Friday, February 8, 2008
In:
ကဗျာ
“ဟောင်းနွမ်ခြင်းရဲ့ တဘက်မှာ”
ငွေတွေလည်းကုန်
လူတွေလည်းအို
တနေ၀င် တနေထွက်တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ။
နှစ်ထောင့်ခွန်ဆိုတဲ့ နှစ်တစ်နှစ်ဟာလဲ
ဟောင်းနွမ်းတဲ့ အတိတ်နှင့်အတူ
ကျန်ရစ်ခဲ့လေပြီး………။
မျှော်လင့်ချက်ခရီးရှည်ဟာလည်း
ဝိုးတ၀ါး လမ်းတ၀က်မှာ
အရောင် ဖျော့ဖျော့ ပျောက်လုနေပြီ…….။
ခရောင်းလမ်းကို
လျှောက်လှမ်းခဲ့တဲ့ ခြေအစုံဟာ
“မနာ” နိုင်တော့မှန်းသိပေမဲ့
ရှေ့ဆက်လျှောက်ဖို့ အားအင်တွေက
“နေ” ညိုညိုနှင့်အတူ
အနောက်အရပ်ကို တဖန်ဝင်သွားပြန်ပြီ……..။
နောက် တနေ့တာ နေထွက်ချိန်ကို
ရယ်မောခြင်းနှင့်အတူ
ကြိုဆိုနိုင်ဖို့ …………
ငါ…… အားတင်းထာမိပြန်တယ်……။
ဒီ သံတရာ ခရီးရှည်ကို
ပြီးဆုံးသည်အထိ
ငါ……… လျှောက်လှမ်းနေဦးမှာပါ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment