုင်ငံအနှံ လူထုအကျိုးပြုလုပ်ငန်းတွေကို အာဏာရှင်ဆာရစ်အားပေးတိုက်တွန်းမှုကြောင့် အားသွန်ခွန်စိုက်ပြုလုပ်နိုင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင်မျိုးဆက်ဟာ ၁၉၃၂ ခုနှစ်အာဏာ သိမ်းပြီး ကတည်းက မှေးမှိန်ခဲ့ရတယ်။ ဆာရစ်လက်ထက်ကျမှ ပြန်လည် အသက်ဝင်လာတယ်။ ဘုရင် နှင့် မိဖုရားအပေါ် ထိုင်းပြည်သူတွေ အာရုံစိုက်မှုရှိလာတယ်။ န၀မမြောက်ရာမ ဘုရင်ဟာလည်း ခေတ်ပညာတတ်တဲ့ ဥရောပနိုင်ငံနဲ့ အနောက်နိုင်ငံမှာ နိုင်ငံရေး သိပ္ပံဘာသာရပ် လေ့လာ ဆည်းပူး ခဲ့သောဘုရင်တပါးဖြစ်တာကြောင့် တိုင်းပြည်တိုးတက် ဖို့အတွက် အထောက်အကူပြုမယ့် အမြှော်အမြင်ရှိတဲ့ ဘုရင်တပါးလည်းဖြစ်ပါတယ်။ အာဏာရှင် ဆာရစ်ဟာ ၁၉၆၃ ခုနှစ်မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တော့ သူ့ရဲ့အာဏာကို တနှုန်ကစ်တ်တီကချွန် နဲ့ ပရာဖာချာရူဆာသီယံ တို့က ထိုင်းနိုင်ငံကို ပူးတွဲအုပ်ချုပ်ကြတယ်။ တနှုန်-ပရာဖာ ခေတ်လို့ လူသိများပါတယ်။

    ပူးတွဲ စစ်အာဏာရှင် တနှုန်-ပရာဖာ ခေတ်
    တနှုန်-ပရာဖာခေတ်မှာ ထိုင်းနိုင်ငံဟာ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ဘက်ကနေ ၀င်ကူပေးခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ ထိုင်းစစ်တပ် တစ်သောင်းတထောင်ကျော်ကို ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ကို ကူဖို့ စေလွှတ်ပေးခဲ့တယ်။ ဒါကြောင့် သူတို့ခေတ်မှာ အမေရိကန် ပိုက်ဆံတွေ ထိုင်းနိုင်ငံဆီကို အလုံးအရင်းလိုက်ဝင်လာတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုကြီးထွားလာယုံတင်မက၊ဆင်းရဲချမ်းသာကွာဟမှုလည်းကြီးထွားလာတော့တယ်။ ဌာနဆိုင်ရာ လာဘ်စားမှုတွေလည်း ပိုပြီးရှိလာတယ်။ ဆင်းရဲ-ချမ်းသာကွာဟမှု ကြီးမားမှုကြောင့် လူထုရဲ့အထွေထွေမကျေနပ်မှု ကလည်း တဖြည်းဖြည်းရင့်မှည့်ပေါက်ကွဲ မှုဆီကို ဦးတည်လာတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင်းရှိထိုင်းလူထု၊ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မလေးမွတ်ဆလင်၊ နဲ့ ထိုင်းနိုင်ငံ မြောက်ဖျားပိုင်းမှာ နေထိုင်တဲ့ မုန်လူမျိုးတွေရဲ့ ပုန်ကန်ထကြွမှုလည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသ တွေဟာ ထိုင်းနိုင်ငံမှာ အဆင်းရဲဆုံးဒေသတွေဖြစ်လို့ပါပဲ။ ဆင်းရဲမှုပမာဏက အခုထက်ထိရှိနေဆဲပါ။ တနှုန်-ပရာဖာ ခေတ်မှာလည်း လူလတ်တန်းစား ပညာတတ်တွေထွန်းကားဖြစ်တည်မှုက ရှိနေဆဲဖြစ်တာကြောင့် ထိုလူတန်းစားတွေရဲ့ မကျေနပ်မှုက ပိုကြီးမားလာတယ်။ အမြင်ကျယ်တဲ့ ပညာတတ်တွေက ထိုင်းနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်သွားဖို့ တိုက်တွန်းစည်းရုံးနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် တနှုန်-ပရာဖာ စစ်အာဏာရှင် အုပ်စုအတွင်းမှာ သဘောထားစတင်ကွဲလာပါတယ်။ ပညာတတ်ပေါက်စ ကျောင်းသားအစုအဖွဲ့တွေကလည်း ထိုင်းနိုင်ငံကို ပြည်သူ့ဒီမိုကရေစီစစ်စစ်ပုံစံကို လုပ်ဖို့ စတင်လှုပ်ရှားလာကြတော့တယ်။ ၁၉၃၂ ခုနှစ် မှ ၁၉၇၁ ခုနှစ်အတွင်းရေးဆွဲခဲ့သော ထိုင်းနိုင်ငံ အခြေခံဥပဒေဟာ (၈)ကြိမ်တိတိ ရှိခဲ့ပါတယ်။ အဲဒီရှစ်ကြိမ်တိတိ ရေးဆွဲခဲ့သော အခြေခံဥပဒေတွေဟာ အာဏာရှင်သက်စိုးရှည်ဖို့ ရေးဆွဲခဲ့သော အခြေခံဥပဒေတွေချည်းပါပဲ။ တနှုန်-ပရာဖာ တို့ ရေးဆွဲခဲ့သော ထိုင်းနိုင်ငံအခြေခံဥပဒေတွေဟာလည်း စစ်အာဏာရှင် သက်ဆိုးရှည်ရေး ဥပဒေတွေချည်းပဲဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ပညာသွားသင်ပြီးပြန်လာတဲ့ ထိုင်းပညာတတ်တွေ များပြားလာတာကြောင့် ထိုင်းစစ်အာဏာရှင်တွေ ရေးဆွဲခဲ့သမျှသော အခြေခံဥပဒေတွေဟာ နောက်ပိုင်း ထိုင်းလူထုက လက်သင့်မခံနိုင်ကြတော့ပါ။ အထူးသဖြင့် တက်ကြွရဲရင့်ဖြူစင်သော ထိုင်းကျောင်းသူ၊ ကျောင်းသားတွေက အဲဒီ စစ်အာဏာရှင်ရော၊ စစ်အာဏာရှင်တွေရေးဆွဲတဲ့ အခြေခံဥပဒေရောကို ဆန့်ကျင်လာပါတော့တယ်။

    အောက်တိုဘာ ၇၃ အရေးအခင်း
    သမ္မာစပ်တက္ကသိုလ်က ဦးဆောင်တဲ့ စစ်မှန်သောဒီမိုကရေစီကို အခြေခံသော အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး လှုပ်ရှားမှုကို စတင်ပါတော့တယ်။ အောက်တိုဘာလ ၁၉၇၃ခုနှစ်မှာ တနှုန်-ပရာဖာ စစ်အုပ်စုဟာ ကျောင်းသားခေါင်းဆောင် တစ်ချို့ကိုဖမ်းဆီး ထိန်းသိမ်းလိုက်တော့တယ်။ အဲဒီလို ဖမ်းဆီးမှုကြောင့် အခြေခံပညာကျောင်းသူ ၊ ကျောင်းသားတွေအပါအ၀င်၊ တစ်ခြားတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားတွေဟာ သမ္မာစပ်တက္ကသိုလ်ကျောင်းထဲမှာ စုရပ်လုပ်ပြီး ထိုင်းသမိုင်းမှာ အကြီးကျယ်ဆုံးသော ဆန္ဒပြမှုကို စတင်တော့တယ်။ တနှုန်-ပရာဖာ စစ်အုပ်စုကို ဆန့်ကျင်တဲ့ တစ်သိန်းကျော်ဝန်းကျင် ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ဆန္ဒပြမှုပါ။ န၀မမြောက် ရာမ ဘုရင် ဘူမီဒေါရဲ့ စေ့စပ်မှုကြောင့် နောက်ဆုံးမှာ စစ်အုပ်စုဟာ ဖမ်းဆီးထားတဲ့ ထိုင်းကျောင်းသား ခေါင်းဆောင်တွေကို ပြန်လည်လွတ်ပေးခဲ့ရ တော့တယ်။ နိုင်ငံရေး ပြုပြင်မှုလုပ်ပါ့မယ်ဆိုပြီး ကတိက၀တ်ပေးတယ်။ ဒါပေမယ့် ထိုင်းကျောင်းသူ၊ ကျောင်းသားတွေရဲ့ တနှုန်-ပရာဖာ ထိုင်းစစ်အာဏာရှင် အုပ်စုအပေါ် ယုံကြည်မှုကင်းမဲ့ နေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေရဲ့ဆန္ဒပြမှုဟာ ဆက်ပြီးရှိ နေခဲ့ပါတယ်။ စစ်အုပ်စုက ဆန္ဒပြမှုတွေကို အောက်တိုဘာ (၁၄) ရက် နောက်ဆုံးထားပြီး ရပ်တန့်ဖို့ နဲ့ မရပ်တန့်ပါက ဖြိုခွဲနှိမ်နှင်းမယ်ဆိုပြီး ခြိမ်းခြောက်တော့တယ်။ ဒါကြောင့် အောက်တိုဘာလ (၁၄)ရက် ၁၉၇၃ ခုနှစ်ဟာ ထိုင်းသမိုင်းမှာ ဘယ်လိုမှ မမေ့နိုင်တဲ့ ဒီမိုကရေစီ ကျောင်းသူ၊ကျောင်းသား သူရဲကောင်းတွေရဲ့ ကျဆုံးခဲ့မှုကို တန်ဘိုးထားမှတ်တမ်း တင်ထားခဲ့တာပါ။ အဲဒီတုန်းက ကျဆုံးခဲ့သော ကျောင်းသူကျောင်းသားတွေရဲ့ စာရင်း သမ္မာစပ်တက္ကသိုလ်မှာ မှတ်တမ်းတင် ထားပါတယ်။ အဲဒီ အောက်တိုဘာလ(၁၄)ရက်နေ့ ရောက်တိုင်း သမ္မာစပ်တက္ကသိုလ် (တပါဂျန်)မှာ အထိမ်းအမှတ် လွမ်းဆွတ်မှုသတိရမှု နဲ့ ဂုဏ်ပြုပွဲကို နှစ်စဉ်ပြုလုပ်နေဆဲပါ။ နောက်ဆုံးမှာတော့ တနှုန်-ပရာဖာတို့ တိုင်းပြည်မှထွက်ပြေးရတော့တယ်။ နောက် န၀မမြောက်ရာမဘုရင် ဘူမီဒေါ က သမ္မာစပ်တက္ကသိုလ် ပါမောက္ခချူပ်ဟောင်း စန်ရာဓမ္မာစတီ ကို ကြားဖြတ်ဝန်ကြီးချူပ်အဖြစ် တာဝန်ယူဖို့ ရွေးချယ်ပေးခဲ့တယ်။ ၁၉၇၃ အောက်တိုဘာ (၁၄) အရေးအခင်းပြီးတော့ ၁၉၇၁ ခုနှစ်မှာ တနှုန်-ပရာဖာ စစ်အုပ်စုရေးဆွဲခဲ့သော အခြေခံဥပဒေကို အောက်တိုဘာလ ၁၉၇၄ ခုနှစ်မှာ ပါလီမန် ဒီမိုကရေစီ စစ်စစ်ပုံစံဖြစ်အောင်ပြန်လည်ရေးဆွဲခဲ့တယ်။ အဲဒီ ရေးဆွဲခဲ့သော အခြေခံဥပဒေဟာ (၂)နှစ်ပဲ ခံတယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေရဲ့ အကျိုးကျေးဇူးကြောင့် ပါလီမန်ထဲမှာ ပွင့်ပွင့်လင်းလင်းဝေဖန်ခွင့်ရှိခဲ့တယ်။ ဘုရင်မိသားစု ဆွေတော်မျိုးတော်ကို တောင်ဝေဖန်နိုင်ခွင့်ရှိခဲ့တယ်။ ထိုင်းစစ်တပ်ရဲ့ အရင် နိုင်ငံရေးမှာ ၀င်ရောက်စွပ်ဖက်လုပ်ပိုင် ခွင့်လည်း သိသိသာသာလျော့နည်းလာတယ်။ ထိုင်းစစ်တပ်ဟာ သူ့ရဲ့နိုင်ငံရေးအာဏာ ကျဆင်းလာတာကြောင့် နောက်ထပ် အာဏာသိမ်းဖို့ ပြင်ဆင်လာတော့တယ်။ ဘေးပတ်ဝန်းကျင် နိုင်ငံတွေဖြစ်တဲ့ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတွေဟာ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ကုန်တာကို အကြောင်းပြပြီး၊ အရင် ၁၉၇၃ ခုနှစ် အောက်တိုဘာ (၁၄) ရက်က ကျောင်းသားလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ကွန်မြူနစ်တွေလို့ ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းက စွပ်စွဲဖန်တီးလာတော့တယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲချင်တာမို့ အောက်တိုဘာလ ၁၉၇၆ ခုနှစ်မှာ ထိုင်းဘုရင်ရဲ့ ထောက်ခံမှုကို ရယူပြီး ထိုင်းစစ်တပ်ဟာ ခုနှစ်ကြိမ်မြောက် အာဏာသိမ်းမှုကို ပြုလုပ်ခဲ့တယ်။
    ဒါကြောင့် ထိုင်းသမိုင်းမှာ နောက်ထပ်သွေးစွန်းတဲ့ အရေးအခင်းတစ်ခုဟာ အခုထက်တိုင် မေ့ပျောက်လို့ မရနိုင်ပါဘူး။ အောက်တိုဘာလ (၆)ရက် ၁၉၇၆ ခုနှစ်မှာ သမ္မာစပ်တက္ကသိုလ်ကျောင်းမြေပေါ်မှာပဲ လက်ဝဲဆန်တဲ့ ကျောင်းသားတွေကို ပြင်းထန်စွာ နှိမ်နှင်းသတ်ဖြတ်ခံခဲ့ရတယ်။ နောက် ၁၉၇၄ ခုနှစ်က ရေးဆွဲခဲ့သော အခြေခံဥပဒေ နဲ့ ပါလီမန်ကို ဖျက်သိမ်းခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ ထိုင်းမြေပေါ်မှာ ဖြစ်ထွန်းတော့မယ့် ဒီမိုကရေစီ အသီးအပွင့်ကို တားဆီးလိုက်တာပဲဖြစ်ပါတယ်။ ကျောင်းသား ခေါင်းဆောင်တစ်ချို့ တောခိုခဲ့ရတယ်။ ကွန်မြူနစ်စနစ်ကို ယုံကြည်တဲ့ ထိုင်းကျောင်းသား ခေါင်းဆာင်းတစ်ချို့ဟာ ၁၉၇၀ ခုနှစ်လွန်လောက်ကတည်းက ထိုင်းကွန်မြူနစ် သူပုန်အဖွဲ့ နဲ့ ပူးပေါင်းခဲ့ကြတယ်။ ကွန်မြူနစ်ပါတီ (ထိုင်းနိုင်ငံ) ဟာ ၁၉၄၂ ခုနှစ်မှ ၁၉၈၀ ခုနှစ်ပြည့် လွန်နှစ်များ အထိ လှုပ်ရှားတက်ကြွခဲ့ကြတယ်။ ၁၉၆၀ ခုနှစ်ပြည့်လွန်လောက်မှာ ပါတီ အဖွဲ့ဝင်အင်အား များပြားလာခဲ့တယ်။ ၇၀ ပြည့်လွန်နှစ်တွေမှာတော့ ထိုင်းလူငယ်ကျောင်းသား ထဲမှာ ထိုင်းကွန်မြူနစ်ပါတီရဲ့ ၀ါဒရေးရာတွေကို လက်ခံယုံကြည်တဲ့လူတွေရှိလာတယ်။ ထိုင်း ကျေးလက် လူတန်းစား တော်တော်များများဟာ ထိုင်းကွန်မြူနစ်ပါတီကို ထောက်ခံခဲ့ကြ တယ်။ လက်နက်ကိုင် အင်အား သောင်းပိုင်းလောက်ကို ထူထောင်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ထိုင်းကျောင်းသား ခေါင်းဆောင်တစ်ချို့ တောခိုတဲ့အခါ ထိုင်းကွန်မြူနစ်ပါတီကို အားကိုးပြီး တောခိုခဲ့ရတာပါ။ အဲဒီ ကွန်မြူနစ်ဝါဒကို လက်ခံမှုမရှိတဲ့ ကျောင်းသားတွေလည်းပါခဲ့ပါတယ်။ န၀မမြောက် ရာမဘုရင် ဘူမီဒေါကလည်း ကွန်မြူနစ် တစ္ဆေကြောက်တဲ့ ဘုရင်တစ်ပါးပါ။ ဒါကြောင့် ထိုင်းစစ်တပ်ဟာ ကွန်မြူနစ်ဝါဒကို အကြောင်းပြပြီး အာဏာကိုသိမ်းခဲ့တာပါ။ ၁၉၇၆ အာဏာသိမ်းစစ်အုပ်စုဟာ (၁၁)ကြိမ်မြောက် ထိုင်းအခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ ၇၆ အခြေခံ ဥပဒေဟာလည်း နိုင်ငံတော် အဓိပတိ (ခေါ်) ၀န်းကြီးချူပ်ကို အကြွင်းမဲ့အာဏာ အပ်နှင်းထားတာကြောင့် ထိုင်းကျောင်းသား၊ပြည်သူတွေ အတွက် လက်သင့်ခံနိုင်စရာ မရှိခဲ့ပါ။ နိုင်ငံရေးပါတီ ဖွဲ့စည်းမှုတွေကိုလည်း တားမြစ်ခဲ့တယ်။ အဲဒီ အချိန်က အာဏာသိမ်းစစ်တပ်က ထိုင်းနိုင်ငံ ၀န်ကြီးချူပ်အဖြစ် သနင်ခရိုင်ဗီဇီယမ် ကိုခန့်အပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အယောက် နှစ်ဆယ်မြောက် ၀န်ကြီးချူပ်လည်းဖြစ်ပါတယ်။ ဘုရင် အပေါ် သစ္စာစောင့်သိလွန်းတဲ့ အရပ်သားစစ်စစ် ၀န်ကြီးချူပ်တယောက်ပါ။ ၁၉၃၂ ခုနှစ် မှ ၂၀၀၇ ခုနှစ် အထိအုပ်ချူပ်ခဲ့သော ထိုင်းဝန်ကြီးချူပ်ပေါင်းဟာ ၃၂ ကြိမ်တိတိ အပြောင်းအလဲ ရှိခဲ့တယ်။ အဲဒီ ထဲမှာ အရပ်သား ၀န်ကြီးချူပ်ဟာ (၁၆) ကြိမ်လောက်ပဲ အုပ်ချူပ်ခွင့် ရှိခဲ့တယ်။ အရပ်သားဝန်ကြီးချူပ်တွေဟာ အစိုးရအဖွဲ့ပေါင်း ၂၉ ဖွဲ့နဲ့ ၂၂ နှစ်ကျော်ကျော်လောက်ပဲ အုပ်ချူပ်ခွင့်ရခဲ့ကြတယ်။ စစ်ဘက်ဆိုင်ရာကလာတဲ့ ၀န်းကြီးချူပ်အပြောင်းအလဲကတော့ (၈) ကြိမ်မြောက်အပြောင်း အလဲ ရှိခဲ့ပါတယ်။ အစိုးအဖွဲ့ပေါင်း ၂၈ ခုကို ဦးဆောင်ခဲ့ပြီး၊ နှစ်ပေါင်း ၄၇ နှစ် ကြာအောင် အုပ်ချူပ်ခဲ့တယ်။ အရပ်သားအုပ်ချူပ်ရေးဟာ ၂၂ နှစ် ကျော်လောက်ပဲကြာပြီး၊ စစ်အုပ်ချူပ်တာက ၄၇ နှစ် ကြာခဲ့ပါတယ်။ စစ်ဘက် နှင့် အရပ်ဘက်ဟာ သူတပြန်ကိုယ်တပြန် စေ့စပ်လွယ် ညှိနှိုင်းမှုကို တတ်နိုင်သမျှ ပြုလုပ်နိုင်ခဲ့ကြတယ်။ ကျနော်တို့ မြန်မာနိုင်ငံ နဲ့ ယှဉ်ရင် ထိုင်းနိုင်ငံရဲ့ တိုးတက်မှုဟာ အများကြီးကွာသွားပါပြီ။ အကြိမ်ကြိမ် စစ်တပ်အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပေမယ့် ထိုင်းဟာ တိုးတက်မှုမှာ နောက်ကျမကျန်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်ဟာ စေ့စပ်လွယ် ယဉ်ကျေးမှုရှိတဲ့ ထိုင်းစစ်တပ်ကို အတုယူရမယ်။ ၁၉၇၆ ခုနှစ် ထိုင်းအခြေခံဥပဒေကို ပြန်ပြောရရင် လက်ယာဆန်လွန်းပြီး၊ အကြွင်းမဲ့အာဏာကို ၀န်းကြီးချူပ်ကို အပ်နှင်းပေးထားတယ်။ ဘုရင် ရဲ့ လုပ်ပိုင်ခွင့်ကို လည်းပိုပေးထားခဲ့တယ်။ ဘုရင်ဟာ ၇၆ အခြေခံဥပဒေကရေးဆွဲထားတဲ့ လွတ်တော်တရပ်ထဲမှာ လွတ်တော်အမတ် တွေကို အယောက် ၃၆၀ ထိ ခန့်အပ်ခွင့်ရှိတယ်။ ထိုင်းဘုရင် ရဲ့ လုပ်ပိုင်ခွင့်ကို ၇၆ ခုနှစ်အခြေခံဥပဒေက ပိုပေးထားခဲ့တယ်။ သနင် အစိုးရဟာ လက်ယာသိပ်ဆန်လွန်းတယ်လို့ သူ့ကို ၀န်ကြီးချူပ် အဖြစ် ခန့်အပ်ခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စု ယူဆတယ်။ နောက် သနင်ဟာ အရပ်သားဝန်ကြီးချူပ်ပေမဲ့ အာဏာရှင်ဆန်ခဲ့တယ်။ ထိုင်းစစ်တပ်ရော၊ ပြည်သူရော မကြိုက်နှစ်တော့ဘူးဖြစ်လာတယ်။ သူ့ရဲ့ ၀န်ကြီးချူပ်ဖြစ်မှုဟာ တစ်နှစ်သာ ခံခဲ့တယ်။ ဗိုလ်ချူပ် ကရိုင်စပ်ချွန်မနန်ဦးဆောင်တဲ့ စစ်တပ်ကပဲ အောက်တိုဘာလ (၂၀) ရက် ၁၉၇၇ ခုနှစ်မှာ သနင်ဦးဆောင်တဲ့ အရပ်သားအာဏာရှင် အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့ပြန်တယ်။ ဘုရင် ဘူမီဒေါဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ကရိုင်စပ်နဲ့ ဖြုတ်ချခံဝန်ကြီးချူပ် သနင် တို့ကို သူ့ရဲ့ အတိုင်ပင်ခံကောင်စီဝင်တွေအဖြစ် ခန့်အပ်ပေးခဲ့တယ်။ ဒီ နန်းတော်ဆိုင်ရာ အတိုင်ပင်ခံ ကောင်စီဟာ ထိုင်းမှာ အများက အလေးထား၊ တန်ဖိုးထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ အတိုင်ပင်ခံ ကောင်စီဝင်ဖြစ်ဖို့ဟာ တော်တော်ခဲယဉ်းပါတယ်။ ဒီလို ထိုင်းဘုရင်က သူ့ရဲ့ တော်ဝင်ဆိုင်ရာ အတိုင်ပင်ခံ ကောင်စီအဖွဲ့မှာ ဖြုတ်ချခံ ၀န်ကြီးချူပ်သနင် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်ကရိုင်စပ် တို့ကို ခန့်အပ်တာဟာ တကယ်တော့ တယောက်နဲ့ တယောက် သင့်မြတ်မှုဖြစ်အောင်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ တဘက်မှာ ဒါချီးကျူးတန်ဖိုးထား ရမှာပါ။ ဒါကြောင့် ဘုရင်ကို ထိုင်းလူထုက ကြည်ညိုနေကြတာပါ။ တိုင်းပြည် အခက်အခဲ အကျပ်အတည်း ရောက်လာတိုင်း သူက ဖြေရှင်းပေး၊ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မှုကြောင့် ထိုင်းလူထုက ချစ်ကြည်ညိုနေကြတာပါ။ ၁၉၇၇ ခုနှစ် အခြေခံဥပဒေဟာလည်း ၁၉၇၆ ခုနှစ် အခြေခံဥပဒေကို ပြန်ယူထားတာပါ။ သိပ်ပြီးကြီးကြီးမားမား ပြောင်းလဲခဲ့တာတွေ မရှိခဲ့ပါ။ ၁၉၇၆ ခုနှစ် အခြေခံဥပဒေ နီးပါးလောက်ကို တူနေပါတယ်။ ၁၉၇၈ ခုနှစ် လောက်မှာတော့ ဗိုလ်ချူပ် ကရိုင်စပ်ဟာ ဒီမိုကရေစီ ပိုဆန်တဲ့ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲပါတယ်။ အဲဒီ ၁၉၇၈ ခုနှစ် အခြေခံဥပဒေ မူကြမ်းမှာ လွတ်တော်နှစ်ရပ် ထားရှိဖို့ပါလာပါတယ်။ အောက်လွတ်တော် (house of representatives) နဲ့ အထက်လွတ်တော် (Senate) တို့ဖြစ်ပါတယ်။ အောက်လွတ်တော်ဟာ (၃၀၁) ယောက် နဲ့ အထက်လွတ်တော်ဟာ (၂၂၅) ယောက် ရှိရမယ်လို့ အခြေခံဥပဒေမူကြမ်းမှာ တင်ပြထားပါတယ်။ အဲဒီ ၇၈ ခုနှစ် အခြေခံဥပဒေမှာ ၀န်ကြီးချူပ်ဟာ အထက်လွတ်တော်အမတ်တွေကို ခန့်အပ်ရမယ် လို့ပါရှိတယ်။ နိုင်ငံရေးပါတီဖွဲ့စည်းလှုပ်ရှားခွင့်ကို ပိတ်ပင်ထားတုန်းပဲဖြစ်ပါတယ်။ ဗိုလ်ချူပ် ကရိုင်စပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ လောင်စာ (1979 energy crisis) ပြဿနာကြောင့် ၁၉၈၀ ခုနှစ် ဖေဖော်ဝါရီမှာ နုတ်ထွက်ပေးလိုက်ရတယ်။ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ပရမ်တင်စူလာနွန်ဒါ ၀န်ကြီးချူပ် ဖြစ်လာပါတယ်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ၀န်ကြီးချူပ်အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ထိုင်းသမိုင်းမှာ သူအုပ်ချူပ်တဲ့ခေတ်ကို ဒီမိုကရေစီတ၀က်ပွင့်ထွန်း သောခေတ် လို့ တင်စားပြောဆိုကြပါတယ်။(half fruit democracy era of Thailand)လို့ပြောကြပါတယ်။ ထိုင်းကွန်မြူနစ်တွေ နှင့် ၇၀ ခုနှစ်ဝန်းကျင် တောခို ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီးမြို့ပေါ်ပြန်ခေါ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တော့ ချတ်ထိုင်းပါတီခေါင်းဆောင် ချတ်တီချိုင်းချွန်ဟာဗန် ၀န်ကြီးချူပ်ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ်ကတည်းက စစ်တပ်ကြီးစိုးနေဆဲဖြစ်တဲ့ထိုင်းနိုင်ငံဟာ အရပ်သားအရွေးချယ်ခံ အမတ်တစ်ယောက် ၀န်ကြီးချူပ်ဖြစ်လာတာဟာ ထိုင်းရဲ့ ဒီမိုကရေစီသွားမယ့်လမ်းကြောင်းကို တွန်းတင်လိုက်သလိုပါပဲ။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ချတ်တီချိုင်းအစိုးရဟာ တကယ့် အရေးကြီးသော နိုင်ငံတော်ပိုင်းဆိုင်ရာ စီးပွားရေး၊နိုင်ငံရေးတို့ကို ဆုံးဖြတ်ခွင့်မှာ စစ်တပ်ရဲ့ ဗီတို သုံးခွင့်ရှိခဲ့သောကြောင့် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်လုပ်ပိုင်ခွင့်မရရှိခဲ့ကြပါ။ ၁၉၉၀ ခုနှစ်ပိုင်းကစပြီး ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် စပိုင်းမှာ ချတ်တီချိုင်းအစိုးရကို လာဘ်စားမှုတွေနဲ့ အကြီးအကျယ်ဝေဖန်လာပါတော့တယ်။ တကယ်တော့ တက်လာသမျှ ထိုင်းအစိုးရများဟာ လာဘ်စားမှုတွေနဲ့ အနည်းနဲ့အများ ပတ်သက်ခဲ့ကြပါတယ်။ လာဘ်စားပေမယ့်လည်း သူတို့လုပ်ရမယ့် စီးပွားရေး၊ နိုင်ငံရေးပိုင်းတွေကို ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ နောက်ကျမကျန်ခဲ့ပါ။ နောက်ထပ် စစ်အာဏာသိမ်းမှုကို တာဆူဖို့ဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလမှာ ထိုင်းစစ်တပ်ခေါင်းဆောင်ပိုင်းဦးဆောင်တဲ့ နိုင်ငံတော် ငြိမ်းချမ်းမှုထိမ်းသိမ်းရေးကောင်စီ(National Peace Keeping Council: NPKC) ဆိုတဲ့ အမည်နဲ့ အာဏာသိမ်းပါတော့တယ်။ ၁၉၉၁ခုနှစ်ဖေဖော်ဝါရီအာဏာသိမ်းမှုကို ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်စုချင်ဒါကရာပရာယွန် နဲ့ ဗိုလ်ချူပ် စွန်သုန်ကုန်ဆုန်ပုန် တို့ဦးဆောင်ခဲ့ကြတယ်။ ၁၉၉၁ ခုနှစ် အခြေခံဥပဒေမှာ ရွေးချယ်ခံအမတ်မဟုတ်တဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းဟာလည်း ၀န်ကြီးချူပ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ထည့်သွင်းရေးဆွဲခဲ့ ပါတယ်။ ဒါကြောင့်အဲဒီ အခြေခံဥပဒေကို ပညာတတ်လူလတ်တန်းစားက ဆန့်ကျင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် ၁၉၉၁ ခုနှစ် နိုဝင်ဘာလမှာ လူပေါင်း ငါးသောင်းကျော်ဟာ သမ္မာစပ်တက္ကသိုလ်ရှေ့မှာရှိတဲ့ ဆနန်လွန်လို့ခေါ်တဲ့ မြေကွက်လပ်မှာ ၁၉၉၁ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ဒီဇင်ဘာလ ထိုင်းဘုရင်မွေးနေ့ပွဲမှာ ထိုင်းဘုရင်က ၁၉၉၁ ခုနှစ် အခြေခံဥပဒေကို လက်ခံဖို့ ထိုင်းပြည်သူတွေကို တိုက်တွန်းပြောဆိုခဲ့တယ်။ အာဏာသိမ်းစစ်တပ်ဟာ ၁၉၉၂ ခုနှစ် မတ်လမှာ ရွေးကောက်ပွဲလုပ်ပေးဖို့ ကတိပေးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၀န်ကြီးချူပ်အဖြစ် သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ အာနန်ပရာယာချွန်ကို ခန့်အပ်ပါတယ်။ အာနန်ဟာ အရပ်သား ၀န်ကြီးချူပ်ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ သြဇာလွမ်းမိုးမှုကို လွတ်ကင်းအောင် လုပ်နိုင်စွမ်းမရှိခဲ့ပါ။ ၁၉၉၂ ခုနှစ် မတ်လရွေးကောက်ပွဲမှာ အာနန်လည်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အမတ်နေရာ ရရှိခဲ့ကြတဲ့ ပါတီ ငါးခုက ဗိုလ်ချူပ်စုချင်ဒါကရာပရာယွန်ကို ညွန့်ပေါင်းအစိုးရရဲ့ ၀န်းကြီးချူပ်အဖြစ် ခန့်အပ်ခဲ့တယ်။ ၁၉၉၂ခုနှစ် ဧပြီလမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စုချင်ဒါ ၀န်ကြီးချူပ်ဖြစ်လာပါတယ်။ နဂိုကတည်းက ၉၁ ခုနှစ် အခြေခံဥပဒေအပေါ် ကျေနပ်မှုမရှိခဲ့တဲ့ ပညာတတ်လူလတ် တန်းစားတွေဟာ ဗိုလ်ချူပ်စုချင်ဒါကရာပရာယွန် ၀န်ကြီးချူပ်ဖြစ်လာမှုကို အကြီးအကျယ် ဆန့်ကျင်လာပါတော့တယ်။ ဗိုလ်ချူပ်စုချင်ဒါကရာပရာယွန် ဦးဆောင်တဲ့အစိုးရဟာ မေလမှာ ဆန္ဒပြဆန့်ကျင်တဲ့ ထိုင်းပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းပစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြမှုဟာ တန့်မသွားခဲ့ပါ။ ပိုလို့ ပြင်းထန်ပေါက်ကွဲလာပါတော့တယ်။ အရှိန်အဟုန်လည်း ပိုမိုကြီးမား ကျယ်ပြန့်လာပါတော့တယ်။ ဒါကြောင့် ဗိုလ်ချူပ်စုချင်ဒါကရာပရာယွန် ဦးဆောင်တဲ့ အစိုးရဟာ နှုတ်ထွက်ပေးခဲ့ရပါတော့တယ်။ ၁၉၉၂ ခုနှစ် မေလ ဟာ ထိုင်းသမိုင်းမှာ သွေးစွန်းသောမေ (bloody May) လို့ ထင်ရှားပါတယ်။ အဲဒီ မေ အရေးအခင်းကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ပို၍ ဖြောင့်ဖြူးလာပါတော့တယ်လို့ ဆိုရမှာပါ။ နောက် ရွေးကောက်ခံ အစိုးရတွေဖြစ်ထွန်းလာပါတော့တယ်။ ဘာဟန် အစိုးရအဖွဲ့၊ ချာဗာလစ် အစိုးရအဖွဲ့၊ ချွန်လိပိုင် အစိုးရအဖွဲ့ ဆိုတဲ့ အရပ်သားအစိုးရတွေ ပေါ်ပေါက်ခွင့်ရလာပါတော့တယ်။ ချွန်လိပိုင်လက်ထက် ၁၉၉၇ ခုနှစ်မှာ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပါတော့တယ်။ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရစ်တစ် ပုံစံမျိုးဖြစ်အောင် ရေးဆွဲဖို့ကြိုးစားပြင်ဆင်ပါတော့တယ်။ ချွန်ဟာ ရှိခဲ့သမျှသော ထိုင်းဝန်ကြီးချူပ်တွေထဲမှာ အရိုးသားဆုံးနဲ့ သန့်ရှင်းမှုအရှိဆုံး ပုဂ္ဂိုဟ်တယောက်ပါ။ ဒါကြောင့် သူ့ကို ချစ်စနိုးနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက မစ္စတာကလင်း (Mr.clean) လို့ခေါ်ကြတာပါ။ ၁၉၉၇ ခုနှစ် အခြေခံဥပဒေဟာ လူထုရဲ့အခွင့်အရေးတွေကို ပိုပေးလာခဲ့ပါတယ်။ အစိုးရရဲ့ ဗဟိုချူပ်ကိုင်မှုအာဏာကို လျော့ချခဲ့ပါတယ်။ ချွန် အစိုးရပြီးတော့ သက်ဆင်ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး၊ ၀န်းကြီးချူပ်ဖြစ်လာပါတယ်။ သက်ဆင် အစိုးရလက်ထက်မှာ ထိုင်းဟာ စီးပွားရေးအရ တော်တော်တိုးတက်ခဲ့ပါတယ်။ ချွန် အစိုးရလက်ထက်မှာ ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းဖြစ်ခဲ့လို့ ထိုင်းဟာ စီးပွားရေးမှာ တော်တော်အထိနာခဲ့ပါတယ်။ အဲဒီ အချိန်က ထိုင်းစီးပွားရေးဟာ နိုင်ငံတကာ ငွေကြေးကစားသူတွေအတွက် မျက်စိကျစရာဖြစ်ခဲ့ပါတယ်။ ထိုင်း စတော့ရှယ်ယာဟာလည်း တွတ်ချက်ခန့်မှန်းရလွယ်ကူပြီး၊ အမြတ်အစွန်းရဖို့အတွက် ငွေကြေးကစားဖို့ လွယ်ကူခဲ့ပါတယ်။ ဒါကြောင့် ထိုင်းဟာ ၉၇ ခုနှစ် အာရှစီးပွားရေးအကျပ် အတည်းမှာ အထိအနာဆုံးဖြစ်ခဲ့ပါတယ်။ စီးပွားရေး အကျပ်အတည်းက ရုန်းထွက်ဖို့အတွက် ကမ္ဘာ့ဘဏ်ဆီက နည်းပညာအကူအညီနဲ့ ချေးငွေကို ရယူခဲ့ရပါတယ်။ သက်ဆင်အစိုးရလက်ထက်မှာတော့ ထိုင်းဟာ ၁၉၉၇ ခုနှစ်ကတည်းက တင်၇ှိနေတဲ့ နိုင်ငံတကာ ချေးငွေတွေကို ပြန်လည်စပ်ယူနိုင်ခဲ့ပါတယ်။ သက်ဆင် ၀န်ကြီးချူပ်မဖြစ်ခင်က သူဟာ shin corporation နဲ့ AIS: Advanced Info Service ဆိုတဲ့ ကုမဏ္ဏီတွေကို ပိုင်ဆိုင်တဲ့ သူကြွယ်တဦးပါ။ Thai Rak Thai (TRT) ဆိုတဲ့ ထိုင်းချစ်သောထိုင်းဆိုတဲ့ ပါတီကို ထူထောင်ပြီး၊ ၂၀၀၁ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ရောက်ပြီး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူ့လက်ထက်မှာတော့ သူဟာ CEO style government ပုံစံမျိုးနဲ့ နိုင်ငံတော်ပိုင်းဆိုင်ရာ အုပ်ချူပ်ရေး၊ စီးပွားရေးတို့ကို စီမံခန့်ခွဲတယ်လို့ ဆိုပါတယ်။ သူ မဲဆွယ်စဉ် ကာလက ကတိပေးခဲ့တဲ့အတိုင်း တစ်ရွာ၊ ဘတ်တစ်သန်းစီမံကိန်းကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲဝယ်ခဲ့တယ်ဆိုတဲ့ အငြင်းပွားမှုတွေ လည်းရှိခဲ့ပါတယ်။ OTOP လို့ ခေါ်တဲ့ One Tambon One Product ကျေးလက်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုစီမံကိန်းတွေကို စတင်ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ သူ့လက်ထက် ထိုင်းနိုင်ငံရဲ့ အဆင်းရဲဆုံးကျေးလက်ဒေသတွေရဲ့ ၀င်ငွေဟာ ၄၀ ရာခိုင်နှုန်း အထိတက်ခဲ့တယ်။ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမှု အတိုင်းအတာ ပမာဏကို လျော့ချနိုင်ခဲ့တယ်။ ဘတ် ၃၀ ကျန်းမာရေးစီမံကိန်းကို ဆင်းရဲသားလူန်းစားတွေ အတွက် ပုံစံတစ်မျိုးနဲ့ လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီစီမံကိန်းကို ကျန်းမာရေး ၀န်းထမ်းဆရာဝန်တွေ နဲ့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ လုံလောက်တဲ့ ထောက်ပံ့မှုဟာနည်းပါးတဲ့အတွက် ဆရာဝန်တော်တော်များများ မနိုင်တဲ့ ၀န်ထမ်းရတဲ့အတွက် တစ်ခြားလစာကောင်းကောင်းရတဲ့ နယ်ပယ်ကိုပြောင်းရွှေ့ခဲ့ကြတယ်။ သက်ဆင် အစိုးရလက်ထက်မှာ နှစ်သန်းကျော်သော ရွှေ့ပြောင်းနိုင်ငံခြားသား အလုပ်သမားတွေကိုလည်း ဘတ် ၃၀ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်စေခဲ့ပါတယ်။ ဒါကြောင့် နယ်စပ်က ကျနော်တို့ မြန်မာ အလုပ်သမားတွေ ဈေးသက်သက်သာသာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိခဲ့ပါတယ်။ သက်ဆင်လက်ထက်မှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် အလုပ်သမားကတ်ကို ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာတွေ (မြန်မာ အတိုက်အခံတွေပါ ပါဝင်ပါတယ်) အလုပ်သမားကတ်ကြောင့် ထိုင်းရဲရဲ့ ဖမ်းဆီးမှုကို မကြောက်ရတော့ပါ။ သက်ဆင်ရဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားကတ်နဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီရဲ့ အလုပ်သမားရေးရာကော်မတီမှ ပုန်ဆပ်က အကြီးအကျယ် ကန့်ကွက်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ကတ် ထုတ်ပေးခြင်းဟာ ထိုင်းတွေအတွက် အလုပ်အကိုင်ရှားပါးမှုပြဿနာပိုပြီးကြီးမားလာလိမ့်မယ် ဆိုပြီးဝေဖန် ကန့်ကွက်ခဲ့တယ်။ နောက် အိမ်နီးချင်းနိုင်ငံခြားသားတွေဟာ ရာဇ၀တ်မှုတွေ ပိုမို ကျူးလွန်လာကြလိမ့်မယ်ဆိုပြီး မဆီမဆိုင် ရမ်းမှန်းပြီး ပြောဆိုဝေဖန်ခဲ့တယ်။ သက်ဆင်လက်ထက်တွင် မူးယစ်ဆေးဝါးနှိမ်နှင်းရေးစီမံကိန်းကြောင့် ခုနှစ်ပတ် အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေလို့ သံသယရှိတဲ့ လူပေါင်း ၂၇၀၀ ကျော်ကျော် လောက်ဟာ ထိုင်းရဲရဲ့ သုတ်သင်မှုကို ခံခဲ့ရတယ်။ လာဘ်စားမှုပပျောက်ရေး၊ ပညာရေးဆိုင်ရာ ပေါ်လစီ၊ စွမ်းအင်ဆိုင်ရာပေါ်လစီတွေကို တတ်နိုင်သလောက် အကောင် အထည်ဖော်နိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်ပိုင်း၊ ၂၀၀၆ ခုနှစ်အတွင်းတွင် သူ့ရဲ့ နိုင်ငံရေးဟာ အကျပိုင်းကိုရောက်လာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ၀န်းကြီးချူပ်အဖြစ် ဒုတိယ သက်တမ်းမှာ မီဒီယာနဲ့ သတင်းလွတ်လပ်ခွင့်တွေကို ပိတ်ပင်လာခဲ့တယ်။ သက်ဆင်ဟာ ယူအင်နဲ့ ပတ်သက်ပြီး ခေါင်းဆောင်မဆန်တဲ့ ရိုင်းစိုင်းတဲ့ သံတမန်မဆန်တဲ့ အရပ်သား အသုံးအနှုန်းကို သုံးခဲ့တယ်။ UN is not my father ဆိုတဲ့ အသုံးအနှုန်းလိုဟာမျိုးကို ပြောခဲ့တယ်။ သူ့ရဲ့ပါတီဟာ မဲအပြတ်အသတ်နိုင်ခဲ့တဲ့အတွက် ကွန်ဂရက် လွတ်တော်ကို အုပ်စိုးနိုင်ခဲ့တယ်။ (Parliamentary dictatorship) လို့ခေါ်ပါတယ်။ ဒါကြောင့် တစ်ခြားအတိုက်အခံပါတီတွေဟာ ဘာမှလုပ်ပိုင်ခွင့်၊ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်တွေ မရှိတော့ဘူးဖြစ်လာပါတယ်။ ကြီးမားတဲ့ အုပ်ချူပ်ရေးပိုင်းဆိုင်ရာ ရာထူးကြီးတွေမှာ သူ့ရဲ့ ဆွေမျိုးမကင်းတဲ့ လူတွေကို အစားထိုးလာခဲ့ပါတယ်။ ဥပမာ သက်ဆင်ဟာ ပထမသက်တမ်းဝန်ကြီးချူပ်ကာလမှာ ညီဝမ်းကွဲ ဗိုလ်ချူပ် ချိုင်ရာစစ်ရှင်နာဝါထရာကို ကာကွယ်ရေးစစ်ဦးစီးချူပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ တောင်ပိုင်းထိုင်းမူဆလင် ပုန်ကန်မှုဖြစ်လာ တော့ မူဆလင်ဘာသာဝင်ဖြစ်တဲ့ ဗိုလ်ချူပ် ဆွန်သီဘွန်ရာရပ်ဂလင် ကို ကာကွယ်ရေး စစ်ဦးချူပ်အဖြစ်ခံအပ်ခဲ့တယ်။ သူ့ရဲ့ ဒုတိယ သက်တမ်းကာလမှာ သူ့မိသားစုပိုင် ရှင်းကုမဏ္ဏီရဲ့ ငွေကြေးကြွယ်ဝမှုဟာ ကြောက်ခမန်းလိလိ ကြွယ်ဝချမ်းသာလာတော့တယ်။ သူ ၀န်ကြီးချူပ်ဖြစ်လို့ သူ့မိသားစုပိုင် ရှင်းကော်ပရေးရှင်းဟာ စီးပွားရေးမှာ လုပ်ပိုင်ခွင့်တွေပိုမို ရရှိခဲ့တယ်။ ပါလီမန်ကို အာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်ထားနိုင်မှု၊ သူ့မိသားစုပိုင် ကုမဏ္ဏီတွေရဲ့ အဆမတန်ကြွယ်ဝချမ်းသာလာမှု၊ သူ့ကို ဝေဖန်တဲ့ မီဒီယာနှင့် သတင်းစာတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လာမှု၊ ဘန်ကောက်နေ လူလတ်တန်းစားတွေရဲ့ သက်ဆင်ဆန့်ကျင်သောလှုပ်ရှားမှု၊ People's Alliance for Democracy:PAD လှုပ်ရှားမှု တွေဟာ နောက်ထပ် ၁၉ စက်တင်ဘာ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုဆီကို ဦးတည်ခဲ့တော့တယ်။ တက်ဆင် ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားနေစဉ်မှာ သွေးမြေမကျတဲ့ အာဏာသိမ်းမှုကို သူခန့်အပ်ခဲ့တဲ့ တောင်ပိုင်းမွတ်ဆလင် အုံကြွမှုကို ကိုင်တွယ်ဖို့အတွက် မွတ်ဆလင်ဘာသာဝင်ဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ဆွန်သီဘွန်ရာရပ်ဂလင် ဦးဆောင်ပြီး အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းစစ်အုပ်စုဖွဲ့တဲ့ Council for National Security မှ ဗိုလ်ချူပ်ကြီးဟောင်း ဆူရာယွတ်ချူလာနွန် ကို ယာယီ ၀န်ကြီးချူပ်အဖြစ် ဘုရင့်ထောက်ခံမှုကို ယူပြီး ခန့်အပ်ခဲ့ပါတယ်။ CNS အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ၉၇ ခုနှစ် အခြေခံဥပဒေကို တစ်နှစ်အတွင်း ပြန်ပြင်ဆင်ရေးဆွဲပြီးတာနဲ့ ရွေးကောက်ပွဲကို လည်း တစ်နှစ်အတွင်းပြန်လည်ကျင်းပပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီနေရာမှာ မြန်မာ စစ်တပ် နဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်ပါ၊ ထိုင်းစစ်တပ် နဲ့ မြန်မာစစ်တပ်ဟာ စိတ်နေစိတ်ထား မြင့်မြတ်မှု အဆင့်အတန်း အများကြီးကွာ သွားပါပြီ။ ထိုင်းစစ်တပ် အကြီးအကဲကနေ နိုင်ငံတော် ၀န်ကြီးချူပ်ဖြစ်လာကြတဲ့ သူတော်တော်များများဟာ ချူလာချူန်ကလောင် တော်ဝင်စစ်တပ် အကယ်ဒမီ (Chulachomklao Royal Military Academy) ဆင်းတွေဖြစ်ကြတာများပါတယ်။ အဲဒီ တော်ဝင်စစ်တပ် အကယ်ဒမီကျောင်းဟာ သိပ်ပြီး စစ်စည်းကမ်းရိုသေရပြီး၊ နိုင်ငံရေး၊ စစ်ရေး နှင့် သိပ္ပံရေးရာတွေကို အပြင်းအထန် လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းပါ။ ကမ္ဘာမှာ နာမည်ကြီးတဲ့ စစ်ကျောင်းတွေနဲ့ ယှဉ်လို့ရပါတယ်။ "A" list ရှိတဲ့ စစ်ကျောင်းတကျောင်းပါ။ ယာယီ ၀န်ကြီးချူပ် ဆူရာယွတ်ချူလာနွန် ကလည်း အဲဒီ စစ်ကျောင်းထွက်တယောက်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ အတွက် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်မှာ ဘုရင့် အတည်ပြုချက်ကို ရယူပြီး လူထုညီလာခံလုပ်ဖို့အတွက် (National Assembly) အဖွဲ့ဝင် အယောက်နှစ်ထောင်ကို ခန့်အပ်ခဲ့တယ်။ ၁၉ သြဂုတ်လ ၂၀၀၇ ခုနှစ်မှာ လူထုဆန္ဒခံယူပွဲလုပ်ပြီး ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ ဆန္ဒခံယူပွဲမှာ အခြေခံဥပဒေ အသစ်ဟာ ၅၇ ရာခိုင်နှုန်းရရှိခဲ့တဲ့အတွက် အတည်ဖြစ် သွားတယ်။ ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို permanent constitution လို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီ အခြေခံဥပဒေမှာ parliamentary dictatorship လိုဟာ မျိုးထပ်ပြီး မဖြစ်ပေါ်ဖို့အတွက် ၀န်ကြီးချူပ်ကို အများဆုံး ဒုတိယ အကြိမ် သက်တမ်းအထိပဲ ထမ်းဆောင်ဖို့၊ ၀န်ကြီးချူပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းနိုင်ရန် လွယ်လင့်တကူဖြစ်ဖို့ အတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ။ နောက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို လွတ်ငြိမ်းခွင့်ကိုလည်း ၂၀၀၇ခုနှစ် အခြေခံဥပဒေမှာ ပြဌာန်းပေးခဲ့ပါတယ်။ ဒီ အခြေခံ ဥပဒေဟာလဲ ဘယ်လောက်အထိ ခံမယ် ဆိုတာ စောင့်ကြည့်ရမှာပါ။ ၁၉၉၇ ခုနှစ် အခြေခံဥပဒေမှာ ဥပဒေပြုအောက်လွတ်တော် အမတ် ၅၀၀ ထဲမှ အယောက်နှစ်ရာရှိမှ ၀န်ကြီးချူပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းလို့ရပါတယ်။ CNS အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်ကြီး ဆွန်သီက အယောက် တစ်ရာ ရှိခဲ့ရင် အယုံအကြည်မရှိ အဆိုကို တင်သွင်းနိုင်သင့်တယ်လို့ အဆိုပြုခဲ့တယ်။ အဲဒီ အဆိုဟာ အတည် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခြေခံဥပဒေအသစ်ဟာ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ကို မဖြစ်ပေါ်စေဘူးလို့ ပညာရှင်တော်တော်များများက ဝေဖန်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် အခြေခံဥပဒေ အသစ်မှာ သက်ဆင်လက်ထက်မှာ လုပ်ခဲ့သလို ပါတီတွေ အချင်းချင်း ပူးပေါင်းပြီး၊ စွမ်းအားကြီးမားတဲ့ ပါတီတစ်ခုတည်းဖြစ်အောင် လုပ်သလိုမျိုး လုပ်လို့မရအောင် တားဆီးတဲ့ ဥပဒေကို အခြေခံဥပဒေအသစ်ထဲမှာ ပြဌာန်းခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် အတွင်းမှာ ထိုင်းနိုင်ငံမှာ ကြီးမားတဲ့ ပါတီကြီး နှစ်ခုဖြစ်တဲ့ Democrat party နဲ့ Thai Rak Thai (Thaksin's party) တို့ဟာ တရားရုံးမှာ ရွေးကောက်ပွဲ ဥပဒေတွေ ငြိစွန်းမှုရှိမရှိကို စစ်ဆေးခံရတယ်။ ရွေးကောက်ပွဲ ဥပဒေတွေချိုးဖောက်တဲ့လုပ်ရပ် (မဲဝယ်မှုတွေ အပါအ၀င်) တွေရှိခဲ့ရင် ပါတီကို ဖျက်သိမ်းရမှာပါ။ Democrat party ကတော့ ငြိစွန်းမှုမရှိလို့ ပါတီကို မဖျက်သိမ်းခဲ့ရပါ။ Thai Rak Thai party ကတော့ (၃၀) မေလ ၂၀၀၇ ခုနှစ်မှာ ဖျက်သိမ်းခဲ့ရပါတယ်။ Thai Rak Thai party ရဲ့ ဦးဆောင် ကော်မတီဝင် ၁၁၁ ယောက်ကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို ငါးနှစ်အထိ တားမြစ်ခံခဲ့ရတယ်။ အခြေခံဥပဒေ အတည်ဖြစ်တာနဲ့ ဒီဇင်ဘာလ (၂၃) ရက် ၂၀၀၇ ခုနှစ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါတီပေါင်း (၇)ခု ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ People's Power Party က မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်နေရာ (၄၀၀) မှာ (၁၉၉) နေရာ၊ Democrat party က (၁၃၂) နေရာ၊ Chat Thai party က (၃၃) နေရာ၊ Phak Pua Paendin Party (for the motherland) က (၁၇) နေရာ၊ Ruam Jai Thai Chat Pattana (Thais United National Development Party) က (၈) နေရာ၊ Phak Matchima Thippathai (Neutral Democratic Party) က (၇) နေရာ၊ Paracha Raj Party (Royal People Party) က (၄) နေရာ အနိုင်ရရှိခဲ့ကြတယ်။ ပါတီက တင်သွင်းတဲ့ မဲဆန္ဒနယ်ဆိုင်ရာ အချိုးကျ (Party list candidates) အောက်လွတ်တော် (ခေါ်) ဥပဒေပြုလွတ်တော်ကိုယ်စားလှယ် နေရာ ပေါင်းဟာ (၈၀) နေရာရှိပါတယ်။ Proportional candidates လို့လည်းခေါ်ပါတယ်။ အဲဒီ မဲဆန္ဒနယ်ဆိုင်ရာ ပါတီ အချိုးကျ လွတ်တော်ကိုယ်စားလှယ် နေရာ (၈၀)မှာ People's Power Party က (၃၄) နေရာ၊ Democrat party က (၃၃) နေရာ၊ Chat Thai party က (၄) နေရာ၊ Phak Pua Paendin Party (for the motherland) က (၇) နေရာ၊ Ruam Jai Thai Chat Pattana (Thais United National Development Party) က (၁) နေရာ တို့ကို အနိုင်ရရှိခဲ့ကြပါတယ်။ PPP ဟာ ဒီမိုကရစ် ပါတီမှလွဲ၍ တစ်ခြားမဲဆန္ဒနယ် အနိုင်ရပါတီ (၅)ခုနဲ့ ညွှန့်ပေါင်းဖွဲ့နိုင်ခဲ့တယ်။ ဒါကြောင့် ppp ပါတီခေါင်းဆောင် ဆာမတ်ဆွန်ဒါရာဗတ်ခ်ျဟာ ထိုင်းနိုင်ငံရဲ့ (၃၃) ယောက်မြောက် ၀န်ကြီးချူပ်ဖြစ်လာပါတယ်။ ppp ပါတီရဲ့ ပေါ်လစီ ၀ါဒ တွေဟာ အရင် သက်ဆင်ရဲ့ ပါတီဖြစ်တဲ့ ထိုင်းရပ်ခ်ထိုင်းပါတီရဲ့ ပေါ်လစီတော်တော်များကို အခြေခံထားပါတယ်။ ၀န်ကြီးချူပ်သစ် ဆာမတ် ဟာ အစိုးရသစ်ကို ထိုင်းတပ်မတော် ခေါင်းဆောင်တွေနဲ့ အတူ ဦးဆောင်သွားနိုင်၊ မသွားနိုင် ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ CNS အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှ အနိုင်ရပါတီရဲ့ ၀န်ကြီးချူပ်ရဲ့ အစိုးရအဖွဲ့ကို သစ္စာခံမှာပဲဖြစ်တယ် ppp ပဲ တက်တက်၊ ဘယ်ပါတီပဲ တက်တက် သူတို့ဟာ အဲဒီ အစိုးရသစ်ကို သစ္စာစောင့်သိမှာပဲ ဖြစ်တယ်ဆိုတာကို ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အတိအလင်းပြောဆိုခဲ့ပြီးသားဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက နအဖ စစ်တပ်နဲ့ ဘယ်လောက်ကွာလဲဆိုတာ စာဖတ်သူ မြန်မာပြည်သား တယောက် အနေနဲ့ စဉ်းစားကြည့်စရာကို မလိုတော့ပါ။ ကျနော်ဒီစာကို ကိုးကားတင်ပြ ရေးသားထားခြင်းဟာ တစ်ဖက်ထိုင်းနိုင်ငံရဲ့ အကြိမ်ကြိမ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ သူတို့ တိုင်းပြည် ခေတ်နောက်မကျအောင် ထမ်းရွက်နိုင်ခဲ့ကြပါတယ်။ တစ်ဖက် အရပ်သား အတိုက်အခံတွေရဲ့ စေ့စပ်ညှိနှိုင်းမှုကို လက်ခံခဲ့ကြတယ်။ ပြည်သူ့ ဆန္ဒ အစစ်အမှန်ကို မျက်ကွယ်ပြုပြီး အာဏာအတွက် ခေါင်းမမာခဲ့ကြပါ။ ကျနော်တို့ မြန်မာပြည်က စစ်တပ်ဟာ ၆၂ ခုနှစ် နေ၀င်းဦးဆောင်တဲ့ လက်တဆုပ်စာ လူတန်းစားအတွက် အာဏာသိမ်းတယ်၊ နောက် (၂၆) နှစ်ကြာအောင် နိုင်ငံကို ဆင်းရဲမွဲတေအောင် အုပ်ချူပ်သွားခဲ့တယ်။ နောက် လက်သစ် စစ်အာဏာရှင်တစ်စုဟာ စက်တင်ဘာ (၁၈)ရက် ၁၉၈၈ ခုနှစ် မှာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွဲခဲ့တယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကိုလည်း လျစ်လျူရှူဖို့ ကြိုးစားနေဆဲလည်းဖြစ်တယ်။ ကိုယ်ပေးခဲ့တဲ့ ကတိစကားကိုလည်း ဖျက်ဖို့ရာ ၀န်မလေးကြဘူး။ အခု တိုင်းပြည်ကို ပြန်ကြည့်သင့်ပါတယ်။ စစ်တပ်တခုလုံးဟာ လက်တဆုပ်စာ နအဖ စစ်ဘုရင်ရူး၊ အာဏာရူး၊ ဥစ္စာရူး လူတန်းစားတွေ အတွက် မဖြစ်သင့်ပါ။ ကျနော်ယုံကြည်နေတယ်၊ တော်လှန်ရဲတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်တို့လို မျိုးချစ် သူရဲကောင်း စစ်သားစစ်စစ်တွေ တပ်မတော်ထဲမှာ ရှိနေကြပါတယ်။ အဖက်ဖက် ယိုယွင်း ပျက်ဆီးနေတဲ့ နိုင်ငံကို ကယ်တင်ဖို့ နဲ့ လက်တဆုပ်စာ အာဏာရူး၊ ဥစ္စာရူး နအဖ စစ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့၊ ပြည်သူတွေတောင်းတနေသော ပြည်သူ့ ဒီမိုကရေစီ စစ်စစ်ကို ဖော်ဆောင်ဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း ယုံကြည်မျှော်လင့်အားကိုးစွာ တိုက်တွန်းအပ်ပါတယ်။

    ကိုးကားစုစည်းတင်ပြသူ-
    ရဲကျော်အောင် (မန္တလေး)
    ဖေဖော်ဝါရီ (၁)ရက်၊ ၂၀၀၈။

    ကိုးကားစာအုပ်များ နှင့် အင်တာနက်စာမျက်နှာ--
    • The Thai Government and Economy (Public Relations Department, Office of the Prime Minister)
    • A window on Thai History (B.J.Terwiel, Editions Duang Kamol, Bkk)
    • Prehistory of the Indo-Malaysian Archipelago (Sydney: Academic press, 1985)
    - http://en.wikipedia.org/wiki/Thai_constitution
    - http://en.wikipedia.org/wiki/Suchinda_Kraprayoon
    - http://en.wikipedia.org/wiki/Thaksin
    - http://en.wikipedia.org/wiki/Thailand_political_crisis_2005-2006
    Posted by အရာရာ at 11:16 AM

    0 comments:

    Post a Comment

    Newer Post Older Post
    Subscribe to: Post Comments (Atom)
    @ 2011 အရာရာ; Many thanks to: Blogger Templates / Web Design Company / Web Hosting India / Technology Blog